BREAKING
February 22, 2025

ဓာတ်ပုံ

‘သူ့ကျွန်ဘဝကလွတ်ခဲ့ပြီ၊ စစ်ကျွန်ဘဝက ရုန်းထွက်ကြ’ ကြွေးကြော်သံဖြင့် လောင်းလုံးမြို့နယ်အတွင်းရှိလူငယ်များ ဆန္ဒထုတ်ဖော်

diz_admin

January 4, 2022

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိလူငယ်များက ယနေ့ ဇန်နဝါရီလ ၄ရက်(လွတ်လပ်ရေးနေ့)တွင် ‘သူ့ကျွန်ဘဝကလွတ်ခဲ့ပြီ၊ စစ်ကျွန်ဘဝက ရုန်းထွက်ကြ’ ကြွေးကြော်သံဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။

ထားဝယ်ကို အောက်မေ့သတိရခြင်း

diz_admin

December 15, 2021

အော့မေ့ဟှယ် ထားဝယ် (We Miss Dawei) အမည်ရ ထားဝယ်ကို လွမ်းဆွတ်သတိရခြင်း ပွဲတော် တစ်ခုကို ဒီဇင်ဘာ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည်။ ကိုဗစ်ကပ်ဘေးနှင့် အာဏာသိမ်းမှုအကြား ရပ်ရွာကို မပြန်နိုင်သည့် အခြေအနေတွင် သတိရခြင်း လွမ်းခြင်း အောက်မေ့သတိရခြင်း အထိမ်း အမှတ်အနေနှင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ထားဝယ်မြို့တွင် We Love Dawei စီစဉ်ကျင်းပခဲ့ဖူးသော အဖွဲ့များက ဦးစီးပြုလုပ်ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံရောက် ထားဝယ်တိုင်းရင်းသားများ၊ မြန်မာများနှင့် ထိုင်းပြည်သူ စုစုပေါင်း လေးရာခန့် ဆင်နွှဲခဲ့ကြသည်။ ဓာတ်ပုံ – Razi

“စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့၊ စစ်တပ်ထုတ်ကုန် သပိတ်မှောက်စို့”

diz_admin

December 8, 2021

လောင်းလုံးမြို့နယ်တွင် ဒီဇင်ဘာလ ၈ရက် နံနက်ပိုင်းက လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂနှင့် လူငယ်များက ‘စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့၊ စစ်တပ်ထုတ်ကုန် သပိတ်မှောက်စို့’ ကြွေးကြော်သံဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။ စစ်တပ်ထုတ်ကုန်များ ဝယ်ယူသုံးစွဲခြင်းမပြုရေး ကိုလည်းစည်းရုံးလှုံ့ဆော်ခဲ့သည်။

လောင်းလုံး ညသပိတ်

diz_admin

December 7, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၆) ညတွင် ‘ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ’ ကြွေးကြော်သံဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ကြသည်။ ရန်ကုန်သပိတ်စစ်ကြောင်း ကြည့်မြင်တိုင်မြို့နယ်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က အကြမ်းဖက် ဖြိုခွင်းခံလိုက် သဖြင့် ယနေ့တွင်ပင် လောင်းလုံးမြို့နယ် အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများ နှင့် လူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသေးသည်။

ထားဝယ် ညသပိတ်

diz_admin

December 7, 2021

ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရပြီးနောက် တစ်ရက်အကြာ ယနေ့ (ဒီဇင်ဘာ ၆) ညတွင် ထားဝယ်မြို့နယ်၌ စစ်အာဏာရှင် ဆန့်ကျင်ရေးညသပိတ် ပြုလုပ်ကြသည်။ ရန်ကုန်လူထုသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရပြီး ထိခိုက်ကျ ဆုံးခဲ့ရသော တော်လှန်ရေး ရဲဘော်များအားဂုဏ်ပြုသောအားဖြင့် ထားဝယ် အရှေ့တောဒေသတွင် ‘ရန်ကုန်သွေးတွေ မြေခနေပြီ၊ တပြည်လုံးသွေးတွေ ဆူပွက်ကြဟေ့’ ကြွေးကြော်သံဖြင့် ဆန္ဒထုတ်ဖော်ကြသည်။

ရန်ကုန် သပိတ်ဖြိုခွင်းခံရပြီးနောက် ထားဝယ်တွင် ဆန္ဒပြ

diz_admin

December 5, 2021

ရန်ကုန်သပိတ်စစ်ကြောင်း ကြည့်မြင်တိုင်မြို့နယ်တွင် အကြမ်းဖက် ဖြိုခွင်းခံလိုက်သည့် ယနေ့တွင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများက ဒီဇင်ဘာ ၅ ရက်နေ့ ညတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ ကြည့်မြင်တိုင် ဖြိုခွင်းမှုတွင် ကျဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြသော တော်လှန်ရေးရဲဘော်များအား ဂုဏ်ပြုသောအားဖြင့် ‘ရန်ကုန်သွေးတွေ မြေခနေပြီ၊ တပြည်လုံးသွေးတွေ ဆူပွက်ကြဟေ့’ ကြွေးကြော်သံဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။