BREAKING
September 19, 2024

တနင်္သာရီပုံရိပ်

တောင်ပိုင်းတော်လှန်ရေး ဘာတွေလိုနေလဲ (၁)

Dawei Watch

November 5, 2023

စစ်အာဏာရှင်ကို တော်လှန်ရေးခရီးကြမ်းမှာ ရက်ပေါင်း ၁၀၀၀ ကျော်လာပြီဖြစ်သည်။ မြန်မာနိုင်ငံအနှံ့တွင်လည်း တိုက်ပွဲများ ပြင်ထန်နေပြီး စစ်အာဏာရှင်ကို တော်လှန်နေသည့် လက်နက်ကိုင် အဖွဲ့များလည်း ဒေသအလိုက်အများအပြား ရှိနေပြီဖြစ်သည်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း လက်ရှိအချိန်တွင် တော်လှန်ရေးအဖွဲ့ပေါင်း ခြောက်ဆယ်ကျော်အထိ ရှိလာပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေကြသည်။ ယင်းသို့လက်နက်ကိုင်အဖွဲ့ များပြားသည်နှင့်အမျှ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရေးမှာလည်း အရေးပါလှသည်။ သို့သော် တော်လှန်ရေး အချိန်ကြာလာသည်နှင့်အမျှ လက်နက်ကိုင် အဖွဲ့အချင်းချင်းကြား ပွတ်တိုက်မှုများ ဖြစ်လာသလို၊ အဖွဲ့အချို့နှင့် ပြည်သူများအကြားတွင်လည်း ပွတ်တိုက်မှုများ ရှိလာသည်။ အထွေထွေ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် ပြည်သူလူထုမှာ တော်လှန်ရေးကာလ ကြာလာသည်နှင့်အမျှ စိုးရိမ်မှုများ၊ အားမလိုအားမရဖြစ်မှုများလည်း ဖြစ်ပေါ်လာနေသည်။ ယင်းအပြင် လူထုထောက်ပံ့မှု၊ ထောက်ခံမှု အားနည်းလာမည်ကို စိုးရိမ်ကြသူများရှိသလို ပြည်သူ့အပေါ် […]

သီတင်းကျွတ်မှာ မီးထွန်းစရာ ‘အိမ်’ မရှိတော့ဘူး

Dawei Watch

October 29, 2023

စစ်အာဏာသိမ်းအပြီး ပေါ်ပေါက်လာသည့် ပဋိပက္ခနှင့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က နေအိမ်မီးရှို့မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ ပဋိပက္ခဖြစ်ပွားရာ မြန်မာနိုင်ငံ တစ်ဝန်းရှိဒေသများတွင် နေအိမ်မီးရှို့ခံရမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သလို တနင်္သာရီတိုင်းတွင်လည်း နေအိမ်မီးရှို့ခံရမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ယခုလ (အောက်တိုဘာ) အထိ ၁၀ လခန့်ကာလအတွင်း နေအိမ် ၇၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု တနင်္သာရီတိုင်းအခြေစိုက် လွတ်လပ်သည့် သုတေသနအဖွဲ့တစ်ဖွဲ့ ဖြစ်သော FE5 Tanintharyi က ၏ ထုတ်ပြန်ထားမှုများအရ သိရသည်။ ယခုနှစ်အတွင်း ပုလောမြို့နယ်မှာ နေအိမ်မီးရှို့ခံရမှုအများဆုံးဖြစ်ပြီး နေအိမ် ၃၈၀ ကျော် မီးရှို့ခံထားရသည်။ နေအိမ်မီးရှို့ခံရမှုကြောင့် ဒေသခံများမှာ အခက်အခဲမျိုးစုံ ကြုံတွေ့နေကြရပြီး ကူညီသူကင်းမဲ့သည့် အနေအထားသို့ ရောက်လာနေကြောင်း တွေ့မြင်ရသည်။ ဗုဒ္ဓဘာသာ ဓလေ့ထုံးစံအရ […]

စျေးကွက်ပျက်နေလို့ ရပ်တည်ဖို့ခက်လာတဲ့ တောင်သူတွေ

Dawei Watch

October 22, 2023

အာဏာသိမ်းပြီးနောက်ပိုင်း ဒေသထွက်ရာသီပေါ်သီးနှံတွေဈေးကွက်ပျောက်လာလို့ တနင်္သာရီတိုင်းသား ဥယျာဉ်ခြံသမားတွေဟာ ဝမ်းစာအတွက် ရတဲ့ဈေးနဲ့ထိုးရောင်းရတဲ့ အခြေအနေကို ဆိုက်လာနေပါတယ်။ ဒေသထွက်ရာသီပေါ်သီးနှံတွေဖြစ်တဲ့ကွမ်းသီး၊ ဝဥ၊ ဖာလာ စတဲ့သီးနှံတွေဟာ ထားဝယ်၊ ရန်ကုန် လမ်းကြောင်းကနေတစ်ဆင့် တရုတ်နယ်စပ်မူဆယ်၊ အိန္ဒိယနယ်စပ် တမူးဘက်တွေကိုပို့ကြတာပါ။ အခုနောက်ပိုင်း နယ်စပ်ကုန်စည် စီးဆင်းတဲ့လမ်းကြောင်းတွေမှာ မကြာခဏတိုက်ပွဲတွေဖြစ်ပွားနေတာ၊ ငွေကြေးလဲလှယ်နှုန်း မတည်ငြိမ်တာတွေကြောင့် ကုန်သည်တွေက ရာသီပေါ်သီးနှံဝယ်ယူရောင်းချတာတွေ လျှော့ချလာပါတယ်။ ဝက်လက်မရှိတော့တဲ့ ရာသီပေါ်သီးနှံတွေဟာလည်း တဖြည်းဖြည်းနဲ့ ဈေးကျလာလို့ တောင်သူတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်လာကြရပါတယ်။ တစ်ဖက်မှာ ရာသီပေါ်သီးနှံတွေဈေးထိုးကျနေပေမယ့် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ၊ လုပ်အားခတွေ၊ သွင်းအားစု စရိတ်တွေကတော့ မြင့်မားနေဆဲဖြစ်ပါတယ်။ ဥယျာဉ်ခြံသမားတောင်သူတွေမှာတော့ ဝမ်းစာအတွက်ရောင်းစရာဆိုလို့ ရာသီပေါ်သီးနှံတွေပဲရှိတာပါ။ အဲဒီသီးနှံတွေကို အန္တရာယ်တွေကြားထဲက ခူးယူထားကြရတာပါ။ ဈေးကတော့ မက်လောက်စရာမရှိတော့ပါဘူး။ ဒါပေမဲ့လည်း ရွေးချယ်စရာမရှိတာကြောင့် ရတဲ့ဈေးနဲ့ထိုးရောင်းပြီး အသက်မွေးနေကြရပါတယ်။ အဲဒီအကြောင်းကို […]

တောင်ပိုင်းကို ရိုက်ခတ်လာတော့မယ့် အယ်လ်နီညို

Dawei Watch

October 15, 2023

စစ်အာဏာသိမ်းပြီးနောက်တွင် မြန်မာပြည်သူများမှာ ပဋိပက္ခများ၊ တိုက်ပွဲများနှင့် ကုန်ဈေးနူန်းကြီးမြင့်မှု အစရှိသော အထွေထွေအကျပ်အတည်းကို ရင်ဆိုင်နေကြရသည်။ အခြားတစ်ဖက်တွင်လည်း မိုးရွာသွန်းမှု များပြားသည့်အတွက် ရေကြီးရေလျှံမှု၊ လယ်များရေမြုပ်မှု အစရှိသော သဘာဝဘေးဒဏ်များ ကြုံတွေ့နေရသည်။ သို့သော် မပြီးဆုံးသေး မြန်မာပြည်သူများအတွက် ဒုက္ခပေါ် ဒုက္ခထပ်ဆင့်လာမည့် ဖြစ်စဉ်တစ်ခုရှိနေသေးသည်။ ယင်းမှာ အလွန်ပူပြင်းခြောက်သွေ့ပြီး အဖျက်မိုးများ ရွာသွန်းနိုင်သည့် အယ်လ်နီညို ရာသီဥတုကပ်ဘေး ဖြစ်သည်။ အစွန်းရောက်ရာသီဥတုဖြစ်သည့် အယ်လ်နီညိုကြောင့် အပူချိန်များမြင့်တက်ခြင်း၊ သောက်သုံးရေရှားပါးခြင်း၊ အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါထူပြောခြင်း၊ အခါလွန်မိုး၊ အဖျက်မိုးရွာသွန်းခြင်း၊ မီးလောင်မှုများခြင်း စသော မူမမှန်သည့် ရာသီဥတုဖြစ်စဉ်များ ကြုံတွေ့ရဖွယ်ရှိနေသည်။ အယ်လ်နီညိုကြောင့် မြန်မာနိုင်ငံအနေဖြင့် ပုံမှန်အပူချိန်ထက် များစွာပိုပူမည်ဖြစ်ရာ အပူဒဏ်ခံရဦးမည်ဟု ပညာရှင်များက ခန့်မှန်းထားကြသည်။ မကြာခင်ရောက်ရှိတော့မည့် ၂၀၂၃ ဒီဇင်ဘာလမှာ အယ်လ်နီညို အားအကောင်းဆုံးအချိန်ဖြစ်ပြီး နောက်နှစ်(၂၀၂၄ […]

ကျီးလန့်စာစား စျေးသည်များ

Dawei Watch

October 1, 2023

အာဏာသိမ်းပြီး လပေါင်း ၃၀ ကျော်လာချိန်တွင် အထွေထွေကုန်ဈေးနှုန်းများ အဆပေါင်းများစွာ ထိုးတက်သွားသည်။ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်ဆီဈေးနှုန်းများအပြင် ရွှေ၊ အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေလဲနှုန်းများလည်း မြင့်တက်သွားသည်။ ထိုကြောင့် စစ်ကောင်စီက ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီများဖွဲ့ပြီး ကုန်ပစ္စည်းအချို့ကို ၎င်းတို့သတ်မှတ်သည့် နှုန်းထားအတိုင်းရောင်းချရန် ဖိအားပေးလာသည်။ စစ်ကောင်စီက ၎င်းတို့သတ်မှတ်နှုန်းထက်ပိုရောင်းသည့် လုပ်ငန်းရှင်များကြီးများကို ဖမ်းဆီးစစ်ဆေးမှုများ ခပ်စိပ်စိပ်လုပ်ဆောင်နေသည်။ စစ်ကောင်စီသတ်မှတ်သည့် နှုန်းထားများမှာ မြေပြင်ပေါက်ဈေးနှင့် ပမာဏများစွာ ကွာဟနေသည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များကလည်း အဆင်ပြေသည့် နည်းလမ်းများစွာကို ရှာဖွေ အသုံးပြုလာသည်။ မည်သည့် စီးပွားရေးလုပ်ငန်းရှင်ကမျှ အရှုံးခံရောင်းမည် မဟုတ်ရာ တွက်ချေကိုက်ရေးအတွက် နည်းမျိုးစုံသုံးလာကြသည်။ အချို့ဆိုလျှင် လုပ်ငန်းများရပ်ပြီး အိမ်၊ခြံ၊မြေဘက် ရောက်သွားသည်။ အချို့ကတော့ ဟန်ပြရောင်းပြီး မှောင်ခိုလမ်းကြောင်းဖြင့် ပေါက်စျေးအတိုင်း ထုတ်ရောင်းကြသည်။ အချို့ကတော့ သတ်မှတ်စျေးဖြင့် ရောင်းနိုင်ရန် အရည်အသွေးချလိုက်ကြသည်။ အခြားတစ်ဖက်တွင်လည်း […]

လူထု အောင့်လုံး

Dawei Watch

September 24, 2023

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု လပေါင်း ၃၀ ကျော်လာချိန်တွင် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်မှုများမှာ ပိုမိုပြင်းထန်လာနေသည်။ လက်နက်ကိုင်အဖွဲ့များမှာ ပုံစံအမျိုးမျိုးဖြင့် စစ်ကောင်စီကို တော်လှန်နေကြခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးတွင် လက်နက်ကိုင်အဖွဲ့ အများအပြားရှိနေသည်။ တနင်္သာရီတိုင်း တစ်ခုတည်းတွင်ပင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၆၀ ခန့်ရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။ ယင်းတော်လှန်ရေး အင်အားစုများတွင် NUG ကထူထောင်သော ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်းတပ်ဖွဲ့ (PDF) များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့(LDF) များနှင့် မြေပြင်ပြောက်ကျားအင်အားစု(STF)များ ဟူ၍လည်း အစုအဖွဲ့အသီးသီးရှိနေသည်။ လက်နက်ကိုင် တော်လှန်ရေးဖြစ်သည်နှင့်အညီ အဖွဲ့အစည်းအချင်းချင်း၊ အဖွဲ့အစည်းနှင့်ပြည်သူ စသဖြင့် အင်အားစုများအကြား ပွတ်တိုက်မှုများလည်း ရှိလာနေသည်။ တနင်္သာရီတိုင်းတွင်လည်း အလားတူပွတ်တိုက်မှုများမှာ ပိုမိုဖြစ်ပေါ်လာနေပြီး တော်လှန်ရေးအဖွဲ့အချို့နှင့် ပြည်သူအချို့အကြားတွင်လည်း အမြင်မတူမှုများရှိနေသည်။ တနင်္သာရီပုံရိပ်အစီအစဉ်သည် ပြည်သူ့အသံကို အလေးထား ဖော်ပြလျက်ရှိသည်နှင့် အမျှ လူထုပေါ် […]