BREAKING
September 20, 2024

နိုင်ငံရေး

ရာသီဥတုကြောင့် မွန် ဆားကြမ်းထုတ်လုပ်မှု ရပ်

diz_admin

April 5, 2021

မိုးရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ ဆားကြမ်းထုတ်လုပ်မှုလုပ်ငန်းများ ရပ်နားထားရသည်ဟု ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။ ဖေဖော်ဝါရီလအတွင်းနှင့် ယခုဧပြီလဆန်းပိုင်းတွင် ရွာသွန်းခဲ့သည့် မိုးကြောင့် ဆားကွင်းများပျက်စီးသွားပြီး ဆားဆက်လက်ထုတ်လုပ်ရန်လည်း ရာသီဥတု ပုံမှန်မဖြစ်သေးသည့်အတွက် ရပ်နားထားသည်ဟု သံဖြူဇရပ်မြို့နယ် ပငဆားကွင်းမှ ဆားလုပ်ငန်းရှင် နိုင်ဟုက ပြောသည်။ “ဆားကွင်းတွေအကုန်လုံးက ပျက်သွားပြီး ဆက်လုပ်ဖို့က ရာသီဥတုအခြေအနေကို စောင့်ကြည့်နေတယ်၊ နေပူလာတာကို စောင့်နေတယ်ပေါ့။ အခု ရာသီဥတုအခြေအနေနဲ့က ဘာမှ ဆက်မလုပ်ရဲသေးဘူး၊ ဆားထုတ်လုပ်မှုတွေ ရပ်ထားရတာပေါ့” ဟု ဆားလုပ်ငန်းရှင် နိုင်ဟုက ပြောသည်။ ယမန်နှစ်ဆားထုတ်လုပ်ရာသီတွင် ကိုဗစ်ကပ်ဘေးကြောင့် ဆားအရောင်းအဝယ်မရှိဘဲ ဆားစျေးထုတ်လုပ်မှုကုန်ကျစရိတ်အောက်အထိ ကျသွားသည့်အတွက် ဆားတောင်သူတို့ အခက်အခဲ တွေ့နေကြောင်း ဆားလုပ်ငန်းရှင်တို့က ပြောသည်။ ထိုကဲ့သို့သော အခက်အခဲများကြားက အရှုံးခံပြီး လုပ်ကိုင်နေကြရသည့်အနေအထား၌ ယခုအခါ ရာသီဥတုကပါ ဖျက်ဆီးသည့်အတွက် […]

ထားဝယ်ရှိ ဆေးလိပ်ကုမ္ပဏီကို ဝင်စီး၊ နှစ်ဦးအဖမ်းခံရ

diz_admin

April 5, 2021

ထားဝယ်မြို့သစ် ၁၃ လမ်းရှိ ဆေးလိပ်ဖြန့်ချိရေးကုမ္ပဏီတစ်ခု၏ ထားဝယ်ရုံးခွဲတာဝန်ခံနှင့် ဝန်ထမ်းတစ်ဦးကို ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းက ရဲနှင့်စစ်သားများက ဖမ်းဆီးသွားကြောင်း မိသားစုဝင်ထံမှ သိရသည်။ မြို့သစ်အတွင်းရှိ Fuxing Brother Groups ကုမ္ပဏီ၏ ထားဝယ်ရုံးခွဲကို ရဲနှင့် စစ်သားများက ဝင်ရောက်ရှာဖွေပြီးနောက် အသက် ၃၀ ကျော်ရှိ ရုံးခွဲတာဝန်ခံနှင့် ကုမ္ပဏီဝန်ထမ်းတစ်ဦးတို့အား ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရုံးခွဲတာဝန်ခံ၏ မိသားစုဝင်တစ်ဦးက Dawei Watch သို့ ပြောသည်။ “အခုထိ ဘယ်ကိုခေါ်သွားတယ်ဆိုတာ မသိရသေးဘူးရှင်” ဟု အဆိုပါ မိသားစုဝင်က ပြောသည်။ ဖမ်းဆီးခံရသည့် ရုံးတာဝန်ခံနှင့် ဝန်ထမ်းမှာ ၎င်းတို့၏ လစာမှ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) အတွက် ငွေကြေးလှူဒါန်းသည်ဟုဆိုကာ ဝင်ရောက်ဖမ်းဆီးသည်ဟု ကြားရကြောင်း ၎င်းက […]

ထားဝယ်မြို့ပေါ် ဒရမ်သမားနှင့် ဇနီး အဖမ်းခံရ

diz_admin

April 2, 2021

ထားဝယ်သပိတ်စစ်ကြောင်းတွင်ပါဝင်လေ့ရှိသူ အသက် ၃၅ နှစ်အရွယ် ကိုဇေလင်းဦး နှင့် ဇနီး မနှင်းစုလှိုင် နှစ်ဦးအား ကျောက်မော်ရပ်၊ ကျန်းမာရေးလမ်းတွင် ထားဝယ်မြို့တွင် မတ်လ ၃၁ ရက် နေ့လယ်ပိုင်းက အဖမ်းခံရကြောင်း သိရသည်။ ကိုဇေလင်းဦးမှာ တေးဂီတအဖွဲ့တစ်ခုတွင် ဒရမ်တီးသူတစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူမှာ ကိုဗစ်ကာလတွင် စင်ကာပူမှ ပြန်လာသူဖြစ်သည်ဟု ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။ အဆိုပါလင်မယားနှစ်ဦးမှာ အိုးလုပ်ပြင်ရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီး စစ်အာဏာရှင်တော်လှန်ရေး ဆန္ဒပြပွဲများတွင် ပါဝင်နေသူဖြစ်သည်ဟု သိရသည်။ ၎င်းတို့နှစ်ဦးကို မဖမ်းဆီးမီ ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်စစ်ဆေးရေးဂိတ်တွင် အသက် ၃၆ နှစ်အရွယ်ရှိ ကိုမောင်မောင်ဝင်း ဖမ်းမိခဲ့ပြီး ကွင်းဆက်တရားခံအဖြစ် ကိုဇေလင်းဦးတို့ လင်မယားကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း မြဝတီရုပ်မြင်သံကြားက မတ်လ ၃၁ ရက် ည ၈ နာရီသတင်းတွင် […]

ထားဝယ် ကြက်စားပြင်တွင် အနည်းဆုံး ရှစ်ဦးအဖမ်းခံရ

diz_admin

April 2, 2021

လက်နက်ရှာဖွေသည်ဟုဆိုကာ စစ်တပ်များ ဧပြီလ ၂ ရက် ညနေ ၃ နာရီအချိန်တွင် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်အတွင်းသို့ ဝင်ရောက်လာပြီး ပြည်သူအချို့ကို ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ရပ်ကွက်အတွင်း ပန်းရံလုပ်နေသူ ၇ ဦး၊ နေအိမ်တွင်နေထိုင်သူတစ်ဦးတို့ကို ဖမ်းဆီးသွားပြီး NLD ပါတီအလံထောင်ထားသည့်နေအိမ်၊ ခြံစည်းရိုးအချို့ကိုလည်း ဖျက်ဆီးသွားကြောင်း ယင်းရပ်ကွက်တွင်နေထိုင်သူအချို့က ပြောသည်။ “တစ်အိမ်ဝင်၊ တစ်အိမ်ထွက် လိုက်ရှာကြတာ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးကဆိုသည်။ ထားဝယ်မြို့ရှိ ဝဲကျွန်း၊ ကြက်စားပြင် စသည့်ရပ်ကွက်များ အတွင်းသို့ စစ်တပ်က မကြာခဏဆိုသလို ဝင်ရောက်ပစ်ခတ်၊ ဖမ်းဆီး လေ့ရှိသည်။

ထားဝယ်သပိတ်အဖွဲ့ဝင် ကိုကျော်ထွေးအမှု ဧပြီ ၇ ရက်ပြန်ချိန်း၊ ဝဲကျွန်းတွင် ဖမ်းမိအသက်မပြည့်ကလေး တရားရုံးအာမခံရ

diz_admin

April 2, 2021

ထားဝယ်သပိတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုကျော်ထွေးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားပြီး ဧပြီလ ၇ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။ ကိုကျော်ထွေးမှာ မတ်လ ၁၀ ရက်နေ့က ထားဝယ်မြို့သစ် ၄ လမ်းရှိ ကားဝပ်ရှော့တစ်ခုတွင် အဖမ်းခံရခြင်းဖြစ်သည်။ ၎င်းအမှုကို မတ်လ ၂၄ ရက်နေ့ရုံးချိန်းတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲတင်ခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ချောစုလှိုင်က ဆိုသည်။ ယင်းနေ့တွင် ကိုကျော်ထွေးနှင့် အွန်လိုင်းဗီဒီယိုစနစ်ဖြင့် တွေ့ဆုံခဲ့ကြောင်း ၎င်းက ပြောသည်။ကိုကျော်ထွေးအမှုကို ဧပြီလ ၇ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားသည်။ “တရားလိုလာရင် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (CMP)လုပ်မယ်” ဟု ဒေါ်ချောစုလှိုင်က ပြောသည်။ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဆိုသည်မှာ အမှုများကို မြန်ဆန်စွာ စစ်ဆေးနိုင်ရန် […]

၀န်ကြီးချုပ်ဦးမြင့်မောင်အမှု ခြောက်လအပြီး စစ်ဆေးမည်

diz_admin

April 1, 2021

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးတရားစွဲခံထားရသည့် ဝန်ကြီးချုပ် ဦးမြင့်မောင်အမှုကို ခြောက်လအတွင်း အပြီးစစ်ဆေးရန် ဆုံးဖြတ်ခဲ့ကြောင်း အမှုလိုက်ပါကူညီနေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ပြောကြားသည်။ ဦးမြင့်မောင်အား ပုဒ်မ- ၅၀၅(ခ)ဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲဆိုထားပြီး ဧပြီလ ၁ ရက်နေ့ရုံးချိန်းကို ထားဝယ်ထောင်အတွင်းရှိ ယာယီတရားရုံးတွင် စစ်ဆေးခဲ့ကြောင်း ၎င်းက ဆိုသည်။ အဆိုပါ ရုံးချိန်းတွင် မှုခင်းစီမဲခန့်ခွဲမှုအစီအစဉ် (CMP) အစည်းအဝေးလုပ်ပြီးနောက် အမှုအား ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးစီရင်ရန် ဆုံးဖြတ်ကြကြောင်း ဦးအောင်ဇာနည်စိုးက ပြောသည်။ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ဆိုသည်မှာ အမှုများကို မြန်ဆန်စွာ စစ်ဆေးနိုင်ရန် အမှုဖြစ်သည့်နှစ်ဦးနှစ်ဖက်ကို စစ်ဆေးမည့် ရက်အားကြိုတင်ညှိနှိုင်း ချိန်းဆိုခြင်းဖြစ်ပြီး အမှုများကို အချိန်ကြန့်ကြာခြင်းမရှိဘဲ ဆုံးဖြတ်ချက်အမိန့်ချနိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး တရာလွှတ်တော်ရုံးက ထုတ်ပြန်ထားသည်။ “သာမန်ရိုးရှင်းတဲ့အမှုအဖြစ် သတ်မှတ်ပြီးတော့ ရက်ပေါင်း […]