BREAKING
September 20, 2024

နိုင်ငံရေး

ထားဝယ်ခရိုင်သပိတ်

diz_admin

August 17, 2021

ထားဝယ်ဝယ်ခရိုင်လုံးဆိုင်ရာ သပိတ်စစ်ကြောင်းဟာ  ဩဂုတ်လ ၁၆ ရက်နေ့က လောင်းလုံးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ပါတယ်။

နေအိမ်ဗုံးပေါက်၍ တာဝန်မှ နှုတ်ထွက်ထားသည်ဆိုသည့် အုပ်ချုပ်ရေးမှူးဟောင်း သေနတ်ပစ်ခံရ

diz_admin

August 16, 2021

နေအိမ်တွင် ဗုံးပေါက်ကွဲပြီးနောက် တာဝန်မှ နှုတ်ထွက်ထားသည်ဆိုသည့် ပုလောမြို့နယ် လက္ကူးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးသက်နိုင်သည် သြဂုတ်လ ၁၄ ရက်ညက သေနတ်ဖြင့် ပစ်ခံရကြောင်း ယင်းရွာနေ ဒေသခံအချို့ထံမှ သိရသည်။ တပ်ကောင်စီခန့် အုပ်ချူပ်ရေးမှူးဖြစ်သည့် ဦးသက်နိုင်၏ နေအိမ်တွင် ဇူလိုင်လဆန်းပိုင်းက ဗုံးဖောက်ခံရပြီးနောက်တစ်ရက်တွင် နှုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်။ သြဂုတ်လ ၁၄ ရက် ည ၁၀ နာရီခန့်တွင် ၎င်းနေအိမ်၌ပင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး လက်ရှိတွင် ပုလောဆေးရုံသို့ တင်ပို့ထားသည်ဟု သိရကြောင်း ယင်းကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ အဆိုပါအချိန်တွင် သေနတ်သံနှစ်ချက်ကြားရပြီး ဦးသက်နိုင်တွင် ဖောက်ဝင်ဒဏ်ရာ ၈ ချက်ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။ ထိုနောက် ဦးသက်နိုင်အား ပုလောဆေးရုံတွင် သြဂုတ်လ ၁၅ ရက်နံနက်က ခွဲစိတ်ကုသနေသည်ဟု သိရကြောင်း […]

ရေးတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ပစ်ခံရ

diz_admin

August 14, 2021

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်းရွာသစ်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သြဂုတ်လ ၁၃ ရက်ညက သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ မော့ကနင်းရွာသစ် အုပ်ချုပ်ရေးအဖွဲ့ဝင် နိုင်ထိန်းကို ယမန်နေ့ည ၇ နာရီခွဲဝန်းကျင်က အမည်အသိလူနှစ်ယောက်က ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်ခံရမှုကြောင့် နိုင်ထိန်းသည် ပေါင်တွင် ဒဏ်ရာရရှိသွားပြီး လမိုင်းဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။ မော့ကနင်းရွာသစ် အုပ်ချုပ်ရေးအဖွဲ့ဝင်ကို ၎င်းတို့ ပစ်ခတ် သတိပေးခဲ့ခြင်းဖြစ်ကြောင်း Ye People Defence Force အဖွဲ့က ၎င်းတို့၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။ ရေးမြိုနယ်တွင် ယခုကဲ့သို့ ပစ်သတ်ခံရသည့် ဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့က ရေးမြို့ အောင်မေတ္တာရပ်ကွက် အလက […]

ထားဝယ်ခရိုင်လုံးဆိုင်ရာ လောင်းလုံးသပိတ်

diz_admin

August 13, 2021

ထားဝယ်ခရိုင်လုံးဆိုင်ရာသပိတ်စစ်ကြောင်းဟာ ဩဂုတ်လ ၁၂ ရက်နေ့က လောင်းလုံးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ပါတယ်။