BREAKING
October 18, 2024

ဓာတ်ပုံ အက်ဆေး

တော်လှန်ရေးနေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်

diz_admin

March 28, 2023

ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး “‌တောင်တန်းမြေပြန့် အတူချီတက်၊ ဖက်ဆစ်ဝါဒ အပြီးတိုက်ဖျက်” ဘန်နာကို ကိုင်စွဲ၍ မတ်လ ၂၇ ရက်(တော်လှန်ရေးနေ့)နေ့တွင် လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ဓာတ်ပုံ – DDMSC

စက်ဘီးစီးကြသူများ

diz_admin

September 12, 2022

ဓာတ်ဆီစျေးမြင့်တက်လာမှုကြောင့် ထားဝယ်တွင် စက်ဘီးစီးနင်းသူ ပိုမိုများလာသည်ကို တွေ့မြင်လာရပြီး စက်ဘီပြင်ဆိုင်များလည်း ပြန်လည်အလုပ်များလာကြောင်း တွေ့မြင်ရစဉ်။ ထားဝယ်မြို့ပေါ်တွင် ရည်ညွှန်းစျေးဖြင့်ရောင်းသော လိုင်စင်ရှိစက်သုံးဆီဆိုင်များ၌ ယနေ့ ၉၂ တစ်လီတာ ၂၄၃၅ ကျပ်ပေါက်သော်လည်း ပြင်ပစျေးကွက်တွင် တစ်လီတာ ၃၅၀၀ အထိပေါက်နေသည်။ စက်သုံးဆီစျေးမှာ ဆက်တိုက်မြင့်တက်နေသဖြင့် စက်ဘီးဖြင့် ခရီးသွားလာသူ ပိုမိုများပြားလာပြီး စက်ဘီးပြင်ဆိုင်များတွင် စက်ဘီးအဟောင်းများ ပြန်လည်ပြင်ဆင်လာကြသည်ကို တွေ့လာရသည်။ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ဂျပန်ကွန်တိန်နာကျ စက်ဘီးများမှာ စျေးမြင့်တက်နေပြီး ယခင် ကျပ်ကိုးသောင်းခန့် စက်ဘီးမှာ တစ်သိန်းခွဲခန့်အထိစျေးပေါက်နေပြီဖြစ်သည်။ စက်ဘီးစျေးမြင့်တက်နေမှုကြောင့် စက်ဘီးဝယ်ယူသူနည်းပါးကြောင်း အရောင်းဆိုင်များကဆိုသည်။

ဝါဆိုလပြည့်နေ့ ထားဝယ်မြို့မြင်ကွင်း

diz_admin

July 12, 2022

ဝါဆိုလပြည့် (ဓမ္မစကြာနေ့) ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် ထားဝယ်မြို့ပေါ်နှင့် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းက မြင်ကွင်းများ ဖြစ်သည်။

စားဝတ်နေရေးကျပ်တည်းလာတဲ့ တောင်ပိုင်းသားတွေ

diz_admin

July 9, 2022

အရင်က ခူးမယ့်သူမရှိတဲ့ ရပ်ကွက်ထဲက ရေအိုင်ထဲအလေ့ကျပေါက်နေတဲ့ ကန်စွန်းပင်လေးတွေမှာ အညွန့်ထွက်ချိန်ပင်မရတော့။ ယခင်က ယောင်လို့ပင် လမ်းဘေးကန်စွန်းခင်းနား ဖြတ်မလျှောက်တဲ့ ဒေသခံတွေမှာ အခုတော့ ဟင်းတစ်ခွက်ရဖို့ ကန်စွန်းခင်းအညွန့်ထွက်ချိန် ဦးအောင်အလုအယက် စောင့်ခူးနေကြပါတယ်။ ရပ်ကွက်ထဲက အလေ့ကျပေါက်နေတဲ့ ကန်စွန်းခင်းတွေမှာ လူမပြတ်သလောက် စည်ကားနေပေမဲ့ ရပ်ကွက်ထဲက ဈေးတွေမှာတော့ ဝယ်သူမရှိလို့ ဈေးသည်တွေ ညည်းညူနေသံက အချိန်မလပ် ကြားနေရပါတယ်။ ဈေးတွေမှာ ဝယ်သူမရှိခြောက်ကပ်နေပြီး ရောင်းသူတွေပဲ ခြောက်ကပ်ကပ် ဈေးဘန်းတွေနဲ့အတူ ဝယ်သူကို မျှော်နေကြတာပါ။ ဈေးထဲမှာတော့ ကုန်ဈေးနှုန်းကြီးမြင့်လာတဲ့ လွန်ခဲ့တဲ့ ငါးလခြောက်လ ဝန်းကျင်ကစပြီး လာရောက်ဈေးဝယ်သူ လျော့နည်းသွားတယ်လို့ ဈေးသည်တွေကပြောပါတယ်။ ဈေးထဲမှ ကြက်သားသည်တစ်ဦးကလည်း ယခင်က တစ်နေ့ ကြက်သား ပိဿာ ၂၀ ကနေ ၂၅ ပိဿာအထိ ရောင်းချခဲ့ပေမယ့် အခုတော့ […]

ရွေးကောက်ပွဲ တစ်နှစ်ပြည့် တနင်္သာရီ

diz_admin

November 8, 2021

ခေတ်သစ်မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အရေးပါတဲ့ အဆင့်တစ်ဆင့် ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပခဲ့တာ ဒီနေ့ တစ်နှစ်ပြည့်ပါပြီ။ ဒီရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက အစိုးရ ဖွဲ့နိုင်တဲ့အထိ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ တနင်္သာရီတိုင်းမှာလည်း လွှတ်တော် နေရာ ၄၃ နေရာစလုံး ရာနှုန်းပြည့် အနိုင်ရခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးအကြား တနင်္သာရီတိုင်းမှာ မဲပေးသူ ရာခိုင်နှုန်း ၆၆.၅ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲရလဒ် ကို မျက်ကွယ်ပြုပြီး စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ပါတယ်။ အဲဒီနောက် ကိုးလကျော်အကြာအတွင်း အမျိုးမျိုးသော အာဏာသိမ်းဆန့်ကျင်မှုတွေ နိုင်ငံတစ်ဝန်းဖြစ်ပေါ်နေဆဲပါ။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကလည်း ၂၀၂၀ ရွေးကောက်ပွဲအပြီး တစ်နှစ်အကြာ မရေရာမှုတွေနဲ့ ဆက်သွားနေရဆဲပါ။