BREAKING
September 20, 2024

နိုင်ငံရေး

တိုင်းပါတီဒုဥက္ကဋ္ဌနှင့် တက်ကြွလှုပ်ရှားသူများ ဝရမ်းအကပ်ခံရ

diz_admin

March 17, 2021

တနင်္သာရီတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌ အပါအဝင် ဝန်ကြီးဟောင်းတစ်ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းဝရမ်းထုတ်ကြောင်း မြိတ်မြို့ရှိ လူစည်ကားသောနေရာအချို့ တွင် လိုက်လံကပ်ခဲ့ကြောင်း ပြည်သူများထံမှသိရသည်။ မတ်လ ၁၇ ရက်နံနက်က မြိတ်မြို့ရှိအနည်းဆုံးနေရာငါးခုခန့်တွင် ကပ်ထားခြင်းဖြစ်ပြီး ပြည်သူများက နောက်ပိုင်းတွင် ဆုတ်ဖြဲခဲ့ကြကြောင်း သိရသည်။ အလိုရှိသည် တရားခံပြေး ဟု ကြေညာခံရသူများ စာရင်းတွင် တနင်္သာရီတိုင်း NLDဒုဥက္ကဋ္ဌ ဦးကင်းရှိန်၊ ဝန်ကြီးဟောင်း ဦးအောင်သူရ၊ တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၊ မြိတ် ၈၈ မှ ဦးလှမော်၊ မြိတ်စည်ပင်ကော်မတီ ဥက္ကဋ္ဌဟောင်း ဦးမြတ်ကိုကို၊ ဒေါ်ရှင်ဌေးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းများ ကျွန်းစုနှင့် ပုလောမြို့နယ်များမှ တက်ကြွလှုပ်သူများ အပါအဝင် စုစုပေါင်း နှစ်ဆယ်ဉီးကျော်ကို တွေ့ရှိပါက ဖုန်းဆက်အကြာင်းကြားရန် လိုက်လံကပ်ခဲ့ကြောင်းသိရသည်။ မြိတ်မြို့တွင် […]

ရွေးကော် ဥက္ကဋ္ဌများ ပြန်လွတ်

diz_admin

March 17, 2021

တနင်္သာရီတိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌအချို့ ပြန်လွတ်ပြီ ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးများကို ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ထိန်းသိမ်းခဲ့ပြီး မတ်လ ၁၇ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ “အားလုံးကိုပြန်လွှတ်ပေးလိုက်ပြီလို့ပြောတယ်။ ကျွန်တော်အဖေတောင် ဒီနေ့ ၁၁ နာရီလောက်မှာ ပြန်လွတ်လာတယ်” ဟု ရေဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၏ သားဖြစ်သူ ကိုသူရက ဆိုသည်။ မေးမြန်းအတည်ပြုချက် အရ ထားဝယ်ခရိုင်အတွင်း ရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးများကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။ “ကျန်းကျန်းမာမာနဲ့ […]

ငါ့လက်မောင်းကို ထိသွားပြီ

diz_admin

March 13, 2021

ဦးဝင်းလှိုင်၏ နောက်ဆုံး စကားဖြစ်သည်။ ထိုသို့ပြောပြီးနောက် ရှေ့သို့ မှောက်လျက် လဲကျသွားတော့သည်။ အသက် ၅၁ နှစ်အရွယ်ရှိ ဦးဝင်းလှိုင်မှာ ထားဝယ်မြို့တောင်ဘက် ကြက်စားပြင်ရပ်ကွက်ရှိ သရက်ချောင်းကားဂိတ်ရှိရာ လမ်းဆုံတွင် ကျည်ထိမှန်သွားခဲ့ခြင်းဖြစ်သည်။ ရပ်ရေးရွာရေးအတွက် စိတ်ပါလက်ပါ ကူညီဆောင်ရွက်တတ်သူတစ်ဦးဖြစ်သည့် ဦးဝင်းလှိုင်မှာ အရန်မီးသတ်တပ်ဖွဲ့တွင် တပ်ကြပ်ကြီးတစ်ဦးလည်းဖြစ်သည်။ မတ်လ ၁၁ ရက်ညပိုင်းက စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက အဆိုပါနေရာအား အသံဗုံးများ၊ ရော်ဘာကျည်များအပြင် ကျည်စစ်ကျည်မှန်များဖြင့်ပါ ပစ်ခတ်ခဲ့သည်။ ထိုသို့ ပစ်ခတ်၍ ရပ်ကွက်ထိပ် သံတံတားကြီးအနီး ကာရံထားသော အရံအတားများကို လက်နက်ကိုင်တပ်ဖွဲ့များက လာရောက်ဖယ်ရှားခြင်း ဖြစ်သည်။ ယင်းသို့ လာရောက် မဖယ်ရှားမီ နှစ်နာရီ အလိုက အရေးတော်ပုံကာလအတွင်း ကျဆုံးသွားသူများအတွက် ဆီမီးထွန်းဆုတောင်းပွဲ ကြက်စားပြင် ရပ်ကွက်တွင် ပြုလုပ်ခဲ့သေးသည်။ စတင်ပစ်ခတ်ချိန်တွင် ဦးဝင်းလှိုင်မှာ နေအိမ်တွင် […]

မြိတ်တွင် လေးဦး အဖမ်းခံရဟုဆို၊ သုံးဦး သေဆုံးမှု အတည်မပြုနိုင်

diz_admin

March 11, 2021

မြိတ်၊ မတ် ၁၁ မြိတ်မြို့တွင် မတ်လ ၁၁ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မြို့နယ် ခေါင်းဆောင်၊ တက်ကြွ လှုပ်ရှားသူနှင့် ကဗျာဆရာ တို့ အပါအဝင် စုစုပေါင်း လေးဦး အဖမ်းခံခဲ့ရကြောင်း ပါတီ ခရိုင် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မြို့နယ် အလုပ်မှုဆောင် ဦးစိုးလင်း၊ ကဗျာဆရာ နရီ (မြိတ်)၊ တက်ကြွလှုပ်ရှားသူ ဦးတင်ကိုကိုဦး နှင့် မြိတ်မြို့ခံတစ်ဦး ဖြစ်သူ ဦးစိုးမြင့်တို့ အဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဦးစိုးမြင့်မှာ ပါတီ မြို့နယ် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်မှစ၍ ပါတီလုပ်ငန်းများတွင် ပါဝင်ခြင်းမရှိတော့ကြောင်း ပါတီတာဝန်ရှိသူ ကပြောပြသည်။ “ဉီးစိုးမြင့်ကိုတော့ တပ်ပြင်ဈေးနားမှာ အဖမ်းခံရတယ်လို့ […]

မွန်ဝန်ကြီးချုပ်နှင့် တစ်လကြာသည်အထိ အဆက်အသွယ်မရဟုဆို

diz_admin

March 11, 2021

ဖမ်းဆီးခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တစ်လကြာလာသည်အထိ အဆက်အသွယ်မရဘူးဟု ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တာဝန်ရှိသူတို့ထံမှ သိရသည်။ ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ထပ်မံ ဖမ်းဆီးခြင်းခံခဲ့ရသည်။ “အဆက်အသွယ် လုံးဝကို လုပ်လို့မရတာ၊ မိသားစုဝင်တွေလည်း ဆက်သွယ်လို့ မရဘူးဖြစ်နေတယ်” ဟု NLD ပြည်နယ်တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဝန်ကြီးချုပ်အား CDM တွင် ပါဝင်သည့်ဝန်ထမ်းများနှင့် ပတ်ပြီး လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဗီဒီယိုဖြင့် ပြောကြားခဲ့ခြင်းကြောင့်နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားရသည်ဟုလည်း ပြည်နယ် NLD တာဝန်ရှိသူတို့ထံမှ သိရသည်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတို့တွင် […]

သတ္တုတွင်းဒုညွှန်၏ ဇနီးအား တရားစွဲတင်

diz_admin

March 11, 2021

တပ်အာဏာသိမ်းမှုကို ဝေဖန်သည့်စာအား လူမှုကွန်ရက်ပေါ်မျှဝေခဲ့သည့် တနင်္သာရီတိုင်း သတ္တုတွင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၏ ဇနီးဖြစ်သူအား မတ်လ ၁၀ ရက်နေ့က တရားစွဲတင်ခဲ့ကြောင်း သိရသည်။ အာဏာသိမ်းမှုကို ဖေ့ဘုတ်ပေါ်ဝေဖန်ရေးသားခဲ့သည့် ဒေါ်မို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅၀၅(က)ဖြင့် မတ်လ ၁၀ ရက်နေ့က ထားဝယ်မြို့နယ် တရားရုံးတွင် တရားစွဲတင်ခဲ့သည်။ နောက်ရုံးချိန်းကို ရမန်နှစ်ပတ် (မတ်လ ၂၄ ရက်နေ့) ပြန်ချိန်းဆိုလိုက်ကြောင်း သိရသည်။ ဒေါ်မို့အား ဖေဖော်ဝါရီ ၂၄ ရက်နေ့က သူမနေထိုင်ရာ ထားဝယ်မြို့ရှိ သတ္တုတွင်းဦးစီးဌာန ရုံးဝင်းအတွင်း ဝန်ထမ်းအိမ်ရာတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့သည်။ သူမကို လာရောက်ဖမ်းဆီးစဉ် ဗီဒီယိုဖိုင်အတွင်းမှ သားဖြစ်သူ၏ မိခင်အပေါ် ကာကွယ်ပေးလိုသည့် အသံမှာ လူထုအကြား များစွာ ဂရုဏာ သက်စေခဲ့သည်။