BREAKING
September 20, 2024

နိုင်ငံရေး

ရေးမြို့နယ်အတွင်း KNU နှင့် စစ်တပ် တိုက်ပွဲဖြစ်

diz_admin

April 7, 2021

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ် KNU တပ်မဟာ ၆ နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း KNU နှင့် ဒေသခံတို့ထံမှ သိရသည်။ KNU တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် မာန်အောင်ကျေးရွာသည် မွန်ပြည်နယ် ရေးမြို့နယ်အတွင်း တည်ရှိသည်။ ယနေ့ ဧပြီလ ၆ ရက်နေ့ ည ၆ နာရီ ၄၀ မိနစ်အချိန်ခန့်ကစပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ တိုက်ပွဲကြောင့် ရွာသားတစ်ဦး ပေါင်တွင် ကျည်ထိမှန်ခဲ့ကြောင်း KNU တပ်မဟာ ၆ က ထုတ်ပြန်ထားသည်။ တိုက်ပွဲဖြစ်ပွားနေသည့်နေရာသည် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း နယ်စပ် မလွှဲတောင်နှင့်လည်း နီးသည်ဟု သိရသည်။ KNU […]

ဆန်ဈေး အကျဘက်ဦးတည်

diz_admin

April 6, 2021

ထားဝယ်ဆန်ဈေးကွက်အတွင်း ရန်ကုန်ဆန် အမျိုးအစားအချို့ ဈေးအကျဘက်သို့ ဦးတည်နေကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။ လက်ရှိတွင် နွေစပါးပေါ်ချိန်ဖြစ်သည့်အတွက် ရန်ကုန်ဆန် အမျိုးအစားတစ်ခုဖြစ်သည့် ဇီယာအုပ်စု ဆန်တစ်မျိုးမှာ ၂၄ ပြည်တစ်အိတ်လျှင် ငွေကျပ်နှစ်ထောင်ခန့် ဈေးကျနေကြောင်း ဇရစ်ရပ်ကွက်ရှိ ဆန်အရောင်းဆိုင်ထံမှ သိရသည်။ ယခင်က ဇီယာဆန်တစ်အိတ်လျှင် သုံးသောင်းသုံးထောင်ကျပ်ခန့် ဈေးရှိရာမှ လက်ရှိတွင် သုံးသောင်းတစ်ထောင်ကျပ်ခန့်အထိ ဈေးကျသွားကြောင်း ယင်းဆန်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ဆိုသည်။ ဇီယာအုပ်စုဝင် အခြားဆန်များလည်း ၂၄ ပြည်တစ်အိတ်လျှင် ပျမ်းမျှ ငွေကျပ်နှစ်ထောင်ခန့် ဈေးကျနေသည်ဟု ဆိုသည်။ ထို့သို့ဈေးကျနေသော်လည်း ဆန်ဝယ်လိုအားမှာ နည်းပါးနေဆဲဖြစ်ကြေညင်း အထက်ပါ အမျိုးသားက ပြောသည်။ “အခုဆိုရင် အရင်တုန်းကလိုစုပြုံပြီးဝယ်တာမျိုး မရှိတော့ဘူး၊ ဆိုင်တောင် ပိတ်လိုက်ဖွင့်လိုက်လုပ်နေရတယ်၊ ရောင်းလည်း မကောင်းဘူး” ဟု ၎င်းက ဆိုသည်။ ရန်ကုန်ဆန်ဈေးကွက်တွင် […]

တလိုင်းတောင် မူလွန် ကျောင်းအုပ် အဖမ်းခံရ

diz_admin

April 6, 2021

ထားဝယ်မြို့နယ် တလိုင်းတောင်ကျေးရွာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမ ဒေါ်ခရေစုမြတ်ကျော် ကို ယမန်နေ့ညက ဖမ်းဆီးသွားကြောင်း မိသားစုဝင် တစ်ဦးထံမှ သိရသည်။ ယမန်နေ့ ညနေ ၇ နာရီ ခန့်က လုံခြုံရေး တပ်ဖွဲ့ဝင်အင်အား ၅၀ ခန့်ဖြင့် ထားဝယ်မြို့ ဗျောတောဝ ရပ်ကွက်ရှိ နေအိမ်သို့ လာရောက်၍ စစ်ဆေးမေးမြန်းစရာရှိသည်ဟု ဆိုကာ လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။ “ဒုတိယ ရဲမှူးကြီး က ပြောတယ်။ စစ်ဆေးမေးမြန်းစရာရှိလို့ပါ စိတ်မပူပါနဲ့တဲ့”ဟု ၎င်းက ဆိုသည်။ ဒေါ်ခရေစုမြတ်ကျော် သည် ၂၀၁၀ ပညာသင်နှစ်တွင် လောင်းလုံးမြို့နယ် နခံတောကျေးရွာ မူလတန်းကျောင်းတွင် မူလတန်းပြအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဖောင်းတော၊ ဓမင်းဆိပ်တွင် အလယ်တန်းပြ ဆရာမ အဖြစ် […]

လောင်းလုံး သကျက်တောတွင် CDM လာဖမ်း၍ ဒေသခံများ တိမ်းရှောင်

diz_admin

April 6, 2021

လောင်းလုံးမြို့နယ်အတွင်းရှိ သကျက်တောရွာတွင် အာဏာရှင် ဖီဆန်ရေး သပိတ်မှောက် (CDM) လှုပ်ရှားသူများကို ရဲနှင့် စစ်တပ်ကတပ်စွဲပြီး လာရောက်ဖမ်းဆီးနေ သည့်အတွက် ဒေသခံများ တိမ်းရှောင် နေရကြောင်း သကျက်တောရွာ ဒေသခံအမျိုးသမီးတစ်ဦးက Dawei Watch သို့ပြောကြားသည်။ ဧပြီလ ၅ ရက်နေ့တွင် ရဲနှင့် စစ်ကား ၅ စီးခန့်က သကျက်တောနယ်မြေရဲစခန်းတွင် တပ်လာစွဲထားပြီး CDM လုပ်ထားသည့် ဝန်ထမ်းများကို လာရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထိုသို့လာဖမ်းသည့်အတွက် ယနေ့နံနက်ပိုင်းတွင် CDM လုပ်ထားသည့် ကျန်းမာရေးဝန်ထမ်းအမျိုးသားတစ်ဦးကို ဖမ်းဆီးထားပြီး ကျန်သည့် အခြားဝန်ထမ်းများလည်း တိမ်းရှောင်နေရကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။ အဖမ်းခံရသည့် ကျန်းမာရေးဝန်ထမ်းအား ပြန်လွှတ်ပေးရန် သံဃာတော်များဦးဆောင် သွားပြောသော်လည်း စစ်ဆေးရန်ရှိသည်ဟုဆိုကာ ပြန်မလွှတ်သေးကြောင်း ၎င်းကဆိုသည်။ “စစ်တပ်ကားဆိုတဲ့အသံကြားတာနဲ့ […]

မော်လမြိုင် ပုဂ္ဂလိကဘဏ်အချို့ ပြန်ဖွင့် ငွေထုတ်သူများပြား

diz_admin

April 6, 2021

မော်လမြိုင်မြို့ပေါ်ရှိ ပုဂ္ဂလိက ဘဏ်အချို့တိုက ပြန်လည်ဖွင့်လှစ်နေပြီး ငွေလာထုတ်သူ များပြားသည်ဟု ငွေထုတ်သူအချို့တို့၏ ပြောပြချက်အရ သိရသည်။ ပုဂ္ဂလိက ဘဏ်အချို့ဖြစ်သည့် ကမ္ဘောဇ၊ ဧရာဝတီ၊ CB အစရှိသည့်ဘဏ်တို့က ဧပြီလဆန်းတွင် ပြန်လည်ဖွင့်လှစ်နေပြီး အလှည့်ကျစနစ်ဖြင့် ငွေထုတ်ပေးနေသည်ဟု ငွေထုတ်သူတို့က ပြောသည်။ ငွေလာထုတ်သူ များပြားနေသည့်အတွက် ဘဏ်ရှေ့တွင် အချိန်အတော်ကြာ တန်းစီ စောင့်ဆိုင်းခဲ့ရသည်ဟု ဧပြီလ ၆ ရက်နေ့က ကမ္ဘောဇဘဏ်ခွဲတွင် ငွေထုတ်ခဲ့သူ မိဖြူဇင်က ပြောသည်။ “ညီမဆို နှစ်နာရီလောက်စောင့်လိုက်ရတယ်” ဟု မိဖြူဇင်က ပြောသည်။ ပုဂ္ဂလိကဘဏ်ဝန်ထမ်းအများစုက အာဏာသိမ်း ဆန့်ကျင်ရေး CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်လာကြပြီး အလုပ်မဆင်းကြသည့်အတွက် မော်လမြိုင်မြို့ပေါ်က ပုဂ္ဂလိကဘဏ်အများစုသည် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစပြီး ပိတ်ထားခဲ့သည်။ ပုဂ္ဂလိဘဏ်အများစု ပိတ်ထားသည့်အတွက် ဘဏ်နှင့် […]

ကနက်သီရိရွာထိပ် တပ်လာစွဲပြီး‌နောက် ရွာသားတစ်ဆယ်နီးပါး အဖမ်းခံရ

diz_admin

April 6, 2021

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာတွင် စစ်တပ်ကတပ်စွဲပြီးနောက် ရွာသားတစ်ဆယ်နီးပါး အဖမ်းခံခဲ့ရကြောင်း ယင်းကျေးရွာသား အချို့ထံမှ သိရသည်။ တပ်သား အင်အား ၃၀ ခန့်မှာ ကနက်သီရိကျေးရွာထိပ် ၂၄ ဆူဘုရားကွင်းအတွင်း ဧပြီလ ၅ ရက် နေ့လယ် ၁၂ နာရီခန့်တွင် တပ်လာစွဲခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ ယင်းတပ်စွဲသည့်နေ့ ညအချိန်တွင် စစ်သားများရွာအတွင်း ဝင်လာပြီး ကျေးရွာသားများဖြစ်သော ဦးကြည်လွင်၊ ဦးဝင်းဇော်၊ ဒေါ်မီးညို၊ ဒေါ်ဖြူဝင်း၊ ‌ကိုသန်းကျော်ထွေး အပါအဝင် ဆယ်ဦးခန့်ကို ဖမ်းဆီးသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ လမ်းဘေးတွင်ထိုင်နေရင်း၊ ဆိုင်ကယ်မောင်းနေရင်း အဖမ်းခံရသူများလည်းရှိသဖြင့် ဒေသအခံအချို့ကို စိုးရိမ်ပြီး တိမ်းရှောင်နေကြကြောင်း ရွာသူရွာသားများထံမှ သိရသည်။ ယနေ့နံနက်ပိုင်းအထိ မေးမြန်းချက်အရ တပ်စွဲထားသည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူအချို့ကို ပြန်လွှတ်ပေးမည်ဖြစ်ပြီး အချို့ကိုမူ သရက်ချောင်းမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားမည်ဟု ကြားရကြောင်း […]