BREAKING
September 20, 2024

နိုင်ငံရေး

ဝဲကျွန်း Wave Money ဆိုင်ရှင် တစ်ဦး အဖမ်းခံရ

diz_admin

March 22, 2021

ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက် ကညနရုံးအနီးရှိ Wave Money ဆိုင်ပိုင်ရှင်တစ်ဦး ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ-၅၀၅-က ဖြင့် အနည်းဆုံးအမှုတစ်မှု ဖွင့်ခံထားရကြောင်း ဥပဒေကြောင်းအရ ကူညီဆောင်ရွက်နေသည့် ရှေ့နေတစ်ဦးက ပြောသည်။ အဆိုပါ ဆိုင်ပိုင်ရှင်ဖြစ်သည့် ဦးမိုးဇော်သန်းအား မတ်လ ၁၇ ရက်နေ့က နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့သည်ဟု သိရကြောင်း ၎င်းက ဆိုသည်။ ယင်းအမျိုးသားမှာ CDM အလှူငွေများကို Wave Money ဖြင့် ငွေလွှဲငွေထုတ် လုပ်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး ၎င်းထံမှ စာရွက်စာတမ်းများ သိမ်းယူသွားကြောင်း အထက်ပါရှေ့နေက ပြောသည်။ ထိုနောက် မတ်လ ၁၉ ရက်နေ့တွင် ရဲစခန်းသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးနောက် ၎င်းထံ အကူအညီတောင်းခံခဲ့ကြောင်း ယင်းရှေ့နေက ဆိုသည်။ “ရိုက်နှက်တာလည်း မရှိဘူးတဲ့ ၊ မေးပြီးတော့ စခန်းကို […]

ထားဝယ်ဝဲကျွန်းတွင် အဖမ်းခံရသူ လူငယ်များကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်

diz_admin

March 21, 2021

ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်တွင် အဖမ်းခံရသည့် လူငယ် ၁၀ ဦးကို ရာဇသတ်ကြီးပုဒ်မ-၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း အမှုလိုက်ပါကူညီဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။ မတ်လ ၁၈ ရက်နေ့လယ်ပိုင်းက ဝဲကျွန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အဖမ်းခံရခြင်းဖြစ်ပြီး လက်ရှိတွင် ထားဝယ်အကျဉ်းထောင်၌ ဖမ်းဆီးထားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ဆိုသည်။ ၎င်းတို့ကို ဖမ်းဆီးသည့်အချိန်တွင် ဆန္ဒပြပွဲနှင့်ဆက်စပ်သည့်ပစ္စည်းများပါ တွေ့ရှိဖမ်းမိကြောင်း တပ်ကောင်စီက ထုတ်ပြန်ထားသည်။ အဖမ်းခံရသူ ဆယ်ဦးတွင် အသက်မပြည့်သေးသူတစ်ဦးပါဝင်နေသည့်အတွက် ၎င်းကို အာမခံဖြင့် ပြန်လွှတ်ထားသည်ဟု ဆိုသည်။ အသက်ပြည့်သူ ကိုးဦးအား မတ်လ ၁၉ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိ ရမန်ယူထားပြီး ရမန်ပြည့်သည့်ရက်တွင် တရားစွဲတင်မည်ဟု သိရကြောင်း ဦးအောင်ဇာနည်စိုးက ပြောသည်။ “ရုံးထုတ်ခြင်း မထုတ်ခြင်းကတော့ ကိုဗစ်အခြေအနေအပေါ်မှာပဲ မူတည်တယ်ပေါ့” […]

မွန်တွင် စားသောက်ကုန် အရောင်းအဝယ် အေး

diz_admin

March 19, 2021

တပ်အာဏာသိမ်းပြီး တစ်လကျော်ကြာလာသည့်အချိန်တွင် မွန်ပြည်နယ်အတွင်း စားသောက်ကုန်များ အရောင်းအဝယ်အေးလာသည်ဟု စားသောက်ကုန်ရောင်းဝယ်နေသူတို့၏ ပြောဆိုချက်အရ သိရသည်။ အာဏာသိမ်းလိုက်သည့် အစပိုင်းရက်တို့တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် အခြားစားသောက်ကုန်ပစ္စည်းများ ပြတ်လပ်သွားသည်အထိ အရောင်းအဝယ်ရှိခဲ့သော်လည်း တစ်လကျော်ကြာလာသည့် ယခုအချိန်တွင် အရောင်းအဝယ် အေးသွားသည်ဟု ကုန်သည်တို့က ပြောသည်။ “လူတွေစိတ်ပူပြီးတော့ ဝယ်လိုက်ကြတဲ့ ဆန်အနေအထားကလည်း သူတို့မှာ အတိုင်းအတာတစ်ခုတော့ အိမ်ထဲရောက်ကြတော့ အခုတွေ့တဲ့အတိုင်းပဲ ဆန်ဆိုင်တွေ အခုကျွန်တော့်ဆိုင်မှာ ဘယ်သူမှ လာမဝယ်ဘူး၊ အရောင်းအဝယ်က ခပ်အေးအေးပဲဖြစ်နေတယ်” ဟု ဆန်ဆိုင်ပိုင်ရှင် ဦးတင်မြင့်ဦးက ပြောသည်။ စားသောက်ကုန်များ အရောင်းအဝယ်အေးလာခြင်းသည် ပြည်သူတို့ လုံလောက်စွာ ဝယ်စုထားကြသည်ဖြစ်နိုင်သလို ငွေကြေးအကြပ်အတည်း ရှိလာသည့်အတွက်ကြောင့်လည်း ဖြစ်နိုင်သည်ဟု ကုန်သည်တို့က ခန့်မှန်းပြောဆိုကြသည်။ လက်ရှိတွင် အရောင်းအဝယ်သည် ကိုဗစ်ကာလက ဖြစ်ခဲ့သည်ထက် ပိုဆိုးနေကြောင်း ကုန်သည်တို့က […]

ဝန်ကြီးချုပ် ဦးမြင့်မောင် အမှုရုံးချိန်း မစစ်ဖြစ်၊ ဧပြီလ ၁ ရက်နေ့ ပြန်ချိန်း

diz_admin

March 19, 2021

တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားစွဲခံထားရသည့် ဝန်ကြီးချုပ်ဦးမြင့်မောင်အမှုရုံးချိန်း မစစ်ဆေးဖြစ်ဘဲ ဧပြီလ ၁ ရက်နေ့ကို ပြန်ချိန်းလိုက်ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေက ပြောသည်။ ဦးမြင့်မောင်အား ပုဒ်မ- ၅၀၅(ခ)ဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲဆိုထားပြီး မတ်လ ၁၈ ရက်နေ့ ရုံးချိန်းတွင် ရုံးထုတ်နိုင်ခြင်းမရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ဆိုသည်။ ယမန်နေ့ အမှုရုံးချိန်းတွင် ကိုဗစ်ကပ်ဘေးကြောင့် ရုံးထုတ်နိုင်ခြင်းမရှိဘဲ အွန်လိုင်းဗီဒီယို စနစ်ဖြင့် ရုံးချိန်းပေးခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ဆိုသည်။ အဆိုပါ ရုံးချိန်းတွင် မှုခင်းစီမဲခန့်ခွဲမှုအစီအစဉ် (CMP) အတွက် အစည်းအဝေးလုပ်ရန် သတ်မှတ်ထားသော်လည်း ရုံးထုတ်နိုင်ခြင်းမရှိသည့်အတွက် မလုပ်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ပုဒ်မ ၅၀၅ (ခ) မှာ နိုင်ငံတော် အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ် […]

ထားဝယ်သပိတ်ခေါင်းဆောင်များ နေထိုင်သည့်အိမ်ကိုဝင်ဖမ်း၊ နှစ်ဦးအဖမ်းခံရ

diz_admin

March 18, 2021

ထားဝယ်သပိတ်ခေါင်းဆောင်များနေထိုင်သည့် နေအိမ်ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က ယနေ့ နေ့လယ်ပိုင်းက ဝင်ရောက်ဖမ်းဆီးရာ နှစ်ဦးဖမ်းခံရကြောင်း သပိတ်ခေါင်းဆောင်အချို့ထံမှ သိရသည်။ ထားဝယ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် ဦးဆောင်သူအချို့ စုပေါင်းနေထိုင်သည့် ဝဲကျွန်းရပ်ကွက်ရှိ နေအိမ်ကို မတ်လ ၁၈ ရက် နေ့လယ် နှစ်နာရီခန့်က လုံခြုံရေးတပ်ဖွဲ့များ လာဝိုင်းခဲ့ကြောင်း သပိတ်ဦးဆောင်ပါဝင်သူ တစ်ဦးက ပြောဆိုသည်။ ထိုသို့ လာရောက်ဖမ်းဆီးရာတွင် အများစုက လွတ်မြောက်ခဲ့သော်လည်း သပိတ်ခေါင်းဆောင် လူငယ်နှစ်ဦး အဖမ်းခံခဲ့ရကြောင်း ၎င်းက ပြောသည်။ တစ်ဦးမှာ အသက် ၂၂ နှစ် အရွယ် တက္ကသိုလ် ဘွဲ့ရစ လူငယ် တစ်ဦး ဖြစ်သည်။ “သပိတ်စစ်ကြောင်း မထွက်ခင် လာဖမ်းတာ”ဟု အထက်ပါ ခေါင်းဆောင်က ဆိုသည်။ ထိုသို့ ဝင်ရောက် ဖမ်းဆီးရာတွင် […]

လူနာပို့ရင်း အဖမ်းခံရသည့် ပရဟိတဝန်ထမ်း နှစ်ဦး ထောင်တစ်လစီ ချမှတ်ခံရ

diz_admin

March 18, 2021

မော်လမြိုင် တပ်မတော် ဆေးရုံသို့ သို့ လူနာပို့ပြီး အပြန် ညပိုင်းတွင် ဖမ်းဆီးခံရသည့် ကျိုက်ခမီမြို့မှ ပရဟိတစေတနာ့ဝန်ထမ်း နှစ်ဦးအား ပုဒ်မ ၁၈၈ ဖြင့် တရားစွဲခံရပြီး ထောင်ဒဏ်တစ်လစီ ချမှတ်ခံရသည်။ ကျိုက်ခမီမြို့ ဟိတကာရီ ဗုဒ္ဓဘာသာလူငယ်များအသင်းမှ ပရဟိတစေတနာ့ဝန်ထမ်း နှစ်ဦးသည် မတ်လ ၁၀ ရက်နေ့ညက ပိုးထိ အရေးပေါ်လူနာကို မော်လမြိုင် ကုတင် ၃၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ပြီး အပြန် ကျိုက်ခမီမြို့အဝင် ရာမာန်ဆီဆိုင်တွင် ဖမ်းဆီခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ စေတနာ့ဝန်ထမ်း ၂ ဦးကို ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုခဲ့ပြီး မတ်လ ၁၆ ရက်နေ့က သံဖြူဇရပ်မြို့နယ်တရားရုံမှ ထောင်ဒဏ်တစ်လ ကျခံစေရန် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။ “လူနာပို့ပြီးအပြန် ကျိုက်ခမီမြို့အဝင်မှာ ဖမ်းဆီးခံရတာပါ […]