လွတ်ငြိမ်းတွင်ပါဝင်သည့် ထားဝယ်ထောင်မှ အကျဥ်းကျနေသူများ စတင်လွှတ်ပေး
Dawei Watch
January 4, 2024စစ်ကောင်စီ၏ လွတ်ငြိမ်းစာရင်းတွင် ပါဝင်သည့် ထားဝယ်အကျဥ်းထောင်မှ အကျဥ်းသား၊ အကျဥ်းသူများကို စတင်လွှတ်ပေးနေပြီဖြစ်ကြောင်း သိရှိရသည်။ ထားဝယ်အကျဉ်းထောင်မှ ၈၀ ဝန်းကျင်ခန့် လွတ်မြောက်မည်ဟု သတင်းများ ထွက်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ယင်းလွတ်မြောက်စာရင်းတွင် နိုင်ငံရေးအကျဉ်းသားများ ပါဖွယ်ရှိကြောင်း သတင်းများထွက်နေပြီး မည်မျှပါမည်ကိုမူ မသိရသေးပေ။ လတ်တလောရရှိသည့် သတင်းအရ လွတ်ရက်စေ့ခါနီး နိုင်ငံရေးအကျဉ်းသူ ၃ ဦးသာ ပါသေးကြောင်း သိရသည်။ ယနေ့ ကျရောက်သည့် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီက လွတ်ငြိမ်းခွင့်ရသူများကို ထုတ်ပြန်လိုက်ပြီး နိုင်ငံတဝန်းအကျဉ်းထောင်များရှိ အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁၄ ဦးတို့ကို ပြစ်ဒဏ်လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုကြောင်း ဖော်ပြထားသည်။ ပုံစာ – လွတ်ငြိမ်းဖြင့်လွတ်လာသူများကို ထားဝယ်ထောင်ရှေ့တွင် ယနေ့ […]