BREAKING
September 20, 2024

နိုင်ငံရေး

ထားဝယ်နှင့်မြိတ်တွင် ညမထွက်ရအချိန်ပြောင်း

diz_admin

April 10, 2021

ထားဝယ်နှင့် မြိတ်မြို့နယ်တို့တွင် ညမထွက်ရသတ်မှတ်ထားသည့် အချိန်ကို ဧပြီလ ၉ ရက်နေ့မှစကာ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများထံမှ သိရသည်။ ယခင်က ညမထွက်ရအချိန်ကို ည ၈ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားရာမှ လက်ရှိတွင် ည ၉ နာရီမှ နံနက်၄ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။ ယင်းသို့ ဖြေလျော့မှုနှင့် ပတ်သက်၍ ထားဝယ်မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးကအတည်ပြု ပြောကြားသည်။ ဒေသတွင်း တည်ငြိမ်မှုများရှိလာသည့်အတွက် ယင်းကဲ့သို့ ဖြေလျော့သည့် အမိန့်ထုတ်လိုက်ခြင်းဖြစ်ကြောင်း မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ဆိုသည်။ “အားလုံးတည်ငြိမ်အေးချမ်းလာတာဖြစ်တော့ အမိန့်အရ ဒီလိုဖြေလျော့ရတာပါ”ဟု ၎င်းက ပြောသည်။ တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ညမထွက်ရ အပါအဝင် ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ထားသည်။ ထားဝယ်နှင့် မြိတ်မြို့နယ်အပြင် […]

လောင်းလုံးတွင် ဆန္ဒမပြရန် နစက ကောင်စီ စည်းရုံး

diz_admin

April 9, 2021

လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် စစ်အာဏာရှင်ဆန့်ရှင်ရေးဆန္ဒပြခြင်းများ မလုပ်ရန် လာရောက်ညှိနှိုင်းခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သကျက်တောကျေးရွာတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အနီးတဝိုက်ရှိကျေးရွာများမှ ဘုန်းကြီးများ၊ ရပ်မိရပ်ဖများတက်ရောက်သည့် ယင်းတွေ့ဆုံပွဲတွင် ဒေသခံတက်ကြွ လှုပ်ရှားသူများနှင့် အာဏာဖီဆန်ရေး(CDM) မလုပ်ရန် ဒုတိယရဲမှူးကြီးအဆင့်ရှိ ရဲအရာရှိတစ်ဦးက ပြောဆိုခဲ့ကြောင်း တွေ့ဆုံပွဲတက်ရောက်သည့် အမျိုးသားတစ်ဦးက ဆိုသည်။ သကျက်တောကျေးရွာတွင် တက်ကြွလှုပ်ရှားသူ ၇ ဦးနှင့် အာဏာဖီဆန်ရေး(CDM) ဝန်ထမ်း ၂ ဦးကို နောက်မလုပ်ရန် ခံဝန်ထိုးပေးပါက ဖမ်းဆီးခြင်းမခံရစေရန် တာဝန်ယူသည်ဟု အထက်ပါဒုရဲမှူးကြီးက ပြောသည်ဟု ၎င်းက ဆိုသည်။ “ဆန္ဒမပြဖို့ နဲ့ CDM လှုပ်ရှားမှုတွင် မပါဝင်ဖို့ ခံဝန်လာထိုးရင် မှဲ့တစ်ပေါက်မစွန်းစေရန် တာဝန်ယူမယ်ဆိုပြီးပြောတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။ ဒေသတွင်း တက်ကြွလှုပ်ရှားသူများနှင့် CDM […]

သင်္ကြန်မှာမပါဝင်ကြဖို့ မြိတ်နဲ့ ကော့သောင်းက လူငယ်တွေတောင်းဆို

diz_admin

April 7, 2021

နှစ်သစ်ကူးပွဲတော် သင်္ကြန်မှာ မပူးပေါင်းကြဖို့၊ အပျော်အပါးမလုပ်ကြဖို့ဆိုပြီးတော့ မြိတ်နဲ့ ကော့သောင်းမြို့က လူငယ်တွေကတောင်းဆိုနေကြပါတယ်။ ကော့သောင်းက ပြည်သူတွေ သင်္ကြန်မကျင်းပဖို့၊ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ကြဖို့ကို မြို့ခံလူငယ်တွေက ဦးဆောင်ပြီး လှုံ့ဆော်တာတွေ ဧပြီလ ၆ ရက်‌မှာ စတင်လုပ်ဆောင်နေကြပါတယ်။ အွန်လိုင်းကနေလှုံ့ဆော်တောင်းဆိုတာတွေလုပ်မှာဖြစ်သလို လက်ကမ်းစာစောင်တွေလည်း လိုက်လံဝေငှဖို့ရှိတယ်လို့ ကော့သောင်းမြို့ခံတစ်ဦးက ဆိုပါတယ်။ “စစ်အာဏာရှင် ဆက်ရှိနေရွေ့ ဒီသင်္ကြန်ကို ကော့သောင်းမြို့သူ၊ မြို့သားတွေက မကျင်းပဖို့ပေါ့နော်။ ပြီးတော့ ကော့သောင်းအပါအဝင်ပေါ့‌နော် မြန်မာတစ်နိုင်ငံလုံးမှာ ကျဆုံးသွားတဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သင်္ကြန်ကို မကျင်းပဖို့လုပ်တာဖြစ်တယ်” လို့ ဦးဆောင်နေသူတစ်ဦးက ဆိုပါတယ်။ အဲဒီလိုပဲ မြိတ်မြို့က လူငယ်တွေကလည်း သင်္ကြန်ပွဲမှာ မပူးပေါင်းကြဖို့ စာရွက်တွေဖြန့်ပြီး တိုက်တွန်းတာတွေရှိပါတယ်။ “သင်္ကြန်ပွဲမှာမပါဖို့စာရွက်တွေ မြိတ်လူငယ်တွေက ထုတ်ထားတယ်ဆိုတာမှန်ပါတယ်။ ဓာတ်တိုင်တွေမှာ ကပ်ထားတဲ့စာရွက်တွေတော့(အခြားသူတွေက) ပြန်ခွာလိုက်လို့ အခုမရှိတော့ဘူး” လို့ […]

တိုက်ပွဲကြောင့် ရေးမြို့နယ် ရွာအချို့ ရွာလုံးကျွတ် ထွက်ပြေး

diz_admin

April 7, 2021

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ကျေးရွာအချို့ ရွာလုံးကျွတ်ထွက်ပြေးနေရသည်ဟု ဒေသခံတို့က ပြောသည်။ မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ KNU တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် မာန်အောင်ကျေးရွာ တွင် ဧပြီလ ၆ ရက်နေ့ ည ၆ နာရီ ၄၀ မိနစ်အချိန်ခန့်မှ ၈ နာရီ ၁၀ မိနစ်အချိန်ထိ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။ တိုက်ပွဲကြောင့် မာန်အောင်ကျေးရွာတစ်ရွာလုံး နီးစပ်ရာ ကိုးမိုင်ကျေးရွာ၊ ဟံဂံကျေးရွာနှင့် ရေးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ “တစ်ရွာလုံး ထွက်ပြေးကြတယ်၊ ကိုးမိုင် ဟံဂံ တချို့က […]

ကော့သောင်းက ဖမ်းဆီးခံလူငယ် အလောင်းပြန်ပို့

diz_admin

April 7, 2021

ကော့သောင်းမြို့မှာ အဖမ်းခံလိုက်ရတဲ့ ‌ကိုရဲမင်းထွန်းရဲ့ အ‌လောင်းလာထုတ်ဖို့ ရဲတပ်ဖွဲ့က ဧပြီလ ၅ ရက်မှာ အကြောင်းကြားခဲ့တယ်လို့ မိသားစုဝင်တွေထံကနေ သိရပါတယ်။ ကော့သောင်းမြို့ ၈ မိုင်ကျေးရွာ လေယာဉ်ကွင်းအနီးမှာနေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် ကိုရဲမင်းထွန်းဟာ ပြီးခဲ့တဲ့ လေးရက်လောက်က အိမ်ကနေထွက်သွား‌ပြီး ရွှေပြည်သာရပ်ကွက်မှာ အဖမ်းခံလိုက်ရတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။ အဲဒီနောက် အဆက်အသွယ်မရတော့ဘဲဖြစ်နေရာကနေ ဧပြီလ ၅ ရက်မှာ ကော့သောင်းဆေးရုံ ရင်ခွဲရုံမှာ အလောင်းလာထုတ်ဖို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖုန်းဆက်‌အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ အကြောင်းကြားတဲ့နေ့မှာပဲ အလောင်းသွားထုတ်လားပြီး နေ့ချင်းသင်္ဂြိုဟ်လိုက်တယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ ကိုရဲမင်းထွန်းရဲ့ အဆုတ်၊ အသည်း စတဲ့ အတွင်းကလီစာတွေ ပျက်စီးပြီး ဆုံးသွားပါတယ်ဆိုပြီး ရင်ခွဲရုံကပြောလိုက်တယ်လို့ မိခင်ဖြစ်သူက ပြန်ပြောပြပါတယ်။ “သားလေးက အကောင်းကြီးကနေ ဘယ်လိုဖြစ်လို့သေလဲလို့မေးကြည့်တော့ […]

လောင်းလုံး သကျက်တောတွင် နှစ်ဦး အဖမ်းခံရ

diz_admin

April 7, 2021

လောင်းလုံးမြို့နယ်အတွင်းရှိ သကျက်တောရွာတွင် ရဲနှင့် စစ်တပ်ကတပ်စွဲပြီး ဖမ်းဆီးနေရာ ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းအထိ လူနှစ်ဦးအဖမ်းခံထားရကြောင်း အဆိုပါရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက Dawei Watch သို့ပြောသည်။ ဧပြီလ ၅ ရက်နေ့တွင် ရဲနှင့် စစ်ကား ၅ စီးခန့်က သကျက်တောနယ်မြေရဲစခန်းတွင် တပ်လာစွဲထားပြီး CDM လုပ်ထားသည့် ဝန်ထမ်းများကို လာရောက်ဖမ်းဆီးရာမှ လက်ရှိတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် အသက် ၅၈ နှစ်အရွယ်ရှိ NLD ပါတီ မြို့နယ်စည်းရုံးရေးမှူးတစ်ဦးတို့ အဖမ်းခံထားရကြောင်း ၎င်းက ဆိုသည်။ ထိုသို့ တပ်နှင့်ရဲက သကျက်တောနယ်မြေရဲစခန်းတွင် တပ်လာစွဲထားသည့်အတွက် ဒေသခံရွာသားများလည်း တိမ်းရှောင်နေကြရသည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ “ရွာသားတွေလည်း ရှောင်နေကြတော့ ရွာမှာတိတ်ဆိတ်နေတာပဲရှင်”ဟု ၎င်းက ဆိုသည်။ အဖမ်းခံထားရသည့် အထက်ပါလူနှစ်ဦးကို […]