BREAKING
December 22, 2024

အတွေးအမြင်

ကလေးထိန်း ပညာရေးအတွေး

diz_admin

January 8, 2020

ကျွန်တော့်ရဲ့ဆောင်းပါးကို ကျွန်တော်တို့ ဆရာ၊ ဆရာမတွေအချင်းချင်း အမြဲ စနောက်ပြောဆိုတတ်ကြတဲ့ “လူဆိုးထိန်း” ဆိုတဲ့ ပုံပြင်လေးနဲ့ စချင်ပါတယ်။ ပုံပြင် ဆိုပေမယ့် တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက် တစ်ခုပါ။ တစ်ခါက ရွာတစ်ရွာမှာ သီတင်းသုံးနေတဲ့ ဆရာတော်တစ်ပါးဟာ ရွာထဲဆွမ်းခံကြွသတဲ့။ ဆွမ်းခံကြွရင်းနဲ့ အိမ်တစ်အိမ်ရဲ့ရှေ့ရောက်တော့ ဒကာမတစ်ဦးက သူမရဲ့သားကို ရိုက်နှက်ဆုံးမရင်း ပါးစပ်ကလည်း “နင့်ကို ညနေကျရင် လူဆိုးထိန်းဆီ ပို့ပစ်မယ်” လို့ ပြောသတဲ့။ လူဆိုးထိန်းဟာ ဘယ်သူလဲဆိုတာ ဆရာတော်အတွက် ပဟေဠိဖြစ်နေခဲ့သလို သိချင်စိတ်လည်း ပြင်းပြနေပါတော့တယ်။ ဒီလိုနဲ့ကျောင်းပြန်ရောက်လို့ ဆွမ်းစားပြီးလို့ လူဆိုးထိန်းအကြောင်းစဉ်းစားရင်းနဲ့ပဲ အချိန်တွေက တဖြည်းဖြည်းကုန်ဆုံးလာပါတော့တယ်။ ဆရာတော်အတွက် စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်ဆိုသလိုမျိုး ဖြစ်နေတော့တာပေါ့။ ညနေစောင်းရောက်တော့ ကျောင်းဝင်းထဲကို မိန်းမတစ်ယောက်နဲ့ ကလေးလေးတစ်ယောက် ဝင်လာတာကို တွေ့လိုက်ရသတဲ့။ […]

စိုက်ခြင်း၊ ရိတ်ခြင်း

diz_admin

January 8, 2020

အခုလိုမျိုးနှစ်သစ်ကူးပြီးခါစဆိုရင် အပြင်မှာရော၊ လူမှုကွန်ရက်မှာပါ အမြဲလိုလို တွေ့ရတာက အမှိုက်တွေနဲ့ ပွစိတက်နေတဲ့ ပွဲတော်ကျင်းပရာနေရာတွေ။ အဝေးပြေးလမ်းမတွေဆိုရင် မျိုးစုံသော ရေသန့်၊ အအေးဘူးခွံ့တွေ၊ ဖော့ဘူးတွေ၊ ပလတ်စတစ်အိတ်တွေနဲ့ ဖွေးဖွေး လှုပ်နေတာပဲပေါ့။ တစ်ချိန်တည်းမှာပဲ ဆရာအောင်လွင် (ကံပေါက်သား)က တနင်္သာရီအပတ်စဉ်မှာ ပြီးခဲ့တဲ့အပတ်က တက္ကသိုလ် အိမ်သာ အကြောင်း ဖတ်ရတဲ့အခါကြတော့ လူမှုဝတ္တရားသိတဲ့လူ၊ လူ့အဖွဲ့အစည်းဆိုတာနဲ့ ပတ်သက်ပြီး ခေါင်းထဲကို အတွေးဝင်လာပါတယ်။ အဲဒီအတွေးကို ပိုတွန်းအားပေးတာက တက္ကသိုလ်အိမ်သာအကြောင်း ဆောင်းပါးမှာ ကျောင်းသူကျောင်းသားတွေကို အဲလောက်အထိ လိုက်ပြောပြ သင်ပြနေဖို့ အချိန်မရှိဘူးလို့ ဆရာမတစ်ယောက်က ပြောတဲ့စကားပါ။ လူတွေဟာ ကိုယ်အရေးကြီးတယ်ထင်တာကိုပဲ အချိန်ပေးဖို့ ဆုံးဖြတ်တတ်ကြတယ်ဆိုတဲ့ အကောက်အယူအရ စဉ်းစားမယ်ဆိုရင်တော့ အိမ်သာကိစ္စဟာ တစ်ပတ်မှာ ၅ မိနစ်၊ ၁၀ မိနစ်လောက် အချိန်ပေးပြောဆို စည်းရုံးဖို့၊ […]

လေဆိပ်မှသည် တက္ကသိုလ်ဆီသို့

diz_admin

January 3, 2020

၁။ ထားဝယ်လေဆိပ် ဒီနှစ် ခရီးအတော်သွားဖြစ်တယ်။ အလုပ်ကိစ္စအကြောင်းပြုပြီး ပြည်တွင်း ပြည်ပခရီး ၇၀ ဝန်းကျင် သွားဖြစ်ခဲ့တယ်။ ခရီးသွားတိုင်း ဖြတ်ဖြစ်တာက ထားဝယ်လေဆိပ်။ ရန်ကုန်ပဲသွားသွား၊ နေပြည်တော်ပဲ၊ ကော့သောင်းပဲ သွားသွား၊ ဘန်ကောက်ပဲ သွားသွား ထားဝယ်မှာနေတဲ့ ကျွန်တော့်အဖို့ ထားဝယ်လေဆိပ်ဟာ ထွက်ပေါက် ဝင်ပေါက်။ ထားဝယ်လေဆိပ်ကို အဝင်အထွက်များလို့ လေဆိပ် ဝန်ထမ်းအားလုံးနီးပါးရဲ့မျက်နှာတွေကို အလွတ်တောင် မှတ်မိနေပြီ။ ခရီးသွားရင် ပို့သူကြိုသူသာ မရှိရင်နေမယ်၊ လေဆိပ်တာဝန်ကျ ရဲအရာရှိတွေကတော့ တွေ့တိုင် ပြုံးပြနှုတ်ဆက် ဖော်ရွေခင်မင်ဖွယ်ပါပဲ။ ထားဝယ်လေဆိပ်ဟာ မြန်မာပြည်တစ်နံတစ်လျား နာမည်ကြီးတာ အားလုံးသိပြီးဖြစ်တယ်။ စိတ်မကောင်းစရာက ကောင်းသတင်းမဟုတ်။ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ထားဝယ်လေဆိပ်ရယ်ပါ။ အဂတိလိုက်စားမှုနဲ့ ထားဝယ်ထောင်တွင်းကနေ လက်ရှိ တရားရင်ဆိုင်နေရဆဲ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ရဲ့ ထားဝယ်လေဆိပ်ချုံရှင်းခ ကျပ်သိန်းလေးထောင်ကြောင့် ထားဝယ်လေဆိပ်ဟာ […]

ခေါင်းဆောင်မှုနဲ့ အကြည်ဓာတ်

diz_admin

January 3, 2020

ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတွေ များစွာအနက်မှာ အကြည်ဓာတ်ရှိခြင်း လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အတိတ်မှာပဲနစ်မနေဘဲ သို့မဟုတ် အနာဂတ်ကိုတွေးပြီး စိုးရိမ်ပူပန်နေတာမျိုးမဟုတ်ဘဲ ပစ္စုပ္ပန်တည့်တည့်ရှုနိုင်ဖို့ အရေးကြီးတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမယ့် လူအများကို စီမံရတဲ့၊ ဦးစီးဦးရွက်ပြုရတဲ့သူတွေအတွက်ဆိုရင်တော့ ပိုအရေးကြီးပါတယ်။ဘာကြောင့်ပါလဲ။ လူတိုင်းဟာ ပစ္စုပ္ပန်တည့်တည့်မရှုနိုင်လို့၊ စိတ်မှာ အကြည်ဓာတ်လေးကိန်းနေအောင် မနေတတ်လို့ ဖြစ်ပါတယ်။ အကြည်ဓာတ်ဆိုတာ ဘာပါလဲ။ အရပ်စကားနဲ့ဆိုရင်တော့ စိတ်ရှင်းတာ၊ စိတ်ကြည်တာကို ပြောလို့ရမယ် ထင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်ဆံကြတဲ့အခါ တစ်ယောက်ရဲ့ဓာတ် သို့မဟုတ် လှိုင်းကို တစ်ယောက်က ခံစားမိကြလေ့ရှိပါတယ်။ ဥပမာ တချို့ပြောလေ့ရှိတာက“သူ့နဲ့ စကားပြောရတာ ပူလောင်လိုက် တာ”။ “သူ့နဲ့ တွေ့လိုက်ရင် အပူတွေတစ်ဝက် သက်သာသွားသလိုပဲ။” “သူ့မျက်လုံးတွေ မြင်ရတာနဲ့တင်ကိုယ့်မှာနှင်းတောထဲ ရောက်သလို ခံစားရတယ်” […]