ဝါဆိုလပြည့်နေ့ ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးမြင်ကွင်း
Dawei Watch
August 1, 2023ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးကို လာရောက်ကြသည့် ဘုရားဖူးများကို ဝါဆိုလပြည့်နေ့ (သြဂုတ်လ ၁ ရက်နေ့)တွင် မြင်တွေ့ရစဉ်။
ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးကို လာရောက်ကြသည့် ဘုရားဖူးများကို ဝါဆိုလပြည့်နေ့ (သြဂုတ်လ ၁ ရက်နေ့)တွင် မြင်တွေ့ရစဉ်။
ထားဝယ်တွင် မနေ့(ဇူလိုင် ၂၈) ညကစပြီး ယနေ့မနက်ပိုင်းအထိရွာသည့်မိုးကြောင့် ထားဝယ်မြို့သစ် ၈ လမ်း နှင့် ၅ လမ်း တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိသည်။ သက်ကြီးရွယ်အိုများနှင့် မကျန်းမာသူများကို လူမှုကူညီကယ်ဆယ်ရေးအသင်းဖွဲ့များက အရေးပေါ်ပြောင်းရွှေ့ ကူညီဆောင်ရွက်ပေးနေသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်တင့်မှ အားကောင်းလာသည့်အတွက်ကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ယနေ့မွန့်တည့်အချိန်ထိ နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက်ထုတ်ပြန်ထားသည်။ ထားဝယ်မြို့နယ်အတွင်း ရေကြီး၊ရေလျှံမှုများ ဖြစ်ပေါ်လာပါက အရေးပေါ်ပြောင်းရွှေ့နေထိုင်နိုင်ရန်အတွက် ဇမ္ဗူသီရိအဖွဲ့တွင် ရေဘေးကယ်ဆယ်ရေး ဖွင့်လှစ်ထားပြီး လာရောက်တည်းခိုနေထိုင်နိုင်ကြောင်းဇယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
အာဇာနည်နေ့ အထိမ်းအမှတ် လူထုသပိတ်လှုပ်ရှားမှုကို ယနေ့နံနက်တွင် လောင်းလုံးမြို့နယ်အတွင်း ပြုလုပ်ခဲ့ကြသည်။ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်သည့် ယင်းလှုပ်ရှားမှုတွင် ‘သူရဲကောင်းတို့ မျှော်ရည်ချက်၊ လူထုအားနဲ့ ဆက်ချီတက်’ စာသားပါ ဘန်နာကိုကိုင်ဆွဲ ချီတက်ခဲ့ကြသည်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာ လူပေါင်း နှစ်သန်းကျော် ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီးပါပြီ။ တောတောင်တွေထဲမှာ၊ ဒုက္ခသည်စခန်းတွေမှာ၊ အိမ်နီးချင်းနိုင်ငံတွေမှာ ရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။ အိမ်လည်း မပြန်နိုင်ကြပါဘူး။ တခြားနေရာသစ်ကို ဘ၀သစ်စဖို့လည်း ထွက်သွားလို့ မရပြန်ဘူး။ သူတို့ဟာ သောင်တင်ပိတ်မိနေသူတွေ။ အမည်မဖော်လိုတဲ့ မြန်မာအနုပညာရှင် တစ်စုက သူတို့အကြောင်း ဖော်ကျူးရေးဆွဲထားပါတယ်။ ဘန်ကောက်မြို့၊ ဘန်ကောက် အနုပညာနဲ့ ယဉ်ကျေးမှုစင်တာမှာ ပြုလုပ်တဲ့ ပန်းချီပြပွဲမှာ မြန်မာနိုင်ငံက စစ်ပြေး ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းနေထိုင်ရသူတွေအကြောင်း ပန်းချီအနုပညာပြချက် ၄၀ ဝန်းကျင် ပြသထားပါတယ်။ ဇူလိုင်လ ၂၃ ရက်နေ့ အထိ ပြသသွားမည်ဖြစ်ပါတယ်။ အဲဒီက ရတဲ့ ရံပုံတွေ ၆၀ ရာခိုင်နှုန်းကို IDP တွေ အတွက် လှူဒါန်းသွားဖို့ ရှိပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး လောင်းလုံးမြို့နယ်အတွင်း ယနေ့ ပြုလုပ်ခဲ့ကြသည်။ ယနေ့လှုပ်ရှားမှုတွင် “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်”ဘန်နာကိုင်ဆွဲပြီး အမျိုးသမီးများ လူငယ်များနှင့် ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင်ချီတက်ခဲ့ကြောင်း သပိတ်ကော်မတီက ထုတ်ပြန်သည်။
ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ်အသစ်ကို မဲပေးရွေးချယ်နေသော လွှတ်တော်အဆောက်အအုံ ပတ်ဝန်းကျင်တွင် ထိုင်းရဲတပ်ဖွဲ့များက အတားအဆီးများ၊ ရေကားများ ပြင်ဆင်ချထားသည်ကို တွေ့ရှိရကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။ ယင်းအတားအဆီးများ၊ ရေဖြန်းစက်ပါသောကားများကို ယမန်နေ့ ညသန်းခေါင်အချိန်ကတည်းက ပြင်ဆင်နေခဲ့ကြခြင်းဖြစ်သည်။ ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင် Move Forward ပါတီခေါင်းဆောင် ပီထာကို ဝန်ကြီးချုပ်ဖြစ်မဖြစ် အထက်နှင့် အောက်လွှတ်တော် နှစ်ရပ်ပေါင်းက မဲပေးရွေးချယ်နေကြပြီဖြစ်သည်။ ဝန်ကြီးချုပ်ရွေးချယ်ပွဲကို ပြည်သူအားလုံး စောင့်ကြည့်ပေးဖို့ ထိုင်းဒီမိုကရေစီတက်ကြွလှုပ်ရှားသူများက ယမန်နေ့ ညနေပိုင်းတွင် ဘန်ကောက်မြို့၌ ဆန္ဒပြလှုံ့ဆော်ထားခဲ့ကြသည်။ Move Forward ပါတီကလည်း ဘန်ကောက်မြို့ကထောက်ခံသူများကို လွှတ်တော်ရှေ့သို့ လာရောက်လေ့လာ၍ မဲရလဒ်ကို စောင့်ကြည့်ကြဖို့ တိုက်တွန်းထားသည်။ ထိုင်းရဲတပ်ဖွဲ့ကလည်း လွှတ်တော်ပတ်ဝန်းကျင်တွင် ဇူလိုင်လ ၁၂ ရက်မှ ၁၅ […]
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့တွင် မြန်မာနိုင်ငံသားများသည် စစ်အာဏာရှင် ကျဆုံးရေးအတွက် ယနေ့ မွန်းလွဲပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် စစ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်၏ မွေးနေ့မတိုင်မီ တစ်ရက်အလိုတွင် ရာနှင့်ချီသော မြန်မာအလုပ်သမားများ ယနေ့ မွန်းလွဲ ၂ နာရီမှ ၅ နာရီအထိ စုဝေးဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ “မတရားမှုဆိုတာကလေ ကိုယ့်အိမ်ရှေ့ကို တံခါးလာခေါက်မှ တော်လှန်ရမှာ မဟုတ်ဘူး။ မတရားမှုကို တွေ့တဲ့နေရာကနေ တော်လှန်ရမှာ” ဟု ဆန္ဒပြပွဲကို တက်ရောက်လာသူတစ်ဦးက ဟောပြောခဲ့သည်။ ဆန္ဒပြပွဲတွင် စစ်ကောင်စီအစိုးရကို အသိမှတ်မပြုရေး၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို အစိုးရအဖြစ် အသိအမှတ်ပြုရေး ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရေး […]
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း LGBT Community မှ ဦးဆောင်ပြီး လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် အကြမ်းဖက်ခြင်း ခွဲခြားဆက်ဆံခြင်းများကို ဆန့်ကျင်ကန့်ကွက်ခြင်းနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ယနေ့ (ဇွန် ၂၉) နေ့လယ်က ပြုလုပ်ခဲ့သည်။ ယင်း LGBT Community မှာ ထားဝယ်ခရိုင် သပိတ်လှုပ်ရှားမှုကော်မတီ (DDMSC) ၏ အဖွဲ့ဝင်အင်အားစုတစ်ခုဖြစ်ပြီး ယနေ့ လှုပ်ရှားမှုတွင် အမျိုးသမီးငယ်များ၊ လူငယ်များနှင့် ပြည်သူလူထု အများအပြားပူးပေါင်းပါဝင်ခဲ့ကြသည်။