BREAKING
September 19, 2024

နိုင်ငံရေး

KNU တပ်မဟာ (၄) နယ်မြေအတွင်း စစ်ကြောင်းထိုးမည့်သတင်းကြောင့် ရွာသားများ တိမ်းရှောင်

diz_admin

August 26, 2021

KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေဖြစ်သည့် ကျေးဇူးတော်ကျေးရွာသို့ စစ်ကြောင်းထိုးမည့်သတင်းကြောင့် ရွာသားများ တိမ်ရှောင်နေရကြောင်း ယင်းကျေးရွာသားတစ်ဦးက ယနေ့ ဩဂုတ်လ ၂၆ ရက် ညနေ သုံးနာရီကျော်တွင် ပြောသည်။ ကျေးဇူးတော်ကျေးရွာသည် ထားဝယ်မြို့မှ ၃၃ မိုင်ခန့်ကွာဝေးပြီး ရေဖြူမြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများ နေထိုင်သည့်ကျေးရွာ တစ်ရွာဖြစ်သည်။ ထားဝယ်-ရေး ကားလမ်းမှ မိနစ်အနည်းငယ်ကြာ ခွဲဝင်ရသည်။ “ရွာသားတွေကတော့ သတင်းကြားထားလို့ ရှောင်နေကြတယ်။ အခုချိန်ထိတော့ ရွာထဲမှာ အေးဆေးပဲရှိသေးတယ်” ဟု ကျေးဇူးတော်ရွာသားတစ်ဦးက ညနေ သုံးနာရီကျော်တွင်ပြောသည်။ ဩဂုတ်လ ၂၃ ရက်ကတည်းက ကလိန်အောင်မြို့၊ ကျေးဇူးတော်ကျေးရွာ၊ နှမ်းကြဲကျေးရွာနှင့် အနီးနားကျေးရွာအချို့တွင် စစ်တပ်က နေရာယူထားပြီးနောက် KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေအတွင်း စစ်ကြောင်းထိုးမည့်ဆိုသည့် သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ ဩဂုတ်လ […]

လောင်းလုံးသပိတ်

diz_admin

August 26, 2021

လောင်းလုံးမြို့နယ်ပူးပေါင်းသပိတ်စစ်ကြောင်းဟာ လောင်းလုံးမြို့နယ်မှာ  ဩဂုတ်လ ၂၅ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

လောင်းလုံးကျေးလက်သပိတ်

diz_admin

August 24, 2021

လောင်းလုံးမြို့ပေါ်သပိတ်စစ်ကျောင်းနဲ့ ညင်းမော်ကျေးရွာသပိတ်စစ်ကျောင်းသည် ဩဂုတ်လ ၂၄ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

ထားဝယ်ခရိုင်လုံးဆိုင်ရာ သပိတ်

diz_admin

August 24, 2021

ထားဝယ်ခရိုင်လုံးဆိုင်ရာသပိတ်စစ်ကြောင်းဟာ လောင်းလုံးမြို့နယ်ထဲရှိလူငယ်တွေနဲ့ ပူးပေါင်းပြီး ဩဂုတ်လ ၂၃ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံ ပညာကျောင်းသားများသပိတ်

diz_admin

August 23, 2021

လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများ သပိတ်စစ်ကြောင်းဟာ သြဂုတ်လ ၂၂ရက်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။