BREAKING
December 22, 2024

အတွေးအမြင်

တစ်ထောင်တန်တဲ့စကား တစ်ထောင်တန်ဖို့

diz_admin

March 12, 2020

တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီးလေးရပ်လို့ ပြောရင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ မီဒီယာလို့ အားလုံး နားလည် လက်ခံထားကြပါတယ်။ တိုင်းပြည်တစ်ခုရဲ့ လေးခုမြောက် ထောက်တိုင် စတုတ္ထမဏ္ဍိုင်အဖြစ် သတင်း မီဒီယာကို အသိအမှတ်ပြုထားပါတယ်။ အသိအမှတ်ပြု တင်စားသလောက်လည်း တကယ့်သတင်းမီဒီယာတွေဟာ တိုင်းပြည်အတွက် အရေးပါလှပါတယ်။ အဲလိုပဲ နောက်ထပ် အရေးပါတဲ့ အစုအဖွဲ့တစ်ခု ရှိပါတယ် အဲဒါကတော့ လူထုအခြေပြု အဖွဲ့အစည်းတွေပါ။ တချို့ကဆို တိုင်းပြည်ရဲ့ ငါးခုမြောက် ထောက်တိုင် ပဉ္စမ မဏ္ဍိုင်အဖြစ်နဲ့တောင် တင်စားကြပါတယ်။ အမျိုးမျိုး အပြားပြားသော လူထု အခြေပြု အဖွဲ့အစည်းတွေထဲမှာ ပါဝင်လေ့ ရှိကြတာက တက်ကြွလှုပ်ရှားသူ တွေပါ။ တက်ကြွလှုပ်ရှားသူတွေဟာ စိတ်ပါ ဝင်စားမှု မျိုးစုံ၊ ယုံကြည်မှု မျိုးစုံနဲ့ ပါဝင် ပူးပေါင်းလေ့ ရှိကြပါတယ်။ […]

စာအုပ်သစ်ပင် စိုက်စေချင်

diz_admin

February 26, 2020

ဒီနေ့ခေတ်မှာ လူငယ်တွေ စာဖတ် ကြသေးရဲ့လား။ စာမဖတ်ကြတော့ဘူး ဆိုရင်ရော၊ ဘာလို့မဖတ်ကြတာလဲ။ စာဖတ်လို့ ရလာမယ့် ဗဟုသုတတန်ဖိုးကို မသိကြလို့ပဲလား။ ဒီလိုမေးခွန်းတွေအပေါ် ကျွန်တော် အဖြေရှာမိတိုင်း ပတ်ဝန်းကျင်မှာ အသံတွေ စုံနေအောင် ကြားရတတ်တယ်။ လူကြီးတွေက စာဖတ်ချင်အောင် မစည်းရုံးနိုင်လို့၊ ခေတ်စနစ်အရ ဖုန်းထဲ မှာပဲ အချိန်ကုန်နေလို့၊ ဘယ်စာအုပ်ကို ဘယ်လို စဖတ်ရမှန်း မသိလို့။ ဒါတွေဟာ တကယ့်တကယ် စာမဖတ်ရခြင်းအတွက် ခိုင်လုံတဲ့ ဆင်ခြေတွေလား ဆိုတာက တော့ ကျွန်တော်တို့ အများကြီး ဆက်စဉ်း စားဖို့ လိုပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော့်ဘ၀ အတွေ့ အကြုံအကြောင်း နည်းနည်းလေး ပြန်ပြော ပြချင်ပါတယ်။ ကျွန်တော် စာဖတ်လို့ မတတ်က တတ်က သုံးတန်းကျောင်းသားအရွယ်။ အစ်ကို တစ်ဝမ်းကွဲ […]

စိတ်နဲ့စတာကို စိတ်နဲ့ ပြန်ရုပ်

diz_admin

February 11, 2020

ညနေခင်းတွေ၊ ညဘက်တွေမှာ ဘီယာတကူးတက ဝယ်မသောက်ဖြစ်တဲ့ ရက် ဒီအပတ်အတွင်းမှာ သုံးရက်လောက် ရှိပါတယ်။ ဝယ်နေကျ ကုန်စုံဆိုင်မှာ ဘီယာ၊ အရက်ရတော့ ညနေခင်းမှာ မီးဖိုချောင်အတွက် ဝယ်စရာ ရှိတာဖြစ်ဖြစ် အိမ်အောက်ကို ဆင်းစရာ အကြောင်းရှိလို့ ပဲဖြစ်ဖြစ် ဆင်းဖြစ်ပြီဆို အခြားဟာတွေ ဝယ်ရင်း၊ အခြားလုပ်စရာရှိတာလုပ်ရင်း ဘီယာ ဝယ်သောက်ဖြစ်လေ့ ရှိပါတယ်။ တစ်ခါတလေ ဝယ်သောက်မယ်၊ မသောက်တော့ပါဘူးဆိုပြီး တစ်ယောက် တည်း ချီတုံချတုံဖြစ်နေလို့ မုန့်တွေ ကြည့်ရင်း ဆိုင်ထဲ ပတ်နေတတ်တာလည်း ရှိရဲ့။ တစ်ခါတလေ ဘီယာကနိုင်သွားပြီး တစ်ခါတလေကျတော့လည်း ကိုယ်က နိုင်တယ်ပေါ့လေ။ ဘာပဲဖြစ်ဖြစ် အဲဒါမျိုး အခြေအနေကို ပြန်တွေးမိတော့ ကိုယ့် ဟာကိုယ် မျက်နှာပူမိတာ၊ ရှက်သလိုလို ဖြစ်တာတော့ အမှန်ပါပဲ။ ပြီးတော့ ပျော်လည်းမပျော်ဘူး။ […]

ဆိုင်းဘုတ်ကိုင်ပြီး လမ်းလျှောက်ကြမည်ဆိုလျှင်

diz_admin

February 11, 2020

ဆန္ဒပြပွဲများတွင် မပါမဖြစ်သည်က ဆိုင်းဘုတ်များနှင့် ပိုစတာများ ဖြစ်သည်။ မိမိတို့ ဆန္ဒထုတ်ဖော်ရသည့် ရည်ရွယ်ချက်နှင့် အကြောင်းအရင်းကို ကွက်ကွက် ကွင်းကွင်းမြင်ရ၊ သိရဖို့အတွက် ဆိုင်းဘုတ် များ၊ ပိုစတာများကို အသုံးပြုကြရသည်။ တချို့က ဆိုင်းဘုတ်များအတွက် ဗီနိုင်း များကို အသုံးပြုကြသည်။ တချို့က ကတ္ထူစက္ကူပြားပေါ်တွင် မာကာပင်များကို အသုံးပြုပြီး လက်ဖြင့်ရေးကြရသည်။ ထို ဆိုင်းဘုတ်များ၊ ပိုစတာများက အရောင် အမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုး၊ စာသားအမျိုးမျိုးဖြင့် ဆွဲဆောင်မှုရှိနေမည် ဖြစ်သည်။ ထို့သို့ ဆိုင်းဘုတ်စာသားများ ရေးသား ရာတွင် တစ်ခါတစ်ရံ မမျှော်လင့်ဘဲ အမှား အယွင်း တစ်စုံတစ်ရာ ပါသွားသည်မျိုးလည်း ရှိသည်။ ထိုသို့ မှားယွင်းသည့်အခါတွင်လည်း ဆန္ဒပြသူများက မည်သူဖြစ်သည်ဟူသည့် အပေါ်မူတည်ပြီး တုံ့ပြန်မှု အမျိုးမျိုး ရှိကြသည်။ တချို့ဆန္ဒပြပွဲများတွင် […]

ထားဝယ်အထူးစီးပွားရေးဇုန် ခြောက်အိပ်မက်

diz_admin

February 6, 2020

ရွာပြန်လာတိုင်း ရေနက်ဆိပ်ကမ်း ဘယ်တော့စမလဲလို့ အမေးခံရတယ်။ မေးတဲ့ လူအုပ်စု နှစ်စုရှိတယ်။ အလုပ် လိုချင်လို့ဆိုတဲ့ လူငယ်အုပ်စုနဲ့ အဲဒီ ဘက်မှာ မြေတွေဝယ်ထားပြီး လျော်ကြေး မျှော်နေကြတဲ့အုပ်စု။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ နှောင်းပိုင်းကာလ တွေအတွင်း ထားဝယ်ဒေသမှာ ရေနက် ဆိပ်ကမ်း ပြန်စတော့မယ်၊ အလုပ်တွေ ရကြတော့မယ်ဆိုတဲ့ သတင်းတွေ ပြန့်နေ ခဲ့တယ်။ ကောလာဟလတွေအရ နဘုလယ်ဒေသမှာ အလုပ်သမားကတ် ပြုလုပ်ပေးမယ်ဆိုသူတွေ၊ အလုပ်သွင်း ပေးမယ်ဆိုသူတွေပါ ရှိလာတယ်လို့ ခပ်စိပ်စိပ်ကြားလာရတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့မှာ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန် ကြေညာချက် ထွက်လာပြီးချိန်မှာ ထားဝယ် ရေနက်ဆိပ်ကမ်းသတင်းက ဒေသတွင်း မှာ ပိုမွှေးလာခဲ့တယ်။ ဆိုတော့ မေးစရာရှိတာက တကယ်ပဲ […]

မြစ်ချောင်းလေးများ ထာ၀ရစီးဆင်းနိုင်စေသား

diz_admin

January 22, 2020

“For men may come and men may go, But I go on for ever.” ဆယ်တန်းတုန်းက ကျက်ခဲ့ရသမျှ ကဗျာတွေထဲမှာ အခုထိ စွဲစွဲမြဲမြဲမှတ်မိ နေသေးတာဆိုလို့ ဒီစာကြောင်းလေး နှစ်ကြောင်းသာ ရှိတော့တယ်။ အမေရိကန် ကဗျာဆရာ Lသမိ Tနညညပျသည (၁၈၀၉-၉၂)၏ Thန မြသသု ဆိုတဲ့ ကဗျာထဲက စာသားတွေ။ ဒီစာကြောင်းနှစ်ကြောင်းကို ကျွန်တော့် စိတ်ကြိုက် ကိုယ့်ဘာသာ အဓိပ္ပာယ်ပြန် ထားတာတော့ ရှိပါတယ်။ ကဗျာတစ်ပုဒ် လုံးနဲ့ ကဗျာဆရာရဲ့ ဆိုလိုရင်းကို ရောက် ချင်မှရောက်မှာပါ။ ကျွန်တော့်ငယ်ငယ် ကတည်းက အခုအချိန်အထိ စိတ်ထဲမှာစွဲ မြဲနေခဲ့တာက ဒီလိုပါ။ “လူတွေဟာ ကမ္ဘာကြီးထဲကို ဝင်ရောက် […]

အဂတိပြိုင်ပွဲဝင်မယ် ၊ ဆုရအောင် လုပ်မယ်

diz_admin

January 22, 2020

“ဖေဖေ သားတို့ အဂတိပြိုင်ပွဲဝင် ရမယ်။ ဆုရအောင် လုပ်မယ်”တဲ့။ မြတ်စွာဘုရား။ အငယ်ဆုံးသားဖြစ်တဲ့ အသက် ၁၁ နှစ်အရွယ် ငါးတန်းကျောင်းသားလေး ပြောလိုက်တဲ့ စကားကို ကြားလိုက်ရတော့ အကြီးအကျယ် အံ့ဩသွားမိတယ်။ အခုချိန်မှာ တာဝန်ရှိလူကြီးမင်း အချို့က အဂတိလို့ အသံကြားလိုက်တာနဲ့ ကြက်သီးမွှေးညင်းထနေချိန်မှာ ဒီကလေး က အဂတိကို ပြိုင်ပွဲတောင်ဝင်ပြိုင်ဦးမယ် ဆိုတော့ ကျွန်တော့်အနေနဲ့ မအံ့ဩဘဲ မနေနိုင်ပါ။ ကလေးကို သေချာပြန်မေးကြည့် တော့မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး နေ့ အထိမ်းအမှတ် တေးသရုပ်ဖော်ပြိုင်ပွဲ ဝင်ပြိုင်ရမယ်ဆိုတာ သိလိုက်ရတယ်။ မြို့နယ်အဆင့်အတွက် ကျောင်းပေါင်း စုံ(ကျောင်းအားလုံးတော့မပါ) ပြိုင်ပွဲကို အရင်ပြိုင်ရတော့ ဆုရပြီး တိုင်းအဆင့်ကို ဆက်ပြိုင်ရတယ်။ တိုင်းအဆင့်မှာလည်း မြို့နယ်အချို့လာပြိုင်ကြပြီး သားအငယ် ဆုံးကောင်လေး ပါတဲ့အဖွဲ့က ဆု ထပ်ရတယ်။ […]

ပြည်သူ့အသံ နားထောင်တတ်ဖို့ ကြိုးစားစေချင်ပါသည်

diz_admin

January 16, 2020

နားဆိုတာ နှစ်ဖက်ရှိပြီး ပါးစပ် ဆိုတာက တစ်ပေါက်ပဲ ရှိပါသတဲ့။ နားထောင်တဲ့ အကျင့်လေး ပိုရှိကြ စေချင်တဲ့အခါ ရှေးလူကြီးများက ဆိုဆုံးမ တတ်ကြတယ်။ များများ နားထောင်တတ် တဲ့ အလေ့အထကို မွေးကြစေချင်တာ အကြောင်းလည်း ရှိပါတယ်။ စကား စကား ပြောပါများ စကားထဲက ဇာတိပြ ဆိုသလို ဖြစ်တတ်တာကိုး။ အသွား မတော်တစ်လှမ်းက ပြန်ရုပ်ရလွယ်ပေမဲ့ စကားဆိုတာမျိုးက ကျွံပြီးရင် အနုတ်ရ ခက် ဆိုကြပေသကိုး။ ဆိုပါစို့ ပညာရေး ကိစ္စလေးကိုပဲ ကြည့်ပါ။ မပြောရင်လည်း “နတ်ဝတ် ပုဆိုး တိမ်မီးခိုး”လို “ငါ့နတ်ဝတ်တန်ဆာ လှပတင့်တယ် လှပေသကိုး”လို့ နားထင်ရောက်ပြီး လုပ်ချင်ရာလုပ်၊ လုပ်လိုက် တိုင်း တင့်တယ်တယ်လို့ ထင်နေဦးမယ်။ ပြောပြန်ရင်လည်း ပြည်သူကို တရားစွဲ […]