BREAKING
September 20, 2024

နိုင်ငံရေး

အာဏာသိမ်းပြီးနောက် ဓာတ်ဆီတစ်လီတာလျှင် နှစ်ရာကျပ်ခန့် ဈေးတက်

diz_admin

March 3, 2021

တပ်အာဏာသိမ်းပြီးနောက် ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ်နှစ်ရာခန့် ဈေးတက်သွားကြောင်း ထားဝယ်ခရိုင်အတွင်း ရှိ စက်သုံးဆီဆိုင်များထံမှ သိရသည်။ အာဏာမသိမ်းမီ ဇန်နဝါရီလတွင် ၉၂ အမျိုးအစား ဓာတ်ဆီတစ်လီတာလျှင် ၆၅၀ ကျပ်ခန့်သာရှိရာမှ လက်ရှိတွင် ၈၄၅ ကျပ်အထိ ဈေးတက်သွားကြောင်း ယင်းဆီဆိုင်အချို့ထံမှ သိရသည်။ စက်သုံးဆီဈေးနှုန်းမှာ တည်ငြိမ် မှုမရှိဘဲ တဖြည်းဖြည်းဈေးတက်လာနေကြောင်း ထားဝယ်မြို့ ကမြောကင်းလမ်းရှိ ရနံ့သစ်ဆီဆိုင်မှ မန်နေဂျာက ဆိုသည်။ “ဈေးကတော့ ပုံမှန်မရှိဘူး။ တစ်နေ့ တစ်မျိုး မြင့်တက်နေတယ်။ ကျတယ် မရှိဘူး” ဟု အထက်ပါ မန်နေဂျာက ပြောသည်။ စက်သုံးဆီဈေးနှုန်းမြင့်တက်လာသည့်နည်းတူ အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပွဲများလည်း ထားဝယ်မြို့ တွင် နေ့စဉ်ဖြစ်ပွားနေသည်။ ထိုကြောင့် သွားလာသူနည်းပါးပြီး ဝင်ငွေထိခိုက်လာကြောင်း ဈေးကြီး တောင်ဘက်တွင် ဂိတ်ထိုးပြေးဆွဲနေ သည့် […]

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့သစ်တော ပိုပြုန်းသွားနိုင်

diz_admin

March 3, 2021

စီးပွားရေး ပိတ်ဆို့မှု၊ ကုန်သွယ်ရေး ပိတ်ဆို့မှုများ၏ ဖိအားကြောင့် မြန်မာ့ တပ်မတော်သည် ပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံနှုန်းများမရှိသော နိုင်ငံများ၊ စီးပွားရေးလုပ်ငန်းများကို သစ်လုပ်ကွက်များ ပိုချပေးလာနိုင်ကြောင်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ကျွမ်းကျင်သူများက ပြောဆိုလိုက်သည်။ မြန်မာစစ်တပ်၏ အာဏာသိမ်းမှု နှင့် နိုင်ငံခြားတိုင်းပြည်များနှင့် စီးပွားရေး လုပ်ငန်းများက မြန်မာပြည်အပေါ် ကုန်သွယ်ရေးသပိတ်မှောက်မှု မြင့်လာခြင်းတို့မှာ မြန်မာပြည်၏ သစ်တော ပြုန်းတီးမှုကို အားပေးရာရောက်နိုင်သည်။ တစ်နည်းဆိုသော် ထိုသို့သော အခြေအနေသည် ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာရမည့် စံချိန်စံညွှန်းမျိုး မရှိ သော၊ အလေးမထားသော ရင်းနှီးမြှုပ်နှံ သူများလက်သို့ မြန်မာ့သစ်တောများ ပြန်ရောက်သွားနိုင်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး အုပ်စုများက သတိပေး ကြပါသည်။ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရကို မြန်မာ့တပ်မတော်က ယခုလအတွင်း […]

ကော့သောင်း တပ်ထောက်ခံပွဲ သံပုံးတီးခံရ

diz_admin

March 3, 2021

ကော့သောင်းမြို့တွင် ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက ပြုလုပ်သော တပ်မတော် ထောက်ခံပွဲကို လူအများက သံပုံးတီး ကန့်ကွက်ခဲ့ကြသည်။ တပ်မတော် ထောက်ခံသူများမှ လေယာဉ်ကွင်းအနီးမှ စတင်ထွက်လာကြစဉ် သီရိမြိုင်ရပ်ကွက်နှင့် အေးမြကန်သာရပ်အရောက် ရပ်ကွက်တွင်း ပြည်သူများမှ သံပုံးတီး ခြောက်လှန့် ခဲ့ကြသည့်အတွက် အဆိုပါထောက်ခံသူများမှာ ခရိုင်ပြည်သူ့ဆေးရုံ အနီးသို့ ရောက်ရှိစဉ် လာလမ်းအတိုင်းပြန်လှည့် ခဲ့ရသည်။ တပ်မတော်ထောက်ခံသူများမှ ကြွေးကြော်သံများ ရွတ်ဆိုခဲ့ကြသော်လည်း သံပုံးတီးသံများက ဖုံးလွှမ်းလျက်ရှိသည်။ ထားဝယ်မြို့တွင်လည်း တပ်ထောက်ခံပွဲတစ်ရပ်ကို ဖေဖော်ဝါရီလ ၁၂ ရက်က ပြုလုပ်ခဲ့ပြီး သံပုံးတီး ဆန္ဒပြသူများကြောင့် တပ်ခေါက် လှည့်ပြန်ခဲ့ရသည်။

၀န်ကြီးချုပ်ဦးမြင့်မောင်အား မတ်လ ၄ တွင် ရုံးထုတ်မည်

diz_admin

March 2, 2021

တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီး ခံထားရသည့် ဝန်ကြီးချုပ်ဦးမြင့်မောင် ကို မတ်လ ၄ ရက်တွင် ရုံးထုတ်မည် ဖြစ်ကြောင်း ၎င်းဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။ အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နံနက်စောစောတွင် ဦးမြင့်မောင်အား ဖမ်းဆီးခဲ့ပြီးနောက် ရက်အနည်းငယ် အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ဝန်ကြီးများအိမ်ရာသို့ ပြန်ပို့ခဲ့သည်။ ထိုနောက် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ယင်းနောက် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ရာဇသတ်ကြီးပုဒ်မ-၅၀၅ (ခ) ဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုခဲ့ကြောင်း သိရသည်။ ပုဒ်မ ၅၀၅ (ခ) မှာ နိုင်ငံတော် အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးကို ဖြစ်စေ၊ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သော သူက ကျူးလွန်ချင်လာအောင် […]

မြိတ်ကင်းသမားများ အဖမ်းခံရမည်စိုး

diz_admin

March 2, 2021

မြိတ်မြို့ပေါ် ရပ်ကွက်တို့ရှိ လမ်းအသီးသီးတွင် ညအချိန် အမျိုးမျိုးသော လုံခြုံရေးအတွက် ကင်းစောင့်နေကြသော ကင်းသမားများ အဖမ်းခံရမည်ကို စိုးရိမ်နေကြသည်။ မြိတ်မြို့တွင် ဖေဖော်ဝါရီလ ၁၃ ရက် ညပိုင်းက ရပ်ကွက်တို့တွင် မျက်နှာစိမ်းလူများ ဝင်ရောက်ခဲ့သဖြင့် အထိတ်တလန့်ဖြစ်ရပြီးနောက်ပိုင်း လက်ရှိအချိန်အထိ ကင်းစောင့်နေကြကြောင်း မြိတ်တောင်နယ်မြေရှိ ကင်းသမား တချို့မှ သိရသည်။ ရပ်ကွက်တို့ရှိ လမ်းသွယ်လမ်း ကြားထိပ်တို့တွင် သစ်ဝါးတန်းဖြင့် အတားအဆီးပြုလုပ်ပြီး လမ်းနေသူများ စုပေါင်းကာ ကင်းစောင့်နေကြခြင်း ဖြစ်သည်။ ထိုသို့ ကင်းစောင့်နေစဉ် အရန်မီးသပ် တပ်ဖွဲ့ဝင်များအပါအဝင် ကင်းသမား တစ်ဆယ်ဦးကျော်ခန့်အား ဖေဖော်ဝါရီ လ ၂၀ ရက်က ညကင်းလှည့် စစ်ယာဉ်တန်းမှ ဖမ်းဆီးခဲ့သဖြင့် ထပ်မံအဖမ်းခံ ရမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။ အဖမ်းခံရသည့် ကင်းသမား ၁၃ ဦးသည် […]

အာဏာရှင်ဆန့်ကျင်မှု မြိတ်ရက်စွဲများ

diz_admin

March 2, 2021

ဖေဖော်ဝါရီ ၂၀(ဆန္ဒထုတ်ဖော်မှု ၁၄ ရက်မြောက်နေ့)ပင်မသပိတ် စစ်ကြောင်းကြီးသည် မြို့သစ်လမ်းဆုံမှ ချီတက်ခဲ့ကြပြီး ကျဆုံးသွားသည့် မြသွဲ့သွဲ့ခိုင်အား လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ငြိမ်သက်စွာဖြင့် ဂုဏ်ပြုခဲ့ကြသလို WE LOVE MYEIK ဆိုင်းဘုတ်ရှေ့တွင်လည်း လွမ်းသူပန်းခွေနှင့် နှင်းဆီ ပန်းများချကာ ဆုတောင်းခဲ့ကြသည်။ ယင်းနောက် ကမ်းနားလမ်း မီးပြ တိုက်ရှေ့တွင် သပိတ်စစ်ကြောင်း ရပ်နားခဲ့ကြပြီး ဖျက်ဆီးခံခဲ့ရသည့် FREE OUR LEADERS စာတမ်းအား ပြန်ရေးခြင်း၊ သပိတ်မှောက်ခေါင်းဆောင်များမှ ဟောပြောခြင်းနှင့် စစ်အာဏာရှင် အလိုမရှိကြောင်း သံချပ်များထိုးကာ သပိတ်ရပ်နားလိုက်ကြသည်။ ဖေဖော်ဝါရီ ၂၁(ဆန္ဒထုတ်ဖော်မှု ၁၅ ရက်မြောက်နေ့)ပင်မသပိတ်စစ်ကြောင်း နံနက် ၈ နာရီခွဲတွင် ကန်ကြီးရေကန်ဘောင်မှ စထွက်ပြီး တပ်ပြင်၊ အထက်ရေပုန်း၊ ကြံတော၊ ရပ်ကွက်များကို ဖြတ်ကျော်ခဲ့ပြီး ကန်ဖျားရပ်ကွက် မိုးလုံလေလုံ အားကစားရုံရှေ့တွင် […]