BREAKING
January 9, 2025

ဓာတ်ပုံ

ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း အကြိုလှုပ်ရှားမှု လောင်းလုံးတွင်ပြုလုပ်

Dawei Watch

August 25, 2024

ကုလသမဂ္ဂဆိုင်ရာ မြန်မာ​သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ရေး အကြိုလှုပ်ရှားမှုတစ်ခု လောင်းလုံးမြို့နယ်တွင် ယနေ့ပြုလုပ်ခဲ့သည်။ ထားဝယ်သပိတ်ကော်မတီမှ ဦးဆောင်ပြုလုပ်သည့် အဆိုပါလှုပ်ရှားမှုတွင် “ငါတို့အားလုံးရဲ့ အသံကို ကိုယ်စားပြုတာ ငါတို့သံအမတ် ဦးကျော်မိုးထွန်း” ဘန်နာကို ကိုင်စွဲပြီး ကျေးရွာအချို့ကိုလည့်လှည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ မကြာမီကျင်းပတော့မည့် ကုလသမဂ္ဂညီလာခံတွင် ဦးကျော်မိုးထွန်းကို မြန်မာ​သံအမတ်အဖြစ် ဆက်လက်ခန့်အပ်ရန် ဒေသခံတို့က ကြွေကြော်သံများဖြင့် တောင်းဆိုခဲ့ကြသည်။

ထိုင်းတောင်ပိုင်း မြန်မာကျောင်းများ၏ ဖိတ်ခေါ်ဘောလုံးပွဲ

Dawei Watch

July 19, 2023

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ မြန်မာစာသင်ကျောင်း ၃ ကျောင်း၏ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၁၉ ရက်နေ့က ကျင်းပခဲ့သည်။ စူရတ်ဌာနီရှိ ဝပ်ဖိုဝိုင် သူရိယစန္ဓာ မြန်မာစာသင်ကျောင်း၊ ဝပ်ဆုမ်ဝမ်မြန်မာကျောင်းနှင့် ခနုံမြို့နယ် အမှတ်၂ သူရိယစန္ဒာမြန်မာစာသင်ကျောင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပြည်သူများပူးပေါင်း၍ အာဇာနည်နေ့ကျင်းပ

Dawei Watch

July 19, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ၇၆ နှစ်မြောက်အာဇာနည်နေ့ကို ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပြည်သူများ ပူးပေါင်းကျင်းပခဲ့သည်။ ဓာတ်ပုံ – CJ

စူရတ်ဌာနီရှိ မြန်မာစာသင်ကျောင်းတွင် အာဇာနည်နေ့ကျင်းပ

Dawei Watch

July 19, 2023

၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ မေတ္တာရိပ်မြန်မာစာသင်ကျောင်းတွင် ယနေ့ နံနက်က ကျင်းပခဲ့ကြသည်။

ထားဝယ်က ရွေ့လျားဈေးသည်များ၏ ဈေးဝယ်ရသည့်ဒုက္ခ

Dawei Watch

July 12, 2023

ထားဝယ်မြို့ကမ်းနားဈေးတွင် နေ့စဉ် နံနက် ၄ နာရီနောက်ပိုင်း အလုအယက်ဈေးဝယ်သူများဖြင့် တိုးကြိတ်နေလေ့ရှိသည်။ ‌ကမ်းနားဈေးတွင်ဝယ်ပြီး နယ်ကျေးရွာများသို့ တစ်ဆင့်ပြန်လည်ရောင်းချကြမည့် သုံးဘီး‌၊ ဆိုင်ကယ်၊ ကား စသည့် ရွေ့လျားဈေးသည်များက အလုအယက်တိုးဝှေ့ဝယ်ယူနေကြရခြင်းဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်မြို့အဝင်အထွက်ဂိတ်လေးခုစလုံးကို စစ်ကောင်စီက စစ်ဆေးရေးဂိတ်ဖွင့်ပြီး တင်းကျပ်လိုက်သည်။ မြို့အဝင်စစ်ဆေးရေးဂိတ်များကို နေ့စဉ် နံနက် ၄နာရီအချိန်မှ တစ်ပြိုင်တည်းဖွင့်ပေးပြီး ဖြတ်သန်းသွားလာခွင့် ပြုသည်။ နယ်မှတက်လာသည့် ဈေးသည်များမှ မနက် ၃ နာရီဝန်းကျင်ကတည်းက စစ်ဆေးရေးဂိတ်များတွင် စုပြုံပြီး ဂိတ်ဖွင့်မည့်အချိန်ကို စောင့်ဆိုင်းနေကြရသည်။ ဂိတ်ဖွင့်သည်နှင့် တစ်ပြိုင်နက် သူ့ထက်ငါအရင် အလုအယက်ဂိတ်ကိုဖြတ်ပြီး ကမ်းနားဈေးတွင် ဈေးသွားဝယ်ကြရသည်။ ဈေးဝယ်နောက်ကျပါက ‌နယ်ကျေးရွာများသို့ အရောက်နောက်ကျပြီး သား၊ ငါးများ ပုပ်သိုးသွားနိုင်ခြင်း၊ ဟင်းသီးဟင်းရွက်များ ညှိုးနွမ်းသွားခြင်းတို့ကြောင့် သတ်မှတ်ဈေးမရတော့ဘဲ အရင်းအနှီး ဆုံးနိုင်သဖြင့် အလုအယက် […]

ရိုးရာဓလေ့ ခေါသရပ်ပွဲ

diz_admin

September 13, 2022

မကျွတ်မလွတ်သူတို့အား အစားအစာကျွေးခြင်း ခေါ် ခေါသရပ်ပွဲအား တနင်္သာရီမြို့နယ်တွင် နှစ်စဉ် တော်သလင်းလပြည့်ကျော် ၄ ရက်နေ့ရောက်တိုင်း ပြုလုပ်လေ့ရှိကြသည်။ ခေါသရပ်ပွဲသည် တနင်္သာရီမြို့နယ်၏ ရိုးရာဓလေ့တစ်ခုဖြစ်ပြီး ခေါသရပ်အဖိတ်နေ့ဖြစ်သည့် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ခေါသရပ်မုန့်ထိုးခြင်း၊ ၁၃ ရက်နေ့ ခေါသရပ်ဥပုသ်နေ့တွင် အာရုံတက်ချိန်၌ ခေါသရပ်မုန့်တို့အား သံဃာတော်တို့အား လောင်းလှူခြင်း၊ ဆွမ်းကပ်ခြင်း၊ ဥပုသ်စောင့်ခြင်း၊ ခေါစာကျွေးခြင်းတို့အား ပြုလုပ်ကြသည်။ ခေါသရပ်မုန့်ပြုလုပ်ရာတွင် ကောက်ညှင်းငချိတ်၊ ကောက်ညှင်းဖြူ၊ အုန်းနို့၊ ဓနိပျား (သကြား) ၊ နှမ်း၊ ခရူစေ့ (သီဟိုစေ့) ၊ မြေပဲ စသဖြင့်ပါဝင်သည့် ထိုးမုန့်တစ်မျိုးဖြစ်သည်။ အဆိုပါ ခေါသရပ်ပွဲအား တနင်္သာရီမြို့အပါအဝင် ပဝကျေးရွာအုပ်စု၊ သာရဖုံကျေးရွာအုပ်စု၊ သိန်ခွန်းကျေးရွာအုပ်စု စသဖြင့် ကျေးရွာအများစုတွင် နှစ်တိုင်း ကျင်းပလေ့ရှိကြသည်။

စက်ဘီးစီးကြသူများ

diz_admin

September 12, 2022

ဓာတ်ဆီစျေးမြင့်တက်လာမှုကြောင့် ထားဝယ်တွင် စက်ဘီးစီးနင်းသူ ပိုမိုများလာသည်ကို တွေ့မြင်လာရပြီး စက်ဘီပြင်ဆိုင်များလည်း ပြန်လည်အလုပ်များလာကြောင်း တွေ့မြင်ရစဉ်။ ထားဝယ်မြို့ပေါ်တွင် ရည်ညွှန်းစျေးဖြင့်ရောင်းသော လိုင်စင်ရှိစက်သုံးဆီဆိုင်များ၌ ယနေ့ ၉၂ တစ်လီတာ ၂၄၃၅ ကျပ်ပေါက်သော်လည်း ပြင်ပစျေးကွက်တွင် တစ်လီတာ ၃၅၀၀ အထိပေါက်နေသည်။ စက်သုံးဆီစျေးမှာ ဆက်တိုက်မြင့်တက်နေသဖြင့် စက်ဘီးဖြင့် ခရီးသွားလာသူ ပိုမိုများပြားလာပြီး စက်ဘီးပြင်ဆိုင်များတွင် စက်ဘီးအဟောင်းများ ပြန်လည်ပြင်ဆင်လာကြသည်ကို တွေ့လာရသည်။ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ဂျပန်ကွန်တိန်နာကျ စက်ဘီးများမှာ စျေးမြင့်တက်နေပြီး ယခင် ကျပ်ကိုးသောင်းခန့် စက်ဘီးမှာ တစ်သိန်းခွဲခန့်အထိစျေးပေါက်နေပြီဖြစ်သည်။ စက်ဘီးစျေးမြင့်တက်နေမှုကြောင့် စက်ဘီးဝယ်ယူသူနည်းပါးကြောင်း အရောင်းဆိုင်များကဆိုသည်။

ထားဝယ်မြို့ပေါ်က ဆန်အလှူ

diz_admin

September 1, 2022

ထားဝယ်မြို့၊ စည်ပင်သာယာစျေး အာဇာနည်လမ်းတွင် ဆန်၊ မာမားခေါက်ဆွဲထုပ်နှင့်ကြက်ဥ လူ ၂၅၀ စာကို အလှူရှင်မိသားစုက ယနေ့နေ့လယ် ၁ နာရီခန့်က စတင်ပေးဝေနေစဉ်။ ဒေသခံများမှာ နံနက် ၁၀ နာရီမှစတင်ကာ သွားရောက်စောင့်ဆိုင်းခဲ့ပြီး အလှူပစ္စည်းများ ရယူခဲ့ကြကြောင်းသိရသည်။ အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် ကျပ်ငွေတန်ဖိုး အလွန်အမင်းကျဆင်းလာကာ အထွေထွေကုန်စျေးနှုန်း ဆက်တိုက်မြင့်တက်လာမှုကြောင့် ပြည်သူအများစုမှာ စား၊ဝတ်၊နေရေး ကျပ်တည်းနေကြပြီဖြစ်သည်။