BREAKING
September 16, 2024

ဓာတ်ပုံ သတင်း

ထားဝယ် ညသပိတ်

diz_admin

December 7, 2021

ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရပြီးနောက် တစ်ရက်အကြာ ယနေ့ (ဒီဇင်ဘာ ၆) ညတွင် ထားဝယ်မြို့နယ်၌ စစ်အာဏာရှင် ဆန့်ကျင်ရေးညသပိတ် ပြုလုပ်ကြသည်။ ရန်ကုန်လူထုသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရပြီး ထိခိုက်ကျ ဆုံးခဲ့ရသော တော်လှန်ရေး ရဲဘော်များအားဂုဏ်ပြုသောအားဖြင့် ထားဝယ် အရှေ့တောဒေသတွင် ‘ရန်ကုန်သွေးတွေ မြေခနေပြီ၊ တပြည်လုံးသွေးတွေ ဆူပွက်ကြဟေ့’ ကြွေးကြော်သံဖြင့် ဆန္ဒထုတ်ဖော်ကြသည်။

ရန်ကုန် သပိတ်ဖြိုခွင်းခံရပြီးနောက် ထားဝယ်တွင် ဆန္ဒပြ

diz_admin

December 5, 2021

ရန်ကုန်သပိတ်စစ်ကြောင်း ကြည့်မြင်တိုင်မြို့နယ်တွင် အကြမ်းဖက် ဖြိုခွင်းခံလိုက်သည့် ယနေ့တွင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများက ဒီဇင်ဘာ ၅ ရက်နေ့ ညတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ ကြည့်မြင်တိုင် ဖြိုခွင်းမှုတွင် ကျဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြသော တော်လှန်ရေးရဲဘော်များအား ဂုဏ်ပြုသောအားဖြင့် ‘ရန်ကုန်သွေးတွေ မြေခနေပြီ၊ တပြည်လုံးသွေးတွေ ဆူပွက်ကြဟေ့’ ကြွေးကြော်သံဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

မြိတ် သီတင်းကျွတ်

diz_admin

October 20, 2021

မြိတ်မြို့တစ်ဖက်ကမ်း ပထက်ကျေးရွာရှိ ရှင်သာလျောင်းဘုရားတွင် ဘုရားဖူးလာသူများအား နိဗ္မာန်ဈေးအလှူ‌ပေးခြင်း၊ Mask များဖြန့်ဝေ‌ပေးခြင်းကို သီတင်းကျွတ်လပြည့်နေ့က မြိတ်မြို့နယ်သွေးသစ်ပရဟိတလူငယ်များအဖွဲ့မှပြုလုပ်ခဲ့သည်။ Photo-သွေးသစ်ပရဟိတလူငယ်များအဖွဲ့

လောင်းလုံးမြို့နယ် ထားဝယ်ရိုးရာ သပိတ်မျှောပွဲ

diz_admin

October 20, 2021

လောင်းလုံးမြို့နယ်ရှိကျေးရွာအချို့တွင် သီတင်းကျွတ်လပြည့်နေ့ ထားဝယ်ရိုးရာသပိတ်မျှောနေသည့်မြင်ကွင်းများ။ ဓာတ်ပုံ – Dawei Watch