BREAKING
September 20, 2024

နိုင်ငံရေး

ထားဝယ်စျေးကြီး ပိတ်

diz_admin

March 11, 2021

ထားဝယ်မြို့အတွင်း ယမန်နေ့ညနေပိုင်း ပစ်ခတ်မှုဖြစ်စဥ်များကြောင့် စည်ပင်သာယာစျေးကြီးအား မတ်လ ၁၀ ရက်နေ့တွင် ပိတ်ထားခဲ့ကြောင်း စျေးသူစျေးသားများထံမှ သိရသည်။ မတ်လ ၉ ရက် ညနေပိုင်းမှစကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးခိုးဗုံး၊ အသံဗုံးနှင့် ရော်ဘာကျည်များဖြင့် ထားဝယ်မြို့တွင်းရှိ ရပ်ကွက်များအတွင်းသို့ ပစ်ခတ်ခဲ့သည်။ ထိုသို့ပစ်ခတ်မှုများကြောင့် စျေးပိတ်ထားသည်ဟုထင်ကြောင်း စျေးသည်အမျိုးသမီးတစ်ဦးက ဆိုသည်။ “မနက်ဖြန်ဆိုရင်တော့ ပြန်ဖွင့်မယ်လို့တော့ ထင်တယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။ ယနေ့စျေးပိတ်သည့်ကိစ္စကို ကြိုတင်သိရှိခြင်းမရှိကြောင်း ၎င်းက ဆိုသည်။ စည်ပင်သာယာစျေးကြီးကို အပတ်စဥ် တနင်္ဂနွေနေ့ သို့မဟုတ် ဝါတွင်းဥပုသ်နေ့များတွင်သာ နေ့တစ်ဝက်ပိတ်လေ့ရှိသည်။

ထားဝယ်သပိတ်အဖွဲ့ဝင်တစ်ဦး အဖမ်းခံရ

diz_admin

March 11, 2021

ထားဝယ်က သပိတ်‌မှောက်ဆန္ဒပြရာမှာ ပါဝင်နေသူတစ်ဦး မြို့သစ် အမှတ် ၄ လမ်းထိပ်မှာ ဒီကနေ့ မတ်လ ၁၀ ရက်မှာအဖမ်းခံလိုက်ရပါတယ်။ အရပ်ဝတ်လက်နက်ကိုင်တစ်စုက အနက်ရောင်အိမ်စီးကားနဲ့ရောက်လာပြီး မြို့သစ် အမှတ် ၄ လမ်းထိပ်ဝပ်‌ရှော့တစ်ခုထဲဝင်ဖမ်းသွားတာ ဖြစ်တယ်လို့ မျက်မြင်တွေ့သူတစ်ဦးကဆိုပါတယ်။ အဖမ်းခံလိုက်ရတဲ့သူကတော့ လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာက ကိုကျော်ထွေးဖြစ်တယ်ဆိုတာကိုလည်းသူက အတည်ပြုပေးခဲ့ပါတယ်။

NLD ပါတီ ရပ်ကျေး တာဝန်ရှိသူအချို့ အဖမ်းခံရ

diz_admin

March 11, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရပ်ကျေးတာဝန်ရှိသူအချို့ကို လိုက်လံဖမ်းဆီးနေပြီး တစ်ဦး အဖမ်းခံလိုက်ရသည်။ ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှ ပါတီ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးငွေစိုးကို ယနေ့နံနက်ပိုင်းက ရွာ လက်ဖက်ရည်ဆိုင်တွင် ရှိနေစဉ် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ “အခုသူ့ကို ထားဝယ်ကိုဖမ်းခေါ်သွားပြီ”ဟု ၎င်းက ဆိုသည်။ ဦးငွေစိုးမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးကျော်ဇေယျစိုး၏ ဖခင်ဖြစ်သည်။ ကံပေါက်ကျေးရွာတွင် နေ့စဉ်ရက်ဆက်နီးပါး အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိသည်။ လောင်းလုံးမြို့က NLD ပါတီဝင်တစ်ဦးဖြစ်သူ ဦးဝင်းဇော်ကိုလည်း မတ်လ ၁၀ ရက် ည ၆ နာရီအချိန်ခန့်တွင် နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ဝင်ဖမ်းချိန်တွင် နေအိမ်တွင် မရှိသဖြင့် အဖမ်းမခံခဲ့ရကြောင်း သိရသည်။ ဖော်ပြပါပုံမှာ […]

မြိတ်တွင် လေးဦး အဖမ်းခံရဟုဆို၊ သုံးဦး သေဆုံးမှု အတည်မပြုနိုင်

diz_admin

March 11, 2021

မြိတ်မြို့တွင် မတ်လ ၁၁ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မြို့နယ် ခေါင်းဆောင်၊ တက်ကြွ လှုပ်ရှားသူနှင့် ကဗျာဆရာ တို့ အပါအဝင် စုစုပေါင်း လေးဦး အဖမ်းခံခဲ့ရကြောင်း ပါတီ ခရိုင် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မြို့နယ် အလုပ်မှုဆောင် ဦးစိုးလင်း၊ ကဗျာဆရာ နရီ (မြိတ်)၊ တက်ကြွလှုပ်ရှားသူ ဦးတင်ကိုကိုဦး နှင့် မြိတ်မြို့ခံတစ်ဦး ဖြစ်သူ ဦးစိုးမြင့်တို့ အဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဦးစိုးမြင့်မှာ ပါတီ မြို့နယ် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်မှစ၍ ပါတီလုပ်ငန်းများတွင် ပါဝင်ခြင်းမရှိတော့ကြောင်း ပါတီတာဝန်ရှိသူ ကပြောပြသည်။ “ဉီးစိုးမြင့်ကိုတော့ တပ်ပြင်ဈေးနားမှာ အဖမ်းခံရတယ်လို့ သိရတယ်”ဟု အဆိုပါ တာဝန်ရှိသူကပြောသည်။ […]

မော်လမြိုင်တွင် တက္ကသိုလ် ကျောင်းသားတစ်ဦး ထပ်မံသေဆုံး

diz_admin

March 10, 2021

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ် တွင် အကြမ်းဖက်မှုကြောင့် ဦးခေါင်း ကျည်ထိမှန်သည့် အသက် ၂၃ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦး မတ်လ ၃ ရက် ညပိုင်းက ထပ်မံ သေဆုံး သွားခဲ့သည်။ ဘူမိဗေဒ တတိယနှစ် ကျောင်းသား မောင်ထက်ဝေထူးသည် မတ်လ ၃ ရက် ညနေပိုင်းခန့်က မော်လမြိုင်မြို့ သီရိမြိုင် ရပ်ကွက်အတွင်း အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြနေကြသည်ကို ထွက်ကြည့်ရာမှ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ အချို့ထံမှ သိရသည်။ ဦးခေါင်းတွင် သေနတ်ကျည်ထိမှန် သွားသည့် မောင်ထက်ဝေထူးကို လူမှု ကယ်ဆယ်ရေးကားဖြင့် ငွေမိုး ပုဂ္ဂလိက ဆေးရုံသို့ ပို့ဆောင်ဆေးကုသစဉ် သေဆုံး သွားခြင်းဖြစ်သည်။ “သူက သူ့ဆိုင်ရှေ့မှာ ရပ်ကြည့်နေ တာကို အပစ်ခံရတာပါ။ ဦးခေါင်းကို ပစ်ခံရတာပါ။ ဆန္ဒပြတဲ့အထဲပါသွားလို့ […]

မြိတ်နွေဦးတော်လှန်ရေး မတ်လဆန်း မြင်ကွင်းများ

diz_admin

March 9, 2021

မတ်လ ၁ ရက် နံနက် ၉ နာရီခန့် ကတည်းက တိုးချဲ့လမ်း တစ်လျှောက်နှင့် အောင်မင်္ဂလာ လမ်းတစ်လျှောက် တွင် ပြည်သူများက စစ်ကားကြီးများ မဝင်နိုင်အောင် လမ်းကိုအဆင့်ဆင့် ပိတ်ဆို့ထားကြသည်။ ရပ်ကွက်တော်တော်များများ၏ လမ်းဆုံလမ်းခွ မီးပွိုင့်တွေမှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဓာတ်ပုံတွေကို ကပ်ထားကြပြီး ပြန်ပြီးဆုတ်ဖြဲ လိုက်ခွာထားတာကို တွေ့ရသည်။ နံနက် ၁၀ နာရီခန့်တွင်တော့ စစ်ကား ကြီးဆယ်စီးခန့်နှင့် ရဲနှင့်စစ်သားများ အောင်မင်္ဂလာရပ်ကွက်ရှိ လမ်းတစ် လမ်းတွင် ရောက်ရှိနေကြသည်။ တစ်ဖက်က ရဲနှင့်စစ်တပ် တစ်ဖက်မှာတော့ ရပ်ကွက်နေပြည်သူများက ငြိမ်းချမ်းစွာ ကြွေးကြော် နေသလို ရဲတွေ ကသေနတ်ချိန်ကာ အသင့်အနေအထား။ တစ်နာရီကျော် ကြာပြီးနောက် ရဲနှင့် ဆန္ဒပြသူ အရပ်သားကြားသို့ ဆိုင်ကယ်တစ်စီးဝင်ရောက်လာပြီး ရဲများအား မဖွယ်မရာ […]