BREAKING
September 19, 2024

နိုင်ငံရေး

ထားဝယ်ခရိုင်လုံးဆိုင်ရာသပိတ်

diz_admin

August 22, 2021

ထားဝယ်ခရိုင်လုံးဆိုင်ရာသပိတ်စစ်ကြောင်းဟာ ဩဂုတ်လ ၂၁ ရက်နေ့က လောင်းလုံးမြို့နယ်ထဲမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

ဖမ်းဆီးမှုတွေကြားက ထားဝယ်ခရိုင်လုံးဆိုင်ရာ သပိတ်

diz_admin

August 21, 2021

ထားဝယ်ခရိုင်လုံးဆိုင်ရာသပိတ်စစ်ကြောင်းဟာ ဩဂုတ်လ ၂၀ ရက်နေ့က လောင်းလုံးမြို့နယ်မှာ တားဆီးပိတ်ဆို့ခံရပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြခဲ့ပါတယ်။

လောင်းလုံး စစ်ပြဲရွာတွင် သပိတ်စစ်ကြောင်းထွက်ရန် ပြင်နေစဉ် ရဲဝင်ဖမ်း

diz_admin

August 21, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာတွင် သပိတ်စစ်ကြောင်းထွက်မည့် စုရပ်မရောက်မီ ဝင်ရောက်ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ဒေသခံအချို့ထံမှသိရသည်။ လောင်းလုံးမြို့နယ် ပုံမှန် ဆန္ဒပြစစ်ကြောင်း ထွက်နေသည့် ထားဝယ်ခရိုင်သပိတ်ကော်မတီဦးဆောင်မှုဖြင့် ညင်းမော်၊ စစ်ပြဲ နှစ်ရွာပူးပေါင်းပြီး ဆန္ဒပြ သပိတ်စစ်ကြောင်း ထွက်ရန် ပြင်နေစဉ် ယင်းကဲ့သို့ဝင်ရောက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သပိတ်စစ်ကြောင်းတွင် ပါဝင်သူအမျိုးသားတစ်ဦးက ပြောသည်။ ယနေ့ ဩဂုတ်လ ၂၀ ရက် ညနေ ငါးနာရီခန့်တွင် ယင်းကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “အစက ညင်းမော်မှာပဲ ဆန္ဒပြမလို့ လုပ်ထားပြီးတော့မှ အခြေအနေအရ စစ်ပြဲကို ပြောင်းလိုက်ရတာ။ ဆန္ဒပြစုရပ်ကို လာတဲ့အချိန်မှာပဲ ရဲကားက နောက်ကနေ ထပ်ကြပ်မကွာလိုက်လာတာဆိုတော့ အားလုံး ဆိုင်ကယ်တွေထားပြီး ရှောင်လိုက်ရတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။ ရဲအင်အားဆယ်ဦးခန့်ပါလာသည့် ရဲကားတစ်စီးဖြင့် သပိတ်စစ်ကြောင်းတွင်ပါဝင်သူများအားလိုက်လံရှာဖွေဖမ်းဆီးခဲ့သော်လည်း သပိတ်တွင်ပါဝင်သူများအားလုံး လွတ်မြောက်ခဲ့ကြောင်း […]