BREAKING
September 20, 2024

နိုင်ငံရေး

ညမထွက်ရအမိန့်ကြောင့် ထားဝယ်တွင် လူ ၂၀ ကျော် ထောင်ဒဏ်တစ်လကျ

diz_admin

February 24, 2021

တပ်အာဏာသိမ်းပြီး ညမထွက်ရအမိန့် အပါအဝင် ပုဒ်မ-၁၄၄ ထုတ်ပြန် ပြီးနောက် ထားဝယ်မြို့နယ်အတွင်း ထောင်တစ်လကျခံရသူ နှစ်ဆယ်ကျော် ရှိကြောင်း မြို့နယ်တရားရုံးထံမှ သိရသည်။ စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၉ ရက်မှစတင်ကာ ည ၈ နာရီမှ နံနက် ၄ နာရီအထိ ည မထွက်ရအမိန့် ထုတ်ပြန်ထားခဲ့သည်။ အဆိုပါ အမိန့်ထုတ်ပြန်သည့်နေ့မှ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ၂၃ ဦးကို ဖမ်းဆီးပြီး ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ကြောင်း မြို့နယ်တရားရုံး၏ သတင်းပြန်ကြားရေးအရာရှိက ဆိုသည်။ ညအချိန်မတော်လူစိမ်းဝင်သည့်အတွက် ရပ်ရွာလူထုကင်းစောင့် ထိုသို့ ဦးတိုက်လျှောက်ထားလာသည့်အတွက် တရားရုံးမှ အထက်ပါ ၂၃ ဦးကို အမှု ၁၅ မှုဖွင့်ကာ လက်ခံ စစ်ဆေးပြီးနောက် ထောင်ဒဏ်တစ်လစီ […]

ညအချိန်မတော်လူစိမ်းဝင်သည့်အတွက် ရပ်ရွာလူထုကင်းစောင့်

diz_admin

February 24, 2021

တပ်မတော်အာဏာသိမ်းပြီးနောက် ရပ်ရွာအတွင်း ညအချိန်မတော် လူစိမ်းများဝင်ရောက်နေသည့်အတွက် ရပ်ရွာနေသူများ စုပေါင်းကင်းစောင့် နေကြရသည်။ ဖေဖော်ဝါရီလ ၁၄ ရက်မှစကာ အဆိုပါလူစိမ်းများက ရပ်ရွာအတွင်း မီးကွင်းပစ်သည်ဟုဆိုကာ ဝိုင်းဝန်းဖမ်း ဆီးမှုများလည်း ရှိနေသည်။ ထိုသို့ဖမ်း ဆီးရာတွင် ရပ်ကွက်ကျေးရွာ အချို့၌ လူစိမ်းများကို ဖမ်းမိခဲ့သည်။ ထိုကြောင့် ရပ်ကွက်ကျေးရွာများတွင် ရပ်ရွာနေလူငယ်များ၏ အစီအစဉ်ဖြင့် ကင်းစောင့်လာကြခြင်းဖြစ်သည်။ ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံး မြို့နယ်တွင်လည်း ရပ်ကွက်နေ လူငယ် များစုပေါင်းကာ ကင်းစောင့်နေရကြောင်း လုံခြုံရေးကင်းစောင့်နေသူ ဦးသန်းစိုးက ဆိုသည်။ “အဓိကကတော့ ခုဖြစ်နေတဲ့ ကောလဟာလ တွေပေါ့လေ။ မီးကွင်း ပစ်တယ် ညအချိန်လူစိမ်းဝင်တယ် အဲဒါတွေကြောင့်ပါ” ဟု ဦးသန်းစိုးက ပြောသည်။ လောင်းလုံးမြို့နယ်အပြင် ထားဝယ်မြို့နှင့် အခြားမြို့နယ်များတွင်လည်း ရပ်ရွာ အစီအစဉ်ဖြင့် ကင်းစောင့်နေကြသည်။ ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် […]

အစိုးရဆောက်လုပ်ရေး တင်ဒါလုပ်ငန်းများ ပုံမှန်အတိုင်း ဟုဆို

diz_admin

February 24, 2021

တင်ဒါစနစ်ဖြင့်လုပ်ကိုင်သည့် အစိုးရတင်ဒါလုပ်ငန်းများ ပုံမှန်အတိုင်း လုပ်ဆောင်နေသည်ဟု တနင်္သာရီတိုင်း ဒေသကြီးဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းမင်း လတ်က ပြောကြားသည်။ တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံအဝန်းဆန္ဒပြမှုများ ဖြစ်ပေါ်နေသော်လည်း တင်ဒါစနစ်ဖြင့်သွားသည့် ဆောက်လုပ်ရေးလုပ်ငန်းများမှာ လုပ် ငန်းရပ်နားထားခြင်းမရှိဘဲ ပုံမှန်အတိုင်းသာ လုပ်ဆောင်နေသည်ဟု ဦးကျော်မင်းမင်းလတ် က ဆိုသည်။ “အစိုးရအဖွဲ့လည်း အခုမှ တက် ခါစဆိုတော့ ကျွန်တော်တို့ ပြီးရင်တော့ မေးမှာပါ အသင်းအနေနဲ့ရောလေ။ အရင်အတိုင်းပဲ ငွေပေးချေမှုစနစ် အတိုင်းပဲ သွားမှာလား၊ ဘယ်လိုပြောင်း လဲမှုရှိလဲဆိုတာတော့ ကျွန်တော်တို့ ကိုယ်တိုင်လည်း အတိအကျ မသိသေး ပါဘူးဗျ”ဟု ဦးကျော်မင်းမင်းလတ်က ဆိုသည်။ လုပ်ငန်းများကိုလည်း ပုံမှန်အတိုင်း ဆက်လက်လုပ်ကိုင်ရန်ကိုသာ ပြောထားသည်ဟု ဦးကျော်မင်းမင်းလတ် က ပြောသည်။ အစိုးရဌာနအချို့၏ တင်ဒါလုပ် ငန်းအချို့မှာ အစိုးရအဖွဲ့အစည်းအဝေး […]

အာဏာသိမ်းပြီးနောက် တပ်ထုတ်ဘီယာ ရောင်းအားကျ

diz_admin

February 24, 2021

တပ်အာဏာသိမ်းပြီးနောက် ထားဝယ်မြို့တွင် တပ်ထုတ်ဘီယာများ ရောင်းအား သိသိသာသာ ကျသွားကြောင်း စားသောက်ကုန်ရောင်းချသည့် ဆိုင်အချို့ထံမှ သိရသည်။ တပ်ထုတ်ပစ္စည်းများဖြစ်သည့် မြန်မာဘီယာနှင့် ဒဂုံဘီယာမှာ ရောင်းအားကျဆင်းသွားပြီး ပုံမှန်ဖောက်သည်များက အခြားတံဆိပ်ဘီယာအား ပြောင်းလဲဝယ်ယူလာကြကြောင်း ဒေါင်းငူရပ် ကွက်ရှိ စားသောက်ကုန် ရောင်းချသည့် အသက် ၃၀ ကျော်အရွယ်ရှိ ဆိုင်ရှင် အမျိုးသားက ဆိုသည်။ “အရင်ထက်စာရင်တော့ တော်တော်လေးကိုပဲ ရောင်းအားကျသွားတယ်လို့ ပြောလို့ရတယ်။ အရင်က မြန်မာ ဘီယာ ဝယ်ရောင်းတဲ့သူတွေက အခုဆိုရင် အခြားတံဆိပ်ဘက် ပြောင်းသွားတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။ ရှမ္မလည်ဆွဲရပ်ကွက်ရှိ ဘီယာ လက်လီလက်ကား အရောင်းဆိုင်တွင်လည်း မြန်မာဘီယာဝယ်ယူသူ နည်းပါးလာသည်ဟု ဆိုင်ပိုင်ရှင်အမျိုးသမီးက ဆိုသည်။ “အာဏာသိမ်းပြီးကတည်းက ရောင်းအားကျသွားတာ အခုထိပါပဲ” ဟု အထက်ပါ အမျိုးသမီးက […]

အောင်ဘာလေထီ နှစ်ဘက်ညှပ်

diz_admin

February 24, 2021

တပ်အာဏာသိမ်းပြီးနောက်ပိုင်း အောင်ဘာလေထီ ရောင်းချသူတို့မှာ တစ်ဘက်တွင် ရောင်းအားထိုးကျ နေသည့်အပြင် တစ်ဘက်တွင် ကြိုသွင်း ထားရသည့် စပေါ်ငွေများကြောင့် နှစ်ဘက်ညှပ် အခက်တွေ့နေရသည်ဟု စုံစမ်း သိရှိရသည်။ ကိုဗစ်ကာလအတွင်း ပြည်သူတို့၏ စီးပွားရေးကျပ်တည်းမှုတို့ကြောင့် ထီမရောင်းရဘဲ အရှုံးပေါ်ခဲ့ရသည့် ထီဆိုင်ပိုင်ရှင်များမှာ အာဏာသိမ်းပြီးနောက်တွင်လည်း အရှုံးနှင့်ထပ်မံရင်ဆိုင်နေရကြောင်း ထားဝယ်မြို့ရှိ ထီဆိုင်ပိုင်ရှင် အချို့က ဆိုသည်။ တပ်ကအာဏာသိမ်းထားသည့် ကာလအတွင်း ထားဝယ်မြို့ရှိ အောင်ဘာ လေထီဆိုင်များသည် ဈေးဦးမပေါက်သူ၊ မှာယူထားသည့် ထီစာအုပ်၏ သုံးပုံတစ် ပုံပင်ရောင်းမကုန်သူတို့ဖြစ်ပေါ်နေကြသည်ဟု ၎င်းတို့က ထုတ်ဖော်ပြောဆို ကြသည်။ “ထီအကြောင်းတော့လာပြောမနေ နဲ့တော့။ ဆိုင်တွေအကုန်လုံး ဒုက္ခတွေ့ နေကြတယ်။ ဆိုင်ခန်းငှားခတောင်ပေးလို့ လောက်မှာမဟုတ်ဘူး” ဟု ရွှေမြန်မာထီ ဆိုင်တွင် ဝယ်ယူရောင်းချနေသည့် ထားဝယ်မြို့က ထီဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦးက ဆိုသည်။ […]

ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အကူအညီ ဥရောပသမဂ္ဂ ဆိုင်းငံ့

diz_admin

February 22, 2021

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တိုက်ရိုက် တောင်းဆိုမှုဖြင့် ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး စီမံကိန်း ခေတ္တဆိုင်းငံ့ ထားမည်ဖြစ်ကြောင်း ဥရောပ သမဂ္ဂ (အီးယူ) က ကြေညာသည်။ ယင်းစီမံကိန်းသည် ပြည်သူလူထု နှင့် ရဲတပ်ဖွဲ့တို့အကြား ပိုမိုကောင်းမွန် သည့် ယုံကြည်မှု တည်ဆောက်ရန် နိုင်ငံတကာ စံနှုန်းနှင့်အညီ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ သင်တန်းပေးခြင်း တို့ကို အဓိက လုပ်ဆောင်ပြီး မည်သည့် လက်နက်ပစ္စည်း ကိရိယာကိုမျှ ထောက်ပံ့ခြင်း မရှိကြောင်း အီးယူက ထုတ်ပြန်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်အာဏာသိမ်းမှုပြီးနောက် ဒီမိုကရေစီ စနစ် အသွင်ကူးပြောင်းရေး နှောင့်ယှက်ဟန့်တားခံရသည့် ဖြစ်စဉ်ကြောင့် ယင်း စီမံကိန်း […]