BREAKING
September 20, 2024

နိုင်ငံရေး

မြိတ်တွင် တစ်ရက်နီးပါး အဆက်အသွယ်မရသူ အလောင်းပြန်ရ

diz_admin

March 29, 2021

မြိတ်မြို့တွင် မတ်လ ၂၇ ရက်နေ့ ညနေကတည်းက အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူ တစ်ဦး အလောင်းပြန်ရခဲ့ကြောင်း ရပ်ကွက်သားများ ထံမှ သိရသည်။ အလောင်းပြန်ရသည့် သေဆုံးသူမှာ အသက် ၂၇ နှစ် အရွယ်ရှိ ကိုဘာဘူ (ခေါ်) ကိုထင်လင်းထိုက် ဖြစ်ပြီး မြိတ်မြို့၊ မကန်တောင်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။ မတ်လ ၂၇ ရက်ညနေက သရက်သီးသွားခူးမည်ဟုပြောဆိုကာ အဖော်တစ်ဉီးနှင့်အတူ ဆိုင်ကယ်ဖြင့် ထွက်သွားစဉ် ဖုန်းအဆက်အသွယ် မရတော့ဘဲ မတ်လ ၂၈ ရက် မွန်းတည့်အချိန်ရောက်မှ အလောင်းလာယူရန် ရဲစခန်းမှ အကြောင်းကြားလာသည်ဟု ၎င်း၏ဆွေမျိုးတော်စပ်သူ များကပြောသည်။ ၎င်းနှင့်အတူသွားခဲ့သည့် အဖော်သည်လည်း လက်ရှိအချိန်အထိ ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ သေဆုံးသူတွင် ဇနီးနှင့်သမီးတစ်ဉီး ကျန်ရစ်ခဲ့ကြောင်း သိရသည်။ “ဒီနေ့နေ့လယ်ကပဲ အသုဘပို့လိုက်ပါပြီ။ ဘယ်လိုဒဏ်ရာတွေ […]

ထားဝယ် ကြက်စားပြင်တွင် ကျဆုံးသွားသူအား နာရေးအခမ်းအနားမဲ့ သင်္ဂြိုဟ်

diz_admin

March 29, 2021

မတ်လ ၂၅ ရက် မနက်ပိုင်းက သေနတ်ဖြင့် အပစ်ခံရခြင်းကြောင့် ကျဆုံးသွားသည့် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်မှ အသက် ၃၆ နှစ်အရွယ် ဦးကျော်သူ၏ ရုပ်အလောင်းကို ယနေ့ မတ်လ ၂၈ ရက်မှာ သဂြိုလ်ခဲ့သည်။ ဦးကျော်သူသည် ဧရာဝတီတိုင်းဘက်ကနေ ထားဝယ်တွင် လာရောက်အခြေချပြီး ကုန်တင်ကုန်ချအလုပ်ကို လုပ်ကိုင်နေသူ ဖြစ်သည်။ ဦးကျော်သူသည် သေနတ်အပစ်ခံရသည့်နေ့ မနက်ပိုင်းအလုပ်သွားရန် ထွက်သွားပြီး မကြာမီ ကြက်စားပြင်ရပ်ကွက်တွင် ပစ်ခတ်မှုများ ဖြစ်ပွားနေစဉ် သေနတ်မှန်ခဲ့ခြင်း ဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်စန်းစန်းထွေးကပြောသည်။ ထိုသို့ ပစ်ခတ်နေစဉ် ရပ်ကွက်အတွင်းမှ လူအချို့မှာ လယ်ကွင်း အတွင်း ထွက်ပြေးကြကြောင်း ကာယကံရှင် အချို့ထံမှ သိရသည်။ ဦးကျော်သူမှာ ထိုသို့ လယ်ကွင်းအတွင်း ထွက်ပြေးစဉ် အပစ်ခံရခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။ […]

ကော့သောင်း ကျဆုံးငါးဦး တရက်တည်း သင်္ဂြိုဟ်

diz_admin

March 29, 2021

စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြရင်း ဖြိုခွင်းခံရမှုကြောင့် မတ်လ ၂၇ ရက်က ကော့သောင်းမြို့တွင် ကျဆုံးသွားသူ ငါးဦးကို ယနေ့ မတ်လ ၂၈ ရက်တွင် တစ်ရက်တည်း သင်္ဂြိုဟ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ကျဆုံးသွားသူများမှာ တစ်မိုင်တောင်ကုန်းရပ်နေ အသက် ၂၁ အရွယ် မောင်ရဲထက် (ခ) စစ်ပိုင်ဦး၊ ရွှေဇင်ယော်ရပ်ကွက်နေ အသက် ၂၁ နှစ်အရွယ် မခိုင်ဇင်ထွန်း နှင့် အသက် ၄၂ နှစ်အရွယ် ဦးဇော်မင်းဦး၊ ရွှေပြည်သာရပ်ကွက်နေ အသက် ၁၇ နှစ်အရွယ် မောင်ရန်ပိုင်ဦးနှင့် အသက် ၄၇ နှစ်အရွယ် ဦးတင်ထွန်းဝင်းတို့ ဖြစ်ကြောင်း သေဆုံးသူတို့၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်သူတစ်ဉီးက ဆိုသည်။ ဦးဇော်မင်းဦး၊ ဦးတင်ထွန်းဝင်း၊ မောင်ရန်ပိုင်စိုးတို့သုံးဦး၏ အလောင်းကို စစ်တပ်ဘက်က ကော့သောင်းဆေးရုံသို့ သယ်ဆောင်သွားပြီးနောက် […]

မြိတ်မြို့မှ အဖမ်းဆီးခံ အလှကုန်ရောင်းသည့် အမျိုးသမီး ရှေ့နေ ရှာမရ

diz_admin

March 29, 2021

ထိုင်းနိုင်ငံကအလှကုန်ပစ္စည်းများကို အွန်လိုင်းမှ တစ်ဆင့် ပြည်တွင်းတွင် ဖြန့်ဖြူးရောင်းချနေသည့် မြိတ်မြို့မှ ဒေါ်မို့မို့အောင်အား ဖမ်းဆီးတရားစွဲထားသည့်ကိစ္စ ရှေ့နေရှာမရသဖြင့် ဥပဒေကြောင်းအရ ဖြေရှင်းရန် အခက်အခဲဖြစ်နေကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။ ဆန္ဒပြရာတွင်ပါဝင်သူများနှင့် ဒဏ်ရာရရှိသူများအား လိုအပ်သည့်အကူညီများ ပံ့ပိုးပေးမည်ဟု မတ်လ ၂၆ ရက်က ဒေါ်မို့မို့အောင်၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။ ယင်းသို့ရေးသားသည့်နေ့ ည ၁၁ နာရီခန့်တွင် သူမအား စစ်တပ်နှင့်ရဲတပ်ဖွဲ့ လာရောက်ဖမ်းဆီးခဲ့ပြီး ထိုင်းဘတ်ငွေ သိန်းနှစ်ရာကျော်နှင့် မြန်မာကျပ်ငွေ သိန်းပေါင်း ၁၅၀၀ အား တရားမဝင်ငွေကြေးဟု စွပ်စွဲကာ သိမ်းဆည်းသွားကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ ဒေါ်မို့မို့အောင်အား မြိတ်မြို့မ ရဲစခန်းတွင်ဖမ်းဆီးထားပြီး ပုဒ်မ ၅၀၅ (က ) ဖြင့် တရားစွဲထားကြောင်း ၎င်းကပြောကြားသည်။ သို့သော် အမှုလိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေများနှင့်ဆက်သွယ်သော်လည်း […]

တပ်ပေါင်းစု သပိတ်စစ်ကြောင်း

diz_admin

March 28, 2021

ထားဝယ်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)၊ NLD လူငယ်၊ LGBT သပိတ်စစ်ကြောင်းများနှင့် ရပ်ကွက်နေပြည်သူများ တပ်ပေါင်းစုသပိတ်စစ်ကြောင်းသည် ယနေ့မတ်လ ၂၈ ရက် နေ့လည် ၂ နာရီခန့်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။