BREAKING
September 20, 2024

နိုင်ငံရေး

ဖိုးတိုးရဲ့ ငါးမိနစ် ခရီး

diz_admin

April 1, 2021

နှစ်ထပ်တိုက်အိမ်တစ်လုံးရဲ့ အပေါက်ဝမှာ မျက်ရည်စတွေနဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက်။ လက်ထဲမှာတော့ ဘောင်ခတ်ထားတဲ့ မောင်ကျော်မင်းလတ် ဓာတ်ပုံတစ်ပုံကိုင်ဆောင်ထားပါတယ်။ သူ့ချစ်သူကောင်လေးရဲ့ဓာတ်ပုံကို ထွေးပွေ့ပြီး နောက်ဆုံးခရီးကိုလိုက်ပါပို့ဆောင်ဖို့ အဆင်သင့်စောင့်နေတာ ဖြစ်ပါတယ်။ အိမ်ခေါ် ဖိုးတိုး လို့ အမည်ရတဲ့ မောင်ကျော်မင်းလတ်ဟာ မတ်လ ၂၇ ရက်က သူငယ်ချင်းသုံးယောက်နဲ့အတူ ဆိုင်ကယ်စီးသွားနေရင်း အာဇာနည်လမ်းပေါ်မှာ စစ်တပ်ကားနဲ့တိုးပြီး အပစ်ခံလိုက်ရလို့ ကျဆုံးသွားရတာဖြစ်ပါတယ်။ဖိုးတိုးဟာ အလူမီနီယံ လုပ်ငန်းတစ်ခုမှာ အလုပ်သမားတစ်ယောက်ပါ။ ရှစ်တန်းကတည်းက ကျောင်းထွက်ပြီး မိသားစုကို လုပ်ကျွေးနေတယ်လို့ ဆိုပါတယ်။ “ခဏလေးပဲအမေ” လို့ ပြောသွားတာလို့ မောင်ကျော်မင်းလတ်ရဲ့ မိခင်က ဆိုပါတယ်။ ထားဝယ်မြို့ အာဇာနည် လမ်းပေါ်မှာ စုစုပေါင်း သူငယ်ချင်း သုံးဦး ဆိုင်ကယ် စီးလာရာမှာ စစ်တပ်နဲ့ ရဲက ပစ်ကတ်ကားပေါ်ကနေ သေနတ်နဲ့ ပစ်ခဲ့တာပါ။ အလယ်မှာ […]

တရားလွှတ်တော်ရှေ့နေတစ်ဦး အပါအဝင် ကော့သောင်းတွင် လူအချို့ အဖမ်းခံရ

diz_admin

April 1, 2021

ကော့သောင်းမြို့တွင် မတ်လ ၃၁ ရက် ညနေပိုင်းက တရားလွှတ်တော်ရှေ့နေတစ်ဦးအပါအဝင် အနည်းဆုံးသုံးဦးကို ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ရွှေဇင်ယော်ရပ်ကွက်နေ တရားလွှတ်တော်ရှေ့နေ ဦးဇင်မျိုးနှင့် အေးမြကန်သာ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးဟောင်း ဦးဂျပန်အပါအဝင်း အနည်းဆုံး သုံးဦးဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မိသားစုဝင်တို့ ထံမှ သိရသည်။ ဧည့်စာရင်းစစ်ဆေးမည်၊ လက်နက်ရှာဖွေမည်ဟုဆိုကာ ရှေ့နေ ဦးနေမျိုးအိမ်အားရှာဖွေပြီး ကွန်ပျူတာနှစ်လုံးကိုပါ သိမ်းဆည်းသွားကြောင်း မိသားစုဝင်းတစ်ဦးကဆိုသည်။ “ဘာကြောင့်ဖမ်းတယ်၊ ဘယ်ပုဒ်မနဲ့တရားစွဲမယ်ဆိုတာ မသိရသေးဘူး” ဟု မိသားစုဝင်တစ်ဦးကဆိုသည်။ ကော့သောင်းမြို့ခံအချို့ကမူ ဦးဇင်မျိုးသည် ရွေးကောက်ပွဲကာလက NLD ပါတီနှင့် အဆက်အသွယ်ရှိခြင်း၊ ဆန္ဒပြပြီးအဖမ်းခံရသူများကို ဥပဒေအကြံပေးခြင်းဖြင့် ကူညီပေးနေသူဖြင့်သောကြောင့် ဖမ်းခံရခြင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပေးပြောဆိုကြသည်။

ထားဝယ် CCTV မှတ်တမ်းမှ လူငယ်သေဆုံးဒဏ်ရာ တစ်လက်မခန့် နက်ဟုဆို

diz_admin

March 30, 2021

ထားဝယ်တွင် လူငယ် သုံးဦး ဆိုင်ကယ် စီးလာစဉ် အပစ်ခံရပြီး သေဆုံးသွားခဲ့သော ကိုကျော်မင်းလတ်၏ ဒဏ်ရာမှာ တစ်လက်မခန့် နက်ကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။ မတ်လ ၂၇ ရက်နေ့က ဆိုင်ကယ်စီးသွားနေချိန် ရဲနှင့် စစ်တပ်က ကားပေါ်မှ ပစ်ခတ်နေချိန်တွင် ဆိုင်ကယ် လဲကျသွားခဲ့ပြီး ကိုကျော်မင်းလတ်မှာ ဒဏ်ရာဖြင့် လဲကျ ကျန်ရစ်ကာ ကျန်နှစ်ဦးမှာ ထွက်ပြေးသွားခဲ့သည်။ ကိုကျော်မင်းလတ်မှာ ကနဦးတွင် ဆိုင်ကယ်၏ ဘယ်ဘက်ကို လဲကျမလို ဖြစ်ခဲ့သော်လည်း ဆိုင်ကယ်လဲသည့် ညဘက်သို့ ပြန်လဲကျသွားခဲ့ကြောင်း CCTV မှတ်တမ်းတွင် တွေ့ရသည်။ ယင်းနောက် ဒဏ်ရာရသည့် ကိုကျော်မင်းလတ် ခေါ် ကိုဖိုးတိုးအား ကားပေါ်သို့ တင်ဆောင်သွားသည်ကို တွေ့ရသည်။ ယင်းအဖြစ်အပျက်ကို မှတ်တမ်းတင်ထားနိုင်သော CCTV ရုပ်သံမှာ အများပြည်သူအကြား ပျံ့နှံ့သွားခဲ့သည်။ […]

ကော့သောင်း ပစ်ခတ်မှု ဆက်ဖြစ်၊ ထိခိုက်ကျဆုံးမှု ရှိ

diz_admin

March 30, 2021

မြန်မာနိုင်ငံ တောင်ဘက်စွန်း ကော့သောင်းမြို့တွင် မတ် ၃၀ ရက်နေ့တွင် ဆန္ဒပြရန် လူစုစည်းသည့် နံနက် ၁၀ နာရီကျော်မှစ၍ ယခုညနေပိုင်းအထိ ပစ်ခတ်မှုများရှိနေဆဲဖြစ်ပြီး ထိခိုက်ကျဆုံးမှုလည်း ရှိနေကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ရွှေဇင်ယော်ရပ်ကွက်၊ အေးရိပ်ငြိမ်၊ ရွှေပြည်သာရပ်ကွက်တို့တွင် ခံတပ်များကို စစ်တပ်နှင့်ရဲတို့က လိုက်လံဖျက်ဆီးရာတွင် ထိုသို့ ပစ်ခတ်မှုဖြစ်ပွားနေခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။ “အခြေအနေတော်တော်ဆိုးနေတယ်။ မြို့ထဲမှာက စစ်တပ်တွေက နေရာလွတ်မကျန်အောင်ကို ကင်းတွေချထားတယ်။ လူထုအုံကြွလို့မရအောင်ဆိုပြီး” ဟု မြို့ခံတစ်ဦးက ဆိုသည်။ ယင်းသို့ ပစ်ခတ်မှုကြောင့် အသက် ၂၂ ဝန်းကျင် လူငယ်တစ်ဦးနှင့် အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး ကျဆုံးသွားကြောင်း မြို့ခံအချို့ကပြောဆိုသည်။ သေဆုံးသူများ၏ အမည်၊ ကိုယ်ရေးများကို ထပ်မံစုံစမ်းနေဆဲ ဖြစ်သည်။ ယင်းအပြင် ထိခိုက်ဒဏ်ရာ […]

ကော့သောင်းတွင် တစ်ဦးထပ်မံကျဆုံး၊ ယနေ့ စုစုပေါင်း သုံးဦး ကျ

diz_admin

March 30, 2021

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ရေခဲစက်အနီးတွင် ယနေ့ မတ်လ ၃၀ ရက် အမျိုးသားတစ်ဦး ထပ်မံ ကျဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ကျဆုံးသူမှာ အသက် ၂၁ ဝန်းကျင် ကိုသန့်ဇင်ဦး ဆိုသူဖြစ်ကြောင်း ၎င်းမြို့ခံကဆိုသည်။ ယင်းမတိုင်မီက အသက် အသက် ၂၂ ဝန်းကျင်နှင့် အသက် ၄၄ နှစ်အရွယ် အမျိုးသားနှစ်ဦးကျဆုံးခဲ့ပြီးဖြစ်‌ရာ ယနေ့ကျဆုံသူ သုံးဦးရှိပြီဖြစ်ကြောင်း မြို့ခံအချို့ကဆိုသည်။ ယခုအချိန်တွင် ကော့သောင်း ရွှေပြည်သာရပ်ကွက်အတွင်း ပစ်ခတ်မှုများ ဖြစ်ပွားနေဆဲ ဖြစ်သည်။