BREAKING
September 19, 2024

နိုင်ငံရေး

အမြောက်ပစ်ခတ်လေ့ကျင့်ရန် ရေကြောင်းသတိပေးချက် ထုတ်ပြန်

diz_admin

February 22, 2021

အမြောက်ပစ်ခတ်လေ့ကျင့်ရန်အတွက် ရေကြောင်းသတိပေးချက် တစ်ခုကို ထုတ်ပြန်ထားကြောင်း တနင်္သာရီတိုင်း ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဇာနည်ကျော်ကျော် က အတည်ပြု ပြောကြားသည်။ ပစ်ခတ်လေ့ကျင့်မည့်နေရာနှင့် အချိန်တို့မှာ ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၂ ရက်အထိ တနင်္သာရီကျွန်းအနောက်ဘက်၊ အော်ရီယိုကျွန်း အနောက်ဘက် နှင့် ခရစ္စတီကျွန်းအနောက်ဘက်၊ ၂၂ ရက်မှ ၂၅ ရက်အထိ စူဠာကျွန်းအနောက်ဘက်၊ ၂၅ ရက်မှ ၂၈ ရက်အထိ ကျွန်းမဲကြီးကျွန်းအနောက်ဘက်နှင့် သံကျွန်း အနောက်ဘက်၊ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၃ ရက်အထိ ဂျလန်းကျွန်း အနောက်ဘက် ရေပြင်ကို ပစ်ခတ် လေ့ကျင့်မည်ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ထားသည်။ အမြောက်ပစ်ခတ်လေ့ကျင့်မည့် အထက်ပါနေရာများတွင် ရေယာဉ်ကြီး/ ငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းလှေများ၊ […]

တိုင်းအစိုးရအဖွဲ့ဝင်များ နေအိမ်အကျယ်ချုပ်မှ လွတ်

diz_admin

February 22, 2021

တပ်မတော်အာဏာသိမ်းပြီးနောက် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံထားရသည့် တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝင်များကို ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း မိသားစုဝင် အချို့ထံမှသိရသည်။ အာဏာသိမ်းပြီးနောက် တိုင်းလွှတ် တော်ဥက္ကဋ္ဌ အပါအဝင် တိုင်းအစိုးရ အဖွဲ့ဝင်ဝန်ကြီးအချို့ကို တပ်စခန်းများ တွင်ဖမ်းဆီးထားခဲ့သည်။ ထိုနောက် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ၎င်းတို့ကို တိုင်းအစိုးရအဖွဲ့ဝန် ကြီးများအိမ်ရာဝင်းအတွင်း နေအိမ် အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။ ရွေးကော်ဥက္ကဋ္ဌများ ကိုးရက်ကြာသည်အထိ ပြန်မလွတ်သေး ဖေဖော်ဝါရီလ ၁၇ ရက်နံနက်ပိုင်း တွင် တိုင်းစီမံအုပ်ချုပ်ရေးကောင်စီအ ဖွဲ့ဝင်(ယခင်လုံနယ်ဝန်ကြီး) ဗိုလ်မှူးကြီး ကျော်ဇေယျက မိမိတို့နေအိမ်များသို့ ပြန်နိုင်ပြီဟု လာပြောခဲ့ကြောင်း ဝန်ကြီး ဦးဟိုပင်၏ ဇနီး ဒေါ်မာမာလွင်က Dawei Watch သို့ ပြောသည်။ ဝန်ကြီးများအိမ်ရာဝင်းအတွင်း ဦးဟိုပင် အပါအဝင် စုစုပေါင်း […]

ရွေးကော်ဥက္ကဋ္ဌများ ကိုးရက်ကြာသည်အထိ ပြန်မလွတ်သေး

diz_admin

February 22, 2021

တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသည့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ ကိုးရက်ကြာ သည်အထိ ပြန်မလွတ်သေးကြောင်း မိသားစုဝင်အချို့ထံမှ သိရသည်။ အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၁၀ ရက် ညပိုင်းတွင် ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲဥက္ကဋ္ဌများအား ဖမ်းဆီးထားခြင်းဖြစ်ပြီး အချို့မှာ မိသားစုနှင့် အဆက်အသွယ်ပင်မရသေးကြောင်း သိရသည်။ ထားဝယ်ခရိုင်ရွေးကော်ဥက္ကဋ္ဌ ဦးထွန်းကြည်ကို လက်ရှိအချိန်ထိ မည်သည့် နေရာတွင် ဖမ်းထားသည်ကို မသိရသလို အဆက်အသွယ်လည်း မရသေးကြောင်း သားဖြစ်သူ ကိုကြည်သာထွန်းက ဆိုသည်။ ဖေဖော်ဝါရီလ ၁၀ ရက်ည ၁၀ နာရီခွဲ ဝန်းကျင်တွင် နေအိမ်သို့ စစ်ကားနှစ်စီး နှင့် ရဲကားတစ်စီးရောက်လာပြီး အပေါ် လူကြီးမှ ခဏတွေ့ချင်သည်ဟု ဆိုကာ လာခေါ်ကြောင်း ကိုကြည်သာထွန်းက ဆိုသည်။ “ကျွန်တော်တို့လည်း လက်လှမ်းမီသလောက် မေးကြည့်တယ် […]

စာသင်ကျောင်းများပြန်ဖွင့်ရေး ပြင်ဆင်ထားရန် ညွန်ကြား

diz_admin

February 22, 2021

စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရန်ရှိသည်ဟုဆိုကာ ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်စေရေး ကြိုတင်ပြင် ဆင်ထားရန် အခြေခံပညာဦးစီးဌာနက ဖေဖော်ဝါရီလ ၁၆ ရက်က ညွှန်ကြားထားကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ဖေဖော်ဝါရီ ၉ ရက်တွင် ပြုလုပ်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုင်ငံအတွင်း ကိုဗစ် ရောဂါကူးစက်ပျံ့နှံ့မှု လျော့နည်းလာသည့်အတွက် အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင် ရွက်လျှက်ရှိသည်ဟု ညွှန်ကြားစာတွင် ဖော်ပြထားသည်။ ယင်းကြောင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ဥပဓိ ရုပ်ကောင်းမွန်စေရေးအတွက် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီတို့မှ သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့်‌ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ပြန်လည်တင်ပြရန် ညွှန်ကြားစာတွင် ဖော်ပြထားသည်။ ကျောင်းများပြင်ဆင်ထားရန်ကိစ္စ နှင့်ပတ်သက်ပြီး […]

၀န်ကြီးချုပ် ဦးမြင့်မောင် ပုဒ် ၅၀၅ ဖြင့် အမှုဖွင့်ခံရ

diz_admin

February 22, 2021

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်အား ပုဒ်မ-၅၀၅ (ခ) ဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။ တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁၈ ရက်တွင် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။ ပုဒ်မ ၅၀၅ (ခ) မှာ နိုင်ငံတော် အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးကို ဖြစ်စေ၊ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သော သူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ ၏ သီးခြား လူစုကို သော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခု ဖြစ်စေရန် အကြံရှိလျှင်၊ သို့မဟုတ် အကြောင်းရှိလျှင် စွဲဆိုနိုင်သော ပုဒ်မ ဖြစ်သည်။ ကျူးလွန်သည်ဟု သတ်မှတ်ခံရလျှင် ငွေဒဏ် ဖြစ်စေ၊ ထောင်ဒဏ် အများဆုံး […]

နစကတွင် ပါဝင်မည့်ကိစ္စ မွန်ပါတီ ပြန်ဆွေးနွေးမည်

diz_admin

February 22, 2021

မွန်ညီညွတ်ရေးပါတီ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက) တွင် ပါဝင်ရန် လက်ခံထားသည့်အပေါ် ပါတီဗဟိုကော်မတီအစည်းအဝေးတွင် ပြန်လည်ဆွေးနွေးသွားရန်ရှိသည်ဟု ပါတီဗဟိုကော်မတီတို့မှ သိရသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တွင် ပါဝင်သည်ကို လက်မခံသည့် ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ၁၂ ဦးတို့က ကောင်စီတွင် ပါဝင်မည့် ကိစ္စသည် ပါတီ၏ မူဝါဒနှင့်အညီ ပြန်လည်သုံးသပ် ဆွေးနွေးရန်အတွက် ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေး ခေါ်ပေးရန် လက်မှတ်ထိုး တောင်းဆို ခဲ့သည်။ ပါတီဗဟိုအလုပ်အမှုဆောင်ကော် မတီဝင်အချို့တို့၏ တောင်းဆိုချက်အရ ဗဟိုကော်မတီဝင် အစည်းအဝေးတစ်ရပ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ခေါ်ယူကျင်းပရန် လျာထားသော်လည်း လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေကြောင့် အစည်းအဝေးကို ရက်ရွှေ့ဆိုင်းထားသည်ဟု ပါတီခေါင်း ဆောင်တို့က ပြောသည်။ “ဥက္ကဋ္ဌအဖွဲ့ရဲ့ ညွှန်ကြားချက်အရ ရက်ရွှေ့လိုက်တယ်လို့တော့ပြောတယ်။ […]