BREAKING
February 22, 2025

ဓာတ်ပုံ

ထားဝယ်မြို့က ဟိန္ဒူဘာသာဝင်များ၏ သိုက်ရ်ပူးဆွမ်းပွဲတော်

Dawei Watch

February 11, 2025

ထားဝယ်မြို့၊ မြောက်ရွာရပ်ကွက်ရှိ စရီးစူပဠာမဏီး ဟိန္ဒူဘုရားကျောင်းတွင် ယနေ့ (ဖေဖော်ဝါရီ ၁၁) နံနက်ပိုင်းက သိုက်ရ်ပူးဆွမ်း အပ်ထိုးပွဲတော်ကို ကျင်းပခဲ့သည် ။ ကိုဗစ်ကာလကတည်းက ထားဝယ်မြို့တွင် လှည့်လည်အပူဇော်ခံခြင်းမပြုတော့သည့် စရီးစူပဠာမဏီးဟိန္ဒူ ဘုရားကို ယခုနှစ်တွင် ထားဝယ်မြို့တွင်း ပြန်လည်လှည့်လည် အပူဇော်ခံခဲ့သည် ။ လှည့်လည်အပူဇော်ခံရာတွင် ဘုရားလှည်းများသာပါဝင်ပြီး ကိုဗစ်မတိုင်မီက ကျင်းပသည့် ဘုရားလှည့်ပွဲကဲ့သို့ ပဒေသာပင်ကား ၊ ဖျော်ဖြေရေးယာဥ် များမပါဝင်သလို ပါဝင်ဆင်နွှဲသူလည်း နည်းပါးကြောင်းတွေ့ရသည် ။ ဘုရားမလှည့်မီ ဖေဖော်ဝါရီလ ၆ ရက်မှစ၍ ဘုရားကျောင်းတွင် ပူဇော်ပွဲ ၆ ရက် ကျင်းပခဲ့သေးသည် ။ သိုက်ရ်ပူးဆွမ်းပွဲတော်ကို ဟိန္ဒူကျမ်းဂန်လာအရ စရီးစူပဠာမဏီး ဘုရား မှ ဆုရပဒမ်း အသူရာကို နှိမ်နင်းအောင်မြင်တော်မူခြင်း အထိမ်းအမှတ်ဖြင့် ကမ္ဘာနိုင်ငံအသီးသီးရှိ ဟိန္ဒူဘာသာဝင်များ […]

လောင်းလုံးတွင် နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် လူတစ်‌ထောင်ခန့် လမ်းလျှောက်ဆန္ဒထုတ်ဖော်

Dawei Watch

February 1, 2025

နွေဦးတော်လှန်ရေး လေးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူထုလမ်းလျှောက်ချီတက်ပွဲကို လောင်းလုံးမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြုလုပ်သည့် အဆိုပါလမ်းလျှောက်ပွဲတွင် ဒေသခံတစ်ထောင်ခန့် ပူးပေါင်းပါဝင်ခဲ့သည်။ “လူထုအာဏာကို တည်ဆောက်ကြ၊ အာဏာရှင်စနစ်ကို ဖီဆန် အုံကြွ တော်လှန်ကြ” ဆိုသော ဘန်နာကိုင်ဆွဲပြီး ၆ မိုင်ကျော်အကွာအဝေးကို လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယင်းလှုပ်ရှားမှုအတွင်း နွေဦးတော်လှန်ရေး‌လေးနှစ်ပြည့် အထိမ်းအမှတ် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ၏ သဘောထားထုတ်ပြန်ချက်ကို ဖတ်ကြားခြင်း၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကဗျာများတွေရွတ်ဖတ်ခြင်း စသည်တို့ကို ထည့်သွင်းပြုလုပ်ခဲ့သည်။

အစ္စရေး-ဟားမတ်စ် အပစ်ရပ်ရန် သဘောတူ၊ ပါလက်စတိုင်းပြည်သူများ အောင်ပွဲခံ

Dawei Watch

January 16, 2025

အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးနှင့် ဓါးစာခံလဲလှယ်ရေး သဘောတူညီချက်ရရှိခဲ့ပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။ ယင်းသဘောတူညီချက်မှာ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ရာ ဂါဇာတွင် ၁၅ လကြာဖြစ်ပွားနေသည့်စစ်ပွဲ အဆုံးသတ်တော့မည်ဖြစ်သည်။ အဆိုပါသဘောတူညီချက်အတွက် အမေရိကန် ၊ အီဂျစ် ၊ ကာတာ ၊ အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့အကြား သံတမန်ရေးအရ လနှင့်ချီကြိုးပမ်းအားထုတ်ခဲ့ရသည်ဟု အိမ်ဖြူတော်က သီးခြားထုတ်ပြန်ခဲ့သည်။ အပစ်ရပ်သဘောတူညီချက်ကြေညာပြီးသည့်နောက် ဂါဇာရှိ ပါလက်စတိုင်းပြည်သူများ အောင်ပွဲခံနေသည့် မြင်ကွင်းများကိုဖော်ပြလိုက်ပါသည်။ Source : Reuters

ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း အကြိုလှုပ်ရှားမှု လောင်းလုံးတွင်ပြုလုပ်

Dawei Watch

August 25, 2024

ကုလသမဂ္ဂဆိုင်ရာ မြန်မာ​သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ရေး အကြိုလှုပ်ရှားမှုတစ်ခု လောင်းလုံးမြို့နယ်တွင် ယနေ့ပြုလုပ်ခဲ့သည်။ ထားဝယ်သပိတ်ကော်မတီမှ ဦးဆောင်ပြုလုပ်သည့် အဆိုပါလှုပ်ရှားမှုတွင် “ငါတို့အားလုံးရဲ့ အသံကို ကိုယ်စားပြုတာ ငါတို့သံအမတ် ဦးကျော်မိုးထွန်း” ဘန်နာကို ကိုင်စွဲပြီး ကျေးရွာအချို့ကိုလည့်လှည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ မကြာမီကျင်းပတော့မည့် ကုလသမဂ္ဂညီလာခံတွင် ဦးကျော်မိုးထွန်းကို မြန်မာ​သံအမတ်အဖြစ် ဆက်လက်ခန့်အပ်ရန် ဒေသခံတို့က ကြွေကြော်သံများဖြင့် တောင်းဆိုခဲ့ကြသည်။

ထိုင်းတောင်ပိုင်း မြန်မာကျောင်းများ၏ ဖိတ်ခေါ်ဘောလုံးပွဲ

Dawei Watch

July 19, 2023

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ မြန်မာစာသင်ကျောင်း ၃ ကျောင်း၏ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၁၉ ရက်နေ့က ကျင်းပခဲ့သည်။ စူရတ်ဌာနီရှိ ဝပ်ဖိုဝိုင် သူရိယစန္ဓာ မြန်မာစာသင်ကျောင်း၊ ဝပ်ဆုမ်ဝမ်မြန်မာကျောင်းနှင့် ခနုံမြို့နယ် အမှတ်၂ သူရိယစန္ဒာမြန်မာစာသင်ကျောင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပြည်သူများပူးပေါင်း၍ အာဇာနည်နေ့ကျင်းပ

Dawei Watch

July 19, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ၇၆ နှစ်မြောက်အာဇာနည်နေ့ကို ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပြည်သူများ ပူးပေါင်းကျင်းပခဲ့သည်။ ဓာတ်ပုံ – CJ

စူရတ်ဌာနီရှိ မြန်မာစာသင်ကျောင်းတွင် အာဇာနည်နေ့ကျင်းပ

Dawei Watch

July 19, 2023

၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ မေတ္တာရိပ်မြန်မာစာသင်ကျောင်းတွင် ယနေ့ နံနက်က ကျင်းပခဲ့ကြသည်။

ထားဝယ်က ရွေ့လျားဈေးသည်များ၏ ဈေးဝယ်ရသည့်ဒုက္ခ

Dawei Watch

July 12, 2023

ထားဝယ်မြို့ကမ်းနားဈေးတွင် နေ့စဉ် နံနက် ၄ နာရီနောက်ပိုင်း အလုအယက်ဈေးဝယ်သူများဖြင့် တိုးကြိတ်နေလေ့ရှိသည်။ ‌ကမ်းနားဈေးတွင်ဝယ်ပြီး နယ်ကျေးရွာများသို့ တစ်ဆင့်ပြန်လည်ရောင်းချကြမည့် သုံးဘီး‌၊ ဆိုင်ကယ်၊ ကား စသည့် ရွေ့လျားဈေးသည်များက အလုအယက်တိုးဝှေ့ဝယ်ယူနေကြရခြင်းဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်မြို့အဝင်အထွက်ဂိတ်လေးခုစလုံးကို စစ်ကောင်စီက စစ်ဆေးရေးဂိတ်ဖွင့်ပြီး တင်းကျပ်လိုက်သည်။ မြို့အဝင်စစ်ဆေးရေးဂိတ်များကို နေ့စဉ် နံနက် ၄နာရီအချိန်မှ တစ်ပြိုင်တည်းဖွင့်ပေးပြီး ဖြတ်သန်းသွားလာခွင့် ပြုသည်။ နယ်မှတက်လာသည့် ဈေးသည်များမှ မနက် ၃ နာရီဝန်းကျင်ကတည်းက စစ်ဆေးရေးဂိတ်များတွင် စုပြုံပြီး ဂိတ်ဖွင့်မည့်အချိန်ကို စောင့်ဆိုင်းနေကြရသည်။ ဂိတ်ဖွင့်သည်နှင့် တစ်ပြိုင်နက် သူ့ထက်ငါအရင် အလုအယက်ဂိတ်ကိုဖြတ်ပြီး ကမ်းနားဈေးတွင် ဈေးသွားဝယ်ကြရသည်။ ဈေးဝယ်နောက်ကျပါက ‌နယ်ကျေးရွာများသို့ အရောက်နောက်ကျပြီး သား၊ ငါးများ ပုပ်သိုးသွားနိုင်ခြင်း၊ ဟင်းသီးဟင်းရွက်များ ညှိုးနွမ်းသွားခြင်းတို့ကြောင့် သတ်မှတ်ဈေးမရတော့ဘဲ အရင်းအနှီး ဆုံးနိုင်သဖြင့် အလုအယက် […]