BREAKING
December 23, 2024

နိုင်ငံရေး

တနင်္သာရီတိုင်း ကောင်စီဥက္ကဋ္ဌ ဦးတင်အောင် နုတ်ထွက်

diz_admin

August 1, 2021

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်အား သြဂုတ်လ ၁ ရက်နေ့တွင် တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း နစကကောင်စီက ထုတ်ပြန်သည်။ ဦးတင်အောင် အနားယူပြီးနောက် မည်သူ့ကို အစားထိုးခန့်ထားမည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။ ၎င်းသည် တနင်္သာရီတိုင်းဒေသကြီး တရားသူကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် မေလတွင် တိုင်းတရားသူကြီးချုပ်အဖြစ်မှ အငြိမ်းစားယူပြီးနောက် တိုင်းစီမံအုပ်ချုပ်ရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ခြင်းဖြစ်သည်။ တိုင်းတစက ကောင်စီဥက္ကဋ္ဌအဖြစ်မှ အနားယူလိုက်သည့်ကိစ္စနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန်အတွက် ဦးတင်အောင်ထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် မေးမြန်းခွင့်မရခဲ့ပေ။ တနင်္သာရီတိုင်း ကောင်စီဥက္ကဋ္ဌအပြင် စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်းကောင်စီ ဥက္ကဋ္ဌများကိုလည်း တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း တပ်ကောင်စီက ထုတ်ပြန်ထားသည်။ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီတွင် ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် အရာရှိကြီးတစ်ဦး၊ ဒေသကိုယ်စားပြုသူ ၁ ဦး သို့မဟုတ် […]

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို ပြန်ဖြစ်

diz_admin

August 1, 2021

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအား တိုင်းအစိုးရအဖွဲ့အဖြစ် အမည်ပြောင်းလဲလိုက်ပြီးနောက် ဦးမြတ်ကိုအား ဝန်ကြီးချုပ်အဖြစ် ခန့်လိုက်ကြောင်း ဩဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဦးမြတ်ကိုသည် ယခင်ဦးသိန်းစိန်အစိုးရလက်ထက်က တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။ ထို့အပြင် NLD အစိုးရလက်ထက်တွင် နယ်လုံဝန်ကြီးနှင့်နစက ကောင်စီလက်ထက်တွင် တိုင်းကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးကြီးကျော်ဇေယျကိုလည်း မူလစစ်ဘက်တာဝန် ပြန်လည်ထမ်းဆောင်ရန် ထုတ်ပြန်ထားသည်။ နကစ‌ကောင်စီက ဖွဲ့စည်းလိုက်သည့် တိုင်းအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်သားရေးရာဝန်ကြီးနှင့် ဥပဒေချုပ် တို့ ပါဝင်မည်ဖြစ်ကြောင်း နစက ကောင်စီ၏ […]

လောင်းလုံး ကျေးလက်သပိတ်

diz_admin

July 31, 2021

လောင်းလုံးမြို့နယ်ရှိ ညောပြင်ရွာ၊ဝဗျောကျေးရွာနဲ့ ဝေဒီကျေးရွာတွေမှာ ဇူလိုင်လ ၃၀ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

လောင်းလုံးမြို့ တောင်ပိုင်းကျေးလက်သပိတ်

diz_admin

July 30, 2021

လောင်းလုံးမြို့တောင်ပိုင်းရှိ လေးသွန်းခံကျေးရွာ၊ စစ်ပြဲကျေးရွာ၊ ကညုံကျွန်းကျေးရွာနဲ့ အောက်ကျောက်ဝပ်ကျေးရွာတွေမှာ ဇူလိုင်လ ၂၉ ရက်နဲ့ ၃၀ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ပါတယ်။

လောင်းလုံး ကျေးလက်သပိတ်

diz_admin

July 29, 2021

လောင်းလုံးမြို့နယ်ရှိ ညောပြင်ရွာ ၊ညင်းမော်ရွာနဲ့ အောက်ကျောက်ဝပ်‌ ကျေးရွာတွေမှာ ဇူလိုင်လ ၂၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။ ဝေဒီကျေးရွာမှာတော့ ဇူလိုင်လ ၂၉ ရက်နေ့မှာ ကိုဗစ်ရောဂါကာကွယ်ရေး လူထုအသိပညာပေးလှုပ်ရှားမှုဆောင်ရွက်ခဲ့ပါတယ်။

တကူကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်အနီး ပေါက်ကွဲမှုဖြစ်

diz_admin

July 29, 2021

တနင်္သာရီမြို့နယ် တကူကျေးအုပ်စု အုပ်ချုပ်ရေးမှူး နေအိမ်အနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ယင်းကျေးရွာသားများ ထံမှသိရသည်။ တကူကျေးရွာအုပ်စု သံတိုက်ကျေးရွာတွင်ရှိသည့် တပ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဉီးကျော်ငွေ၏ နေအိမ်အနီးတွင် ဇူလိုင်လ ၂၈ ရက် ည ၈ နာရီကျော်က ပေါက်ကွဲခဲ့ကြောင်း ကျေးရွာသားအချို့က ဆိုသည်။ “အသံက တော်တော်ကျယ်တယ်။ နှစ်လုံးပေါက်ကွဲတာကြားရတယ်။ ပဲ့တင်သံနဲ့ဆို သုံးလုံးလို ဖြစ်နေတာပေါ့” ဟု သံတိုက်ကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရပြီး မည်သည့်အဖွဲ့က ဖောက်ခွဲသည်ကိုလည်း မသိရကြောင်း ဒေသခံ အချို့က ဆိုသည်။ “ခုထိတော့ လာပြီးစစ်ဆေးတာ မတွေ့ရသေးဘူး” ဟု အထက်ပါရွာသားက ဇူလိုင်လ ၂၉ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပြောသည်။ အဆိုပါ သံတိုက်ကျေးရွာတွင် […]

ထားဝယ်ဒေသ သပိတ်

diz_admin

July 28, 2021

ထားဝယ်မြို့မှာ ဇူလိုင်လ ၂၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။ ဒီအပြင် သရက်ချောင်းမြို့နယ် သင်းကျွန်းရွာ၊ လောင်းလုံးမြို့နယ်ရှိ မဲမော်ရွာနဲ့ ကုန်းဇရပ်ကျေးရွာတွေမှာ ဆန္ဒပြခဲ့ပါတယ်။ ဇူလိုင်လ ၂၇ ရက်ကလည်း ရေဖြူမြို့နယ်ရှိ ကံပေါက်ဒေသနဲ့ လောင်းလုံးမြို့နယ်ရှိ အောက်ကျောက်ဝပ်ရွာ၊ ဝဗျောကျေးရွာတွေမှာ ဆန္ဒပြခဲ့ပါတယ်။ 

လောင်းလုံးကျေးလက်သပိတ်

diz_admin

July 26, 2021

လောင်းလုံးမြို့နယ်ရှိ ညင်းမော်၊ ကုန်းဇရပ်၊ အောက်ရေဖြူစတဲ့ကျေးရွာတွေမှာ ဇူလိုင်လ ၂၃ ရက်နေ့ နဲ့ ၂၄ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။