ဓာတ်ပုံ

လောင်းလုံးမြို့နယ် ထားဝယ်ရိုးရာ သပိတ်မျှောပွဲ

diz_admin

October 20, 2021

လောင်းလုံးမြို့နယ်ရှိကျေးရွာအချို့တွင် သီတင်းကျွတ်လပြည့်နေ့ ထားဝယ်ရိုးရာသပိတ်မျှောနေသည့်မြင်ကွင်းများ။ ဓာတ်ပုံ – Dawei Watch

သီတင်းကျွတ်လပြည့်နေ့ မြင်ကွင်း

diz_admin

October 20, 2021

သီတင်းကျွတ်လပြည့်နေ့ တွင် ထားဝယ်မြို့ရှိ လောကမာရဇိန်ဘုရားကြီး၌ ဘုရားဖူးလာသူများနှင့် မြင်ကွင်းအချို့ ဓာတ်ပုံ- Dawei Watch

အဖိတ်နေ့ည ထားဝယ်သီတင်းကျွတ်

diz_admin

October 19, 2021

သီတင်းကျွတ်လဆန်း ၁၄ ရက် ညဦးတွင်တွေ့ရသည့် ထားဝယ်မြို့ရှိ လောကမာရဇိန်ဘုရာကြီးတွင် ဘုရားဖူးလာသူများနှင့် မြင်ကွင်းအချို့ ဓာတ်ပုံ- Dawei Watch

တစ်ကျော့ပြန်ပေါ်လာတဲ့သီတင်းကျွတ် မီးအိမ်လှည်း

diz_admin

October 19, 2021

ထားဝယ်ဒေသမှာ နှစ်ဆယ်ချီပျောက်ကွယ်နေတဲ့ သီတင်းကျွတ်မီးအိမ်လှည်းလေးတွေ တစ်ကျော့ပြန် ပေါ်လာပါပြီ။ ဝါး၊ ဆီစိမ်စက္ကူကို အခြေခံလုပ်ထားတဲ့ မီးအိမ်လှည်းတွေဟာ အခုဆိုရင် ရောင်းမလောက်အောင် ဖြစ်နေပါတယ်။ လိပ်ပြာရုပ်၊ ဆင်ရုပ်၊ ယုန်ရုပ်စတဲ့ ပုံစံအမျိုးမျိုးရှိတဲ့ မီးအိမ်လှည်းလေးတွေဟာ သီတင်းကျွတ်ကာလမှာ ကလေးတွေ နှစ်နှစ်ခြိုက်ခြိုက် က‌စားလေ့ရှိတာပါ။

တကျော့ပြန် အရိုင်းဆန်လာတဲ့ မောင်းမကန်ကမ်းခြေ

diz_admin

September 28, 2021

လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ကိုဗစ်ကပ်‌ဘေးကြောင့် မောင်းမကန်ကမ်းခြေလာတဲ့ ဧည့်သည်မရှိသလောက် ဖြစ်‌နေပါတယ်။ ဒီလိုအနေအထားမှာ ကမ်းခြေလည်း သန့်ရှင်းသပ်ရပ်လာပြီး အရိုင်းဆန်ဆန် ပြန်လည်နုပျိုလာပါတယ်။ စက်တင်ဘာလ ၂၆ ရက်က တွေ့ရတဲ့ မောင်းမကန်ကမ်းခြေ မြင်ကွင်းအချို့ကို တင်ဆက်လိုက်ပါတယ်။

စစ်ကြောင်းပိုများလာသော ထားဝယ်သပိတ်

diz_admin

February 10, 2021

ပင်မ စစ်ကြောင်းတွင် ပူးပေါင်းပါဝင်လာသော စစ်ကြောင်း ပိုများလာပြီး အခြားလမ်းကြောင်းဖြင့် ချီတက်သော သီးခြားစစ်ကြောင်းများလည်း ထားဝယ် သပိတ် ခြောက်ရက်မြောက်နေ့တွင် ပိုများလာသည်။ စစ်ကြောင်းများတွင် ရှေ့နေများ၊ မြေစာရင်းဌာန၊ ထားဝယ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ပြည်တွင်း အခွန်များ ဦးစီးဌာန စသည့် ဌာန အချို့လည်း ပါဝင်လာသည်။ အသေးစိတ်ကို ဆက်လက် တင်ဆက်ပါမည်။ Dawei watch

လူတန်းစားပေါင်းစုံ ပါဝင်လာသော ထားဝယ် သပိတ် ထားဝယ် ငါးရက်မြောက်

diz_admin

February 9, 2021

သပိတ်မှောက်ပွဲတွင် လူထုလူတန်းစား အရောင်စုံ တွေ့မြင်လာပြီး လူသိန်းချီပါ သပိတ် ဆက်လက် ဆင်နွှဲနေဆဲ ဖြစ်သည်။ ဒီမိုကရေစီ အရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) က ယနေ့တွင် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်လာပြီး စစ်အာဏာရှင်တိုက်ဖျက်ရေး အကြမ်းမဖက် နည်းလမ်းများဖြင့် ဆန့်ကျင်သွားမည်ဟုဆိုသည်။ ဓာတ်ပုံ – Dawei Watch