BREAKING
September 21, 2024

နိုင်ငံရေး

ယာဉ်မောင်းလိုင်စင် အသစ်နှင့် သက်တမ်းတိုး မလုပ်နိုင်သေး

diz_admin

April 24, 2021

ယာဉ်မောင်းလိုင်စင် အသစ်နှင့် သက်တမ်းတိုးခြင်းကို မလုပ်ဆောင်နိုင်သေးကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ မတ်လနောက်ဆုံးအပတ်မှ စတင်ကာ ဆိုင်ကယ်နှင့် အိမ်စီးကား သက်တမ်းတိုးလုပ်ငန်းကိုသာ လုပ်ဆောင်ပေးနေကြောင်း အထက်ပါဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။ လက်ရှိတွင် ထားဝယ်မြို့နေရာအချို့၌ ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် စစ်ဆေးမှုများရှိနေသည်။ “ယာဉ်မောင်းလိုင်စင် အသစ်ပြုလုပ်ပေးခြင်းနဲ့ နှစ်လဲသက်တမ်းတိုးခြင်းဟာ ကိုတော့ လောလောဆယ်တော့ ညွှန်ကြားချက်မလာသေးဘူး” ဟု တိုင်းဒေသကြီးဦးစီးမှူးက ပြောသည်။ သို့ရာတွင် သင်/မောင်းလိုင်စင်ကိုမူ လက်ခံဆောင်ရွက်ပေးနေကြောင်း ၎င်းက ဆိုသည်။ သင်/မောင်းလိုင်စင် သက်တမ်းသုံးလပြည့်မှသာ သတ်မှတ်အိမ်စီးကားများမောင်းမည့် ခ- လိုင်စင်လျှောက်ထားရသည်။ လက်ရှိယာဉ်သက်တမ်းတိုးရာတွင်လည်း ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ နောက်ပိုင်း သက်တမ်းကုန်နေသည့် ယာဉ်များကို ဒဏ်ကြေးကင်းလွတ်ခွင့်ပေးထားကြောင်း အထက်ပါဌာနထံမှ သိရသည်။ “ကိုဗစ်ကာလမှာ (ရုံးလုပ်ငန်း) ပိတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့က ဒဏ်ကြေးကင်းလွတ်ခွင့်ရှိတယ်”ဟု […]

လောင်းလုံးထွေအုပ်ရုံးအတွင်းမှ စားသုံးဆီပုံးများ အပြင်သယ်ထုတ်

diz_admin

April 23, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးအတွင်း သိုလှောင်ထားသည့် စားသုံးဆီပုံးများကို ဧပြီးလ ၂၃ ရက်နေ့တွင် အပြင်သို့သယ်ထုတ်နေကြောင်း မြို့ခံအချို့ကပြောသည်။ ကိုဗစ်ကာလအတွင်း စားသုံးဆီမပြတ်စေရေးနှင့် အခြေခံလူတန်းစားများအား ထောက်ပံ့ရေးအတွက် ငါးဂါလံဝင်ဆံ့ စားဆီပုံးထောင်ချီ ကို တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင် လက်ထက်က ချထားပေးခဲ့ဖူးသည်။ ယင်းဆီပုံးများအား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအတွင်းရှိ ဗထူးအစည်းအဝေးခန်းမနှင့် အခြားခန်းတစ်ခုတွင် သိုလှောင်ထားခဲ့သည်။ ကိုဗစ်ကြောင့် စားဝတ်နေရေး အခက်အခဲရှိသော အခြေခံလူတန်စားများအား ပထမဆုံးအကြိမ် ဆန်၊ ဆီး၊ ကြက်သွန်များကိုပေးဝေခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ဝန်းကျင်ကတည်းက ယင်းဆီပုံးများ ရောက်ရှိနေခြင်းဖြစ်ကြောင်း ထွေအုပ်ဝန်ထမ်းတစ်ဦးက ဆိုသည်။ တပ် အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ် နှစ်ဦးပိုင်းအချိန်တွင် သိုလှောင်ထားသော ယင်းစားသုံးဆီများအား အပြင်ဈေးဆိုင်များ ထံရောင်းထုတ်ရန် စီစဉ်ခဲ့သေးသော်လည်း ဈေးနှုန်းညှိမရသဖြင့် ရောင်းချနိုင်ခြင်းမရှိခဲ့ကြောင်း […]

အဖမ်းခံရသည့် ဒက္ခိဏသတင်းဌာန သတင်းထောက်နှင့် အဆက်အသွယ်မရသေး ဟုဆို

diz_admin

April 22, 2021

ထားဝယ်အခြေစိုက် ဒက္ခိဏ(Dakkhina Insight) သတင်းဌာနမှ သတင်းထောက်တစ်ဦး ဧပြီလ ၂၁ ရက် နံနက်ပိုင်းက အဖမ်းခံရပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးကြောင်း ယင်းသတင်းဌာန တာဝန်ခံအယ်ဒီတာက ပြောကြားသည်။ အဆိုပါသတင်းဌာနမှ သတင်းထောက်ဖြစ်သူ ကိုနိုင်လင်းထွန်းမှာ ဘုမ္မော်ရပ်ကွက်တွင် ဆန္ဒပြပွဲသတင်းရယူနေစဉ် ရဲနှင့်စစ်တပ်က ဖမ်းဆီးသွားကြောင်း တာဝန်ခံ အယ်ဒီတာ ဦးရဲထွဋ်ဝင်းက ဆိုသည်။ ယင်းဆန္ဒပြပွဲကို ရဲနှင့် စစ်တပ်က သေနတ်ပစ်ခတ်ဖမ်းဆီးစဉ် ကိုနိုင်လင်းထွန်း၏ ဦးခေါင်းတွင် ကျည်ဆန်ရှပ်ထိမှန်သည့် ဒဏ်ရာရရှိခဲ့သည်ဟု သိရကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် ကိုနိုင်လင်းထွန်းနှင့် အဆက်အသွယ်မရသေးဘဲ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုလည်း မသိရသေးကြောင်း ဦးရဲထွဋ်ဝင်းက ဆိုသည်။ “လက်ရှိနောက်ဆုံးအခြေအနေကလည်း ရှေ့နေနဲ့ ကြိုးစားနေတာရှိတယ်၊ အခုချိန်ထိတော့ သူ့အခြေအနေကို မသိရသေးဘူး”ဟု ၎င်းက ပြောသည်။ လူမှုကွန်ရက်ပေါ်တွင် မျှဝေနေသည့် […]

ထားဝယ်သပိတ်အဖွဲ့ဝင် ကိုကျော်ထွေးအမှု ဧပြီ ၂၇ ပြန်ချိန်း

diz_admin

April 22, 2021

ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားသည့် ထားဝယ်သပိတ်အဖွဲ့ဝင် ကိုကျော်ထွေးအမှုအား ဧပြီလ ၂၇ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။ ကိုကျော်ထွေးမှာ မတ်လ ၁၀ ရက်နေ့က ထားဝယ်မြို့သစ် ၄ လမ်းရှိ ကားဝပ်ရှော့တစ်ခုတွင် အဖမ်းခံရခြင်းဖြစ်သည်။ ၎င်းအမှုကို မတ်လ ၂၄ ရက်နေ့ရုံးချိန်းတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲတင်ထားသည်။ ယင်းအမှုနှင့် ပတ်သက်၍ ဧပြီလ ၂၁ ရက်နေ့ရုံးချိန်းတွင်လည်း မစစ်ဖြစ်သေးကြောင်း အထက်ပါ တရားလွှတ်တော်ရှေ့နေက ဆိုသည်။ အမှုအား ထားဝယ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် စစ်ဆေးနေခြင်းဖြစ်သည်။ ကိုကျော်ထွေးမှာ ကိုသော်လွင်အောင်နှင့် ဆက်စပ်တရားခံပြေးအမှု(ရာထွေအမှု) မပြီးသေးသည့်အတွက် မစစ်ဖြစ်သေးကြောင်း ၎င်းကရှင်းပြသည်။ လာမည့်ရုံးချိန်းတွင် ကိုသော်လွင်အောင် ဖမ်းဝရမ်းထုတ်သည့်အမှုကို ပြီးပြတ်အောင်လုပ်မည်ဟု သိရကြောင်း […]

သပိတ်ဦးဆောင်သူ အပါအဝင် ဖမ်းဆီးခံရသူဆယ်ဦးအမှု ခြောက်လအပြီးစစ်ဆေးမည်

diz_admin

April 22, 2021

ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်တွင် သပိတ်ခေါင်းဆောင်အပါအဝင် ဆယ်ဦးအဖမ်းခံရသည့်ဖြစ်စဉ်တွင် အမှုတွဲသုံးခုခွဲကာ သီးခြားစီ အမှုဖွင့်ထားပြီး အမှုအားခြောက်လအပြီးစစ်ဆေးရန် ဆုံးဖြတ်ထားကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ပြောသည်။ ၎င်းတို့ကို မတ်လ ၁၈ ရက်နေ့လယ်ပိုင်းက ဝဲကျွန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဖမ်းခံရသူ ဆယ်ဦးအနက် ကိုအောင်ဝေယံကျော်ပါ ခုနှစ်ဦးကိုတစ်မှု၊ ကိုဝင်းလတ်ထွေးပါ နှစ်ဦးကို တစ်မှုနှင့် အသက်မပြည့်သေးသည့် ကိုရာဇာထွန်းကို တစ်မှု သီးခြားစီတရားစွဲတင်ထားကြောင်း ၎င်းက ပြောသည်။ ၎င်းဆယ်ဦးစလုံးကို ဧပြီလ ၁ ရက်နေ့က ရာဇသတ်ကြီးပုဒ်မ ၅၀၅- က၊ ၅၀၅(ဂ) တို့ဖြင့် သီးခြားစီ တရားစွဲဆိုထားခြင်းဖြစ်သည်။ အသက်မပြည့်သေးသည့် ကိုရာဇာထွန်းကိုမူ တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ချောစုလှိုင်က သီးခြားကူညီဆောင်ရွက် နေပြီး ၎င်းအား တရားရုံးအာမခံပေးထားသည်။ ၎င်းတို့၏ လေးကြိမ်မြောက်ရုံးချိန်းကို ဧပြီလ […]

တနင်္သာရီတိုင်းအတွင်းရှိ ဆေးရုံသုံးပုံတစ်ပုံ မဖွင့်နိုင်သေး

diz_admin

April 21, 2021

တနင်္သာရီတိုင်းအတွင်းရှိ ဆေးရုံအားလုံး၏ သုံးပုံတစ်ပုံ မဖွင့်နိုင်သေးကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနထံမှ သိရသည်။ တပ်အာဏာသိမ်းပြီးချိန်မှစ၍ ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းအများစုက အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည်။ လက်ရှိတွင် ခရိုင်ဆေးရုံကြီးများက ပြန်ဖွင့်နေပြီဖြစ်ပြီး တိုက်နယ်ဆေးရုံအများစုသာ မဖွင့်နိုင်သေးကြောင်း အထက်ပါဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။ တနင်္သာရီတိုင်းအတွင်း ခရိုင်၊ မြို့နယ်နှင့် တိုက်နယ်ဆေးရုံ စုစုပေါင်း ၄၀ ခန့်ရှိသည်။ ဆေးရုံအများစု ပြန်ဖွင့်နေပြီဖြစ်သော်လည်း ကုသရေးအပါအဝင် လုပ်ငန်းအားလုံးမလည်ပတ်နိုင်သေးကြောင်း ၎င်းက ပြောသည်။ “လည်ပတ်နေတာတော့ မဟုတ်ဘူးပေါ့၊ ရှိတဲ့လူနဲ့တော့ လူနာကြည့်ပေးနေတာပေါ့၊ အရေးပေါ်ကြည့်တယ်၊ အတွင်းလူနာကလည်း ထားနိုင်သလောက်ထားပေးတယ်” ဟု တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။ လက်ရှိတွင် CDM လုပ်နေသည့် ဆရာဝန်များအား ပုဒ်မ-၅၀၅(က) ဖြင့် နကစ […]