BREAKING
September 20, 2024

နိုင်ငံရေး

တပ်ကောင်စီတွင် ပါဝင်သည်ကို လက်မခံသည့် မွန်ပါတီဝင် ၂၀ ကျော် ထပ်မံနုတ်ထွက်

diz_admin

March 25, 2021

တပ်ကောင်စီတွင် မွန်ညီညွတ်ရေးပါတီပါဝင်သည့်အပေါ် လက်မခံသည့် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ဗဟိုကော်မတီဝင်နှင့် မြို့နယ်အဆင့်ပါတီဝင် ၂၀ ဦးကျော်တို့က မတ်လ ၂၄ ရက်နေ့က ပါတီဗဟိုရုံးချုပ်ထံ စာတင်ပြီး နုတ်ထွက်လိုက်ကြောင်း သိရသည်။ မွန်ညီညွတ်ရေးပါတီအနေဖြင့် တပ်ကောင်စီတွင် ပါဝင်သွားရန် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် ဗဟိုကော်တီဝင်အများစုတို့၏ သဘောတူညီမှုဖြင့် ဆုံးဖြတ်ထားသည်။ ထိုသို့ မွန်ညီညွတ်ရေးပါတီ ပါဝင်ခြင်းသည် ပါတီအခြေခံစည်းမျဉ်းနှင့် သွေဖယ်နေသည့်အတွက် နုတ်ထွက်ရခြင်းဖြစ်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်ပါတီဝင်ဖြစ်သည့် မိကျဲကျဲညီက သူ၏ နုတ်ထွက်စာတွင် ရေသားထားသည်။ “ပါတီကနေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဆင့်ဆင့်မှာ ပါဝင်ထမ်းဆောင်တာဟာ ပါတီမူဝါဒလမ်းစဉ်အရ သွေဖယ်နေလို့ လက်ခံနိုင်ခြင်းမရှိတာကြောင့် ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ခြင်းဖြစ်တယ်” ဟု မိကျဲကျဲညီက ပြောထားသည်။ လက်ရှိတွင် မွန်ညီညွတ်ရေးပါတီအနေနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်တစ်နေရာနှင့် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်တစ်နေရာ ပါဝင်ထားသည်။ […]

ထားဝယ် ကြက်စားပြင်ရပ်ကွက်တွင် အနည်းဆုံး ခြောက်ဦးထပ်မံအဖမ်းခံရ

diz_admin

March 25, 2021

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် ယနေ့မတ်လ ၂၅ ရက် နေ့လယ် ၂ ရာရီခန့်က စစ်တပ်နှင့် ရဲပူးပေါင်းဝင်ရောက်ဖမ်းဆီးရာ အနည်းဆုံးခြောက်ဦးအဖမ်းခံခဲ့ရကြောင်း သိရသည်။ ယင်းအဖမ်းခံရသူများတွင် နည်းပညာတက္ကသိုလ်ကျောင်းသားတစ်ဦး၊ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ အလုပ်သမား သုံးဦး၊ ရပ်ကွက်အတွင်း အခန်းငှားနေထိုင်သူနှစ်ဦးဖြစ်ကြောင်း ယင်းရပ်ကွက်သားအချို့ကပြောသည်။ ယင်းအပြင် နေအိမ်တစ်ဆောင်မှ ဆိုင်ကယ်၊ စားသောက်ကုန်နှင့် အတွင်းပစ္စည်းတို့ကိုပါ သယ်ဆောင်သွားကြောင်း ၎င်းတို့ကဆိုသည်။ ယနေ့ နံနက် ၇ နာရီခန့်ကလည်း ကြက်စားပြင်ရပ်ကွက်တွင် ၁၅ ဦးအဖမ်းခံခဲ့ရပြီး အချို့ကိုနေ့လယ်ပိုင်းတွင်ပြန်လွှတ်ပေးခဲ့သည်။ ယင်းသို့လွှတ်ပေးပြီး များမကြာမီ နောက်ထပ်ခြောက်ဦး ထပ်မံဖမ်းဆီးသွားခြင်းဖြစ်သည်။

အာဏာရှင်မှန်သမျှဆန့်ကျင်ကြောင်း မွန်လူငယ်တွေ ဆန္ဒထုတ်ဖော်

diz_admin

March 24, 2021

မွန်လူငယ်များ အာဏာရှင်မှန်သမျှဆန့်ကျင်ကြောင်း မတ်လ ၂၃ ရက်နေ့က မော်လမြိုင်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မွန်လူငယ်တွေကတော့ အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး၊ မတရား ဖမ်းဆီးထိန်းသိမ်းခံရသူများ လွှတ်ပေးရေးဆိုတဲ့ တောင်းဆိုကြွေးကြော်သံတွေနဲ့ အာဏာရှင်မှန်သမျှကို ဆန့်ကျင်နေကြပါတယ်။ မော်လမြိုင်မြို့ပေါ်တွင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က ပြည်သူတွေ ဆန္ဒပြမှုများ မပြုလုပ်နိုင်အောင် မြို့အနှံ့ လုံခြုံရေး တင်းကြပ်ထားသလို လိုက်လံဖမ်းဆီး ဖြိုခွင်းမှုများရှိနေသည့်အတွက် ဆန္ဒပြသူတွေက ပြောက်ကျားပုံစံနဲ့ မြို့အနှံ့ ဆန္ဒပြမှုတွေကို ဆက်လက်လုပ်ဆောင်နေကြပါတယ်။

ကော့သောင်းတွင် လူဆယ်ဦး အဖမ်းခံရ

diz_admin

March 24, 2021

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်နှင့်‌ ရွှေပြည်သာရပ်ကွက်တို့တွင်နေထိုင်သူဆယ်ဦး မတ်လ ၂၃ ရက် နံနက်ပိုင်းက အဖမ်းခံရကြောင်း မြို့ခံအချို့ကပြောသည်။ အသင့်ပြုလုပ်ထားသည့် ဂက်စ်သေနတ်၊ မီးရှို့ပစ်ခတ်နိုင်သည့်ဓာတ်ဆီပုလင်း၊ လေးခွအစရှိသည့်ပစ္စည်းများပြုလုပ်နေကြောင်း သတင်းပေးတိုင်ကြားသူရှိသဖြင့် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း အေးရိပ်ငြိမ်ရပ်ကွက် ပေါ်ဦးလမ်းနေ မြို့ခံတစ်ဦးကဆိုသည်။ လက်ရှိတွင် ‌ကော့သောင်းမြို့ရဲစခန်းတွင် ဖမ်းဆီးထားပြီး ယနေ့‌ည‌နေသုံးနာရီအချိန်ဆက်သွယ်မေးမြန်းချက်အရ အဖမ်းခံရသူများကို ဥပဒေကြောင်းအရ လိုက်ပါကူညီသူ မရှိသေးကြောင်း မြို့ခံတစ်ဦးကဆိုသည်။ ဖော်ပြပုံမှာ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသောပုံဖြစ်သည်။

CDM မှာပါတဲ့ မော်လမြိုင် မီးရထားဝန်ထမ်းတွေကို လိုင်းခန်းမှ ပြောင်းခိုင်း

diz_admin

March 24, 2021

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်တဲ့ မော်လမြိုင် မီးရထားဝန်ထမ်း မိသားစုတွေကို စစ်ကောင်စီမှ လိုင်းခန်းကနေ အတင်းအဓမ္မပြောင်းရွှေ့ခိုင်းပါတယ်။ CDM မှာ ပါတဲ့ ဝန်ထမ်းတွေ လိုင်းခန်းကနေ မတ်လ ၂၃ ရက်နေ့ အပြီး ထွက်သွားဖို့ ဖိအားပေးပြောဆိုထားတာပါ။ မီးရထားဝန်ထမ်း မိသားစုတွေကတော့ မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းမှာ တချို့က နီးစပ်ရာဆွေမျိုးတွေဆီ ပြောင်းရွှေ့‌ပေးကြပြီး တချို့ကတော့ ပြောင်းရွှေ့ရမယ့်နေရာမရှိတဲ့အတွက် အခက်အခဲကြုံနေရတာလည်းရှိနေပါတယ်။ ဓာတ်ပုံ – Mawlamyine’s Voice

ထားဝယ် ဝဲကျွန်း အထက (၄) အနီး လူအချို့ အဖမ်းခံရ

diz_admin

March 22, 2021

ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ်ရပ်ကွက်ရှိ အထက (၄) အနီးတစ်ဝိုက် နေအိမ်များတွင် အိမ်ထောင်ဦးစီးဖြစ်သူများအား စစ်တပ်နှင့် ရဲတပ်ဖွဲ့က တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံဖမ်းဆီးခဲ့ကြောင်း ကိုယ်တွေ့ကြုံရသူ အချို့က ပြောသည်။ အဆိုပါရပ်ကွက်ရှိ အထက ၄ ကျောင်းအနီးတစ်ဝိုက်တွင် မတ်လ ၂၂ ရက်နေ့လယ်ပိုင်းက လာရောက်ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကားနှင့် ရဲကား ၁၀ စီးခန့်ပေါ်တွင် တပ်နှင့်ရဲတပ်ဖွဲ့ အင်အားအများအပြားဖြင့် လာရောက်ပြီးနောက် အိမ်ထောင်ဦးစီးကို မေးမြန်းခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသည့် အသက် ၅၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။ အိမ်ထောင်ဦးစီးမှာ ၎င်းပင်ဖြစ်ကြောင်း ဖြေလိုက်ချိန်တွင် ဖမ်းဆီးရန် လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ရန် လုပ်နေချိန်တွင် အမျိုးသားဖြစ်သူက နေအိမ်အတွင်းမှ ပြေးထွက်လာကြောင်း ၎င်းက ရှင်းပြသည်။ “အစ်မကို ဖမ်းမှာစိုးလို့ ယောင်္ကျားက […]