BREAKING
September 20, 2024

နိုင်ငံရေး

မွန် ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားရ

diz_admin

March 9, 2021

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် NLDလွှတ်တော်ကိုယ်စားလှယ်အချို့တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားရကြောင်း ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တာဝန်ရှိသူတို့ထံမှ သိရသည်။ ဝန်ကြီးချုပ်အား အလုပ်မဆင်း ဆန့်ကျင်ရေး CDM တွင် ပါဝင်သည့် ဝန်ထမ်းများနှင့် ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာမှတဆင့် ဗီဒီယိုဖြင့် ပြောကြား ခဲ့ခြင်းကြောင့်နှင့် လွှတ်တော်ကိုယ်စား လှယ်တို့အား စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတို့တွင် ပါဝင်ခဲ့ခြင်းကြောင့် တရားစွဲဆိုခံရခြင်းဖြစ်သည်ဟု ပါတီ တာဝန်ရှိသူတို့ထံမှ သိရသည်။ “ကိုယ်စားလှယ်တွေက ဆန္ဒဖော် ထုတ်တဲ့ နေရာမှာ ပါဝင်လို့ အဲဒါကို ၅၀၅(က)နဲ့ တရားစွဲထားတယ်၊ ဖမ်းခံထားရတာရှိတယ်၊ တချို့ကလည်း ရှောင်နေရတယ် ဝန်ကြီးချုပ်ကျတော့ အဖမ်းခံ ထားရတယ်လေ။ သူ့ကိုလည်း တရားစွဲ ထားတယ်” ဟု NLD ပြည်နယ်တာဝန်ရှိသူ […]

အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်ရန် မွန်လူထုအခြေပြုအဖွဲ့ အစည်း ကွန်ရက်တောင်းဆို

diz_admin

March 9, 2021

အာဏာသိမ်းမှုကို မကျေနပ်သည့် တိုင်းရင်းသားပြည်သူတို့၏ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့်အပေါ် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က အကြမ်းဖက်နေသည့် လုပ်ရပ်များ ရပ်တန့်ရန် မွန်လူထုအခြေ ပြုအဖွဲ့အစည်းကွန်ရက်က ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်သည်။ အကြမ်းဖက် နှိမ်နှင်းနေသည့် လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချ ကြောင်းလည်း မွန်လူထုအခြေပြုအဖွဲ့အစည်းကွန်ရက်၏ မတ်လ ၃ ရက်က ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ပြောထားသည်။ “ဆန္ဒပြသူပြည်သူများအား လက်နက်အင်အားဖြင့် အကြမ်းဖက်တဲ့ လုပ်ရပ်သည် လက်ရှိ ပြည်တွင်း ဥပဒေများအား ချိုးဖောက်ရုံသာမက နိုင်ငံ တကာဥပဒေအရ အလွန်ပြင်းထန်ဆိုးဝါးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ် သည်ဟု သုံးသပ်တယ်” ဟု မွန်လူထုအခြေပြုအဖွဲ့အစည်းကွန်ရက် တာဝန်ရှိသူ တစ်ဦးက ပြောသည်။ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး ပဋိက္ခအား အင်အားသုံးမဖြေရှင်းဘဲ တပ်ကောင်စီအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပြီး […]

ကံပေါက်ဒေသတွင် ဆန္ဒထုတ်ဖော်ခြင်း တစ်ပတ်တာအနှစ်ချုပ်

diz_admin

March 9, 2021

အာဏာသိမ်းပြီးနောက် ရှစ်ရက် ခန့်အကြာတွင် ကံပေါက်ဒေသရှိ လူ အင်အားထောင်ချီလမ်းပေါ်ထွက်လာပြီး သပိတ်စစ်ကြောင်းများဖြင့် စတင် ချီတက်ဆန္ဒပြခဲ့ကြသည်။ မတ်လ ၁ ရက်နေ့ မနက်ပိုင်းတွင် CDM တွင်ပါဝင်သည့် ကျောင်းဆရာ၊ ဆရာမ၊ ဒေသခံများ သပိတ်စစ်ကြောင်း လှည့်လည်ဆန္ဒထုတ်ဖော်ပြီး ညနေပိုင်းတွင် တပ်ကောင်စီမှခန့်အပ်သောအုပ်ချုပ်ရေးမှူး အလိုမရှိ စာသားပါ စာရွက်များကို လျှပ်စစ်ဓာတ်တိုင်တို့တွင် ကပ်ထားသည်ကိုတွေ့ရသည်။ ညအချိန်တွင် ကပ်ထားသည့်ယင်း စာရွက်များကို စစ်တပ်ဘက်ကလာ ရောက်ခွာယူခဲ့ သည်။ မတ်လ ၂ ရက်မနက်ပိုင်းတွင်လည်း သပိတ်စစ်ကြောင်းများ ပုံမှန် အတိုင်းလမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။ ကံပေါက်ဈေးလမ်းဆုံလမ်းပေါ်တွင် တပ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၏ ပုံများကပ်ထားသည်ကို တွေ့ရသည်။ မွန်းလွဲပိုင်းတွင် အဆိုပါဓာတ်ပုံများကို စစ်တပ်ဘက်မှ လာရောက်ခွာယူခဲ့သည်။ နောက်တစ်နေ့ မတ်လ ၃ ရက်တွင် သပိတ်စစ်ကြောင်းများ […]

ကံပေါက်အနီးနားကျေးရွာအချို့ တပ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စတင်တာဝန်ယူ

diz_admin

March 9, 2021

ပြည်သူအများစုက လက်ခံခြင်း မရှိသော်လည်း ရေဖြူမြို့နယ် ကံပေါက် ဒေသအနီးနားရှိ ကျေးရွာအချို့တွင် တပ်ကောင်စီက ခန့်အပ်သည့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ စတင်တာဝန်ယူ နေပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။ ကံပေါက်၊ ဖောင်းတော၊ ဟိန္ဒာရာဇာ၊ နတ်ကြီးစဉ်၊ ဇာဒီ စသည့်ကျေးရွာအုပ်များ ထံ မတ်လ ၅ ရက်က ဆက်သွယ်မေးမြန်း ခဲ့ရာ ဇာဒီနှင့် နတ်ကြီးစင်ရွာတွင် တပ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတို့ ပြီးခဲ့သည့် ရက်ပိုင်းက စတင်တာဝန်ယူနေကြောင်း ပြောဆိုကြသည်။ “အခုခန့်လိုက်တဲ့သူကိုတော့ တစ်ရွာလုံးကကိုမလိုချင်ကြဘူး။ ကျွန်တော်တို့လည်း အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဆန္ဒထုတ်ဖော်မယ်ဆိုပြီးတော့စဉ်းစားထားကြတယ်” ဟု နတ်ကြီးစင် ရွာသား တစ်ဦးက ဆိုသည်။ ဇာဒီကျေးရွာတွင်မူ ရွာသားများ ရွေးချယ်ပေးလိုက်သည့် အုပ်ချုပ်ရေးမှူးကို မြို့နယ်ကပယ်ချလိုက်ပြီး ၎င်းတို့ရွေး ချယ်ပေးသူတစ်ဦးကခန့်အပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ဖောင်းတောကျေးရွာတွင်မူ မြို့နယ်မှ […]

ဖမ်းဆီးထားသည့် မြိတ် ကျောင်းသားခေါင်းဆောင် ပုဒ်မနှစ်ခုဖြင့် တရားစွဲထား

diz_admin

March 9, 2021

ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားခေါင်းဆောင် လေးဦးအနက် ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမိုးသူအောင်အား ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုထားကြောင်း ဇနီးဖြစ်သူ ဒေါ်ရှင်ဌေးက ပြောသည်။ ဒေါ်ရှင်ဌေးသည်လည်း အာဏာသိမ်းသည့် နေ့ကအဖမ်းခံရကာ ပြန်လည် လွှတ်မြောက်လာသူဖြစ်သည်။ ဦးမိုးသူအောင်ကို ပုဒ်မ ၁၄၄(လူစု လူဝေးပြုလုပ်မှု)၊ ပုဒ်မ ၅၀၅(က) နိုင်ငံတော်အကြည်ညို ပျက်စေမှုတို့ဖြင့် တရားစွဲဆိုထားပြီး ၎င်းနှင့်အတူ အဖမ်းခံထားရသည့် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် ကိုတူးတူး၊ ကိုချမ်းမြေ့နိုင်၊ ကိုရဲကျော်ဖြိုး တို့ကိုမူ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားကြောင်း ဒေါ်ရှင်ဌေးက ပြောပြသည်။ ဖမ်းဆီးထားသူများအား လက်ရှိ မြိတ်ထောင်တွင် ထိန်းသိမ်းထားပြီး လာမည့်အပတ်တွင် ရုံးထုတ်စစ်ဆေးမည် ဟု သိရှိရကြောင်း ၎င်းက ဆိုသည်။ […]

ကျေးရွာသပိတ်

diz_admin

March 9, 2021

ထားဝယ်မြို့ပေါ် ပင်မသပိတ် စစ်ကြောင်းအား ဖေဖော်ဝါရီလကုန်တွင် အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးနောက် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အသွင်ပြောင်းလာကြသည်။ ပင်မသပိတ်ဖြိုခွင်းမခံရမီက ထားဝယ် ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူများက ထားဝယ်မြို့ပေါ် ပင်မ သပိတ် စစ်ကြောင်းတွင် လာရောက်ပူး ပေါင်းကြသည်။ ဖေဖော်ဝါရီလ ၂၈ ရက် အကြမ်း ဖက်နှိမ်နင်းပြီးနောက် ခရိုင်အတွင်းရှိ ကျေးရွာများက ထားဝယ်မြို့ပေါ်သို့ မလာတော့ဘဲ ကျေးရွာသပိတ်စစ်ကြောင်း အသွင်ဖြင့် မိမိကျေးရွာအတွင်းတွင်သာ ဆန္ဒပြချီတက်တော့သည်။ လက်ရှိတွင် ခရိုင်အတွင်းရှိ ကျေးရွာ အများစု၌ ကျေးရွာသပိတ်လုပ်နေကြပြီး ထားဝယ်မြို့ပေါ်တွင်မူ ပြောက်ကျားအသွင် သပိတ်စစ်ကြောင်းများသာ အချိန်ပိုင်းချီတက်နေကြသည်။ ပြောက်ကျားစနစ်ဖြင့် ထွက်လေ့ရှိသည့် မြို့ပေါ်သပိတ်စစ်ကြောင်းများကို တားဆီးအရေးယူရန် လုံခြုံရေးတပ်ဖွဲ့ များက ကားဖြင့် လိုက်ရှာလေ့ရှိသည်။ ကျေးရွာများတွင်မူ ထိုသို့ မရှိသည့်အတွက် ကျေးရွာသပိတ်အများအပြား ပေါ်လာခြင်းလည်းဖြစ်သည်။ မြို့ပေါ်သပိတ်စစ်ကြောင်း […]