BREAKING
April 20, 2025

တနင်္သာရီပုံရိပ်

ထိုင်းမှာအလုပ်လုပ်ပြီး အိမ်ကိုပိုက်ဆံပြန်ပို့နိုင်ရဲ့လား

Dawei Watch

January 20, 2024

တနင်္သာရီတိုင်းသားအများစု သွားရောက်လုပ်ကိုင်လေ့ရှိသည့် ထိုင်းနိုင်ငံသည် တောင်ပိုင်းသားအများစုအတွက် ဒုတိယအိမ်လည်း ဖြစ်သည်။ တောင်ပိုင်းသားအများစုမှာ ယခင်ကတည်းက ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်လေ့ရှိပြီး ငွေကြေးစုဆောင်းကာ မွေးရပ်မြေရှိ မိသားစုကို ပြန်လည်ထောက်ပံ့ကြသည်။ ထိုကြောင့်လည်း မိသားစုဝင်တစ်ဦး ထိုင်း(ရှမ်းကမ်း) တွင်ရှိပါက ကျန်ခဲ့သည့် မိသားစုက မွေးရပ်မြေတွင် တိုက်ဆောက်၊ အိမ်ဆောက်ပြီး အလှူအတန်းကြီးကြီးကျယ်ကျယ် လုပ်လေ့ရှိသည်အထိ ရွှေထီးဆောင်းသောခေတ် ရှိခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုပြင်းထန်လာသည့် ပဋိပက္ခနှင့် စီးပွားရေးကျပ်တည်းမှုများကြောင့် လူငယ်အများအပြားမှာ အစုလိုက်အပြုံလိုက် ရောက်သွားကြသည်။ အာဏာသိမ်းပြီးချိန်မှ ၂၀၂၃ နှစ်ဆန်းပိုင်းအထိ ၂ နှစ်တာကာလအတွင်း မြန်မာရွေ့ပြောင်းလုပ်သား အနည်းဆုံး ၅ သိန်းကျော်သည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကြကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED)က ခန့်မှန်းထားသည်။ ထိုကြောင့် ထိုင်းနိုင်ငံ၏ လုပ်သားလိုအပ်ချက်ထက် သွားရောက်သည့်အရေအတွက်က ပိုမိုများပြားလာပြီး […]

ပဋိပက္ခနွံထဲက ပြည်သူတွေ

Dawei Watch

January 13, 2024

အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပစ်ခတ်တိုက်ခိုက်မှုများ၊ ပဋိပက္ခများ၊ မလုံခြုံမှုများနှင့် အထွေထွေအကျပ်အတည်းများမှာ သုံးနှစ်ခန့်ကြာမြင့်လာပြီဖြစ်သည်။ ပြည်သူများမှာ ချွေးနည်းစာဖြင့် စုဆောင်းကာ ဆောက်လုပ်ထားသည့် နေအိမ်များ မီးရှို့ဖျက်ဆီးခံရသလို၊ အသက်ဘေးကြောင့် လုပ်ငန်းများ၊ အိုးအိမ်များ စွန့်ပစ်ထားပြီး ထွက်ပြေးတိမ်းရှောင်နေကြရသူများလည်း အများအပြားရှိနေသည်။ ယင်းအပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမူရေးကဏ္ဍ အသီးသီးတွင် ဆိုးဆိုးရွားရွား နိမ့်ပါးပျက်စီးမှုကို ပြည်သူများကြုံတွေ့ခံစားနေကြရသည်။ ယင်းကြောင့် ပဋိပက္ခနွံ့ထဲတွင် အသက်ရှည်ရပ်တည်နိုင်ရေးအတွက် တောင်းပိုင်းကပြည်သူများ မည်သို့ ကြိုးစားရုန်းကန်နေကြရသည်ကို သိရှိနိုင်ရန် ယခုတစ်ပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် နယ်ပယ်အသီးသီးမှ ဒေသခံများကို မေးမြန်းတင်ဆက်ပေးလိုက်ပါသည်။ “လုပ်ငန်းရှင်ကနေ အခုဆိုခွေးဖြစ်နေကြတာ။ ကျွန်တော်တို့အားလုံးပဲ” ထားဝယ်ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး DW ။ အာဏာသိမ်းလိုက်တော့ တစ်ချို့စီးပွားရေးလုပ်ငန်းရှင်တွေကတော့ အဆင်ပြေနေကြတယ်။ တစ်ချို့က အဆင်မပြေကြဘူးတဲ့။ ဘာတွေဖြစ်နေကြတာလဲဆိုတာ […]

စုဖွဲ့နိုင်ရေး အဖြေရှာလာသည့် တောင်ပိုင်းတော်လှန်ရေး အင်အားစုများ (၃)

Dawei Watch

January 9, 2024

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်များ၏ ခုခံတွန်းလှန်စစ်နှင့်အတူ နိုင်ငံရေးအစုအဖွဲ့များလည်း အားကောင်းလာကြသည်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် အင်အားစုအသီးသီးဖြင့်ဖွဲ့စည့်ထားသော မြို့နယ်အလိုက် နိုင်ငံရေးအင်အားစုများမှာ တနင်္သာရီတိုင်းအတွင်း ၂၀၂၂ ခုနှစ်ဝန်းကျင်တွင် စတင်ပေါ်ပေါက်လာသည်။ ထိုနောက် မြို့နယ်အစုအဖွဲ့များကို အခြေခံကာ ခရိုင်အလိုက် နိုင်ငံရေးဦးဆောင်အဖွဲ့များ၊ နိုင်ငံရေးအစုအဖွဲ့များ ဖွဲ့စည်းလာကြပြီး နိုင်ငံရေးအရစုစည်းရန် ကြိုးပမ်းကြသည်။ လက်ရှိအချိန်တွင်မူ ထားဝယ်၊မြိတ်၊ ကော့သောင်းခရိုင်အစုအဖွဲ့များက ၃ ခရိုင်စုစည်းကာ တိုင်းအဆင့်အစုအဖွဲ့တစ်ခု သို့မဟုတ် အားလုံးပါဝင်သည့် နိုင်ငံရေး ဦးဆောင်မှုတစ်ခုပေါ်လာစေရန် အားထုတ်နေကြသည်။ မြို့နယ်အဆင့်နှင့် ခရိုင်အဆင့်အစုအဖွဲ့တွင် မပါဝင်သေးသည့် အစုအဖွဲ့များအနေဖြင့် တိုင်းအဆင့်တွင်ပါဝင်နိုင်ရေး တွေ့ဆုံဆွေးနွေးရန် ၃ ခရိုင်ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းကာ တွေ့ဆုံဆွေးနွေးနေပြီဖြစ်သည်။ ယင်းကြောင့် ၃ ခရိုင်ပူးပေါင်းညှိနှိုင်းရေးအဖွဲ့၏ လက်ရှိလုပ်ဆောင်နေမှုများနှင့် ယင်းလုပ်ဆောင်မှုများအပေါ် အင်အားစုအသီးသီးက မည်သို့ရှုမြင်ကြသည်များကို သိရှိနိုင်ရန်အတွက် အင်အားစုအသီးသီးမှ တာဝန်ရှိသူများကို တွေ့ဆုံကာ […]

စုဖွဲ့နိုင်ရေး အဖြေရှာလာသည့် တောင်ပိုင်းတော်လှန်ရေး အင်အားစုများ (၂)

Dawei Watch

January 7, 2024

စုဖွဲ့နိုင်ရေး အဖြေရှာလာသည့် တောင်ပိုင်းတော်လှန်ရေး အင်အားစုများ (၁)

Dawei Watch

January 6, 2024

မျှော်လင့်ချက်များစွာဖြင့် နှစ်သစ် (၂)

Dawei Watch

December 30, 2023

စစ်အာဏာသိမ်းမှုနှင့်အတူ အမှောင်ဆုံးနေ့ရက်များကို ဖြတ်သန်းနေသည့် ပြည်သူများအတွက် ၂၀၂၃ နှစ်ကုန်၍ ၂၀၂၄ နှစ်သစ်ကို ကူးပြောင်းတော့မည်ဖြစ်သည်။ အမှောင်းဖုံးနေသည့် နေရက်များစွာကို အားတင်းကျော်ဖြတ်နေကြသည့် ပြည်သူများအတွက် နှစ်ဟောင်းတွင် ကြုံဆုံခဲ့ရသော စိတ်ပျက်ဖွယ် အခြေအနေများရှိသလို လာမည့်နှစ်သစ်အတွက် လိုချင်တောင့်တမှုများလည်း ရှိနေမည်ဖြစ်သည်။ စစ်အာဏာသိမ်းကာလဖြစ်သည့်အလျှောက် လူမှုရေး၊ စီးပွားရေး၊ ဘဝလုံခြုံရေး၊ စားဝတ်နေရေးကိစ္စရပ်များတွင် ဆိုးရွားသည့် အကျပ်အတည်းများကို ကြုံတွေ့ခဲ့ကြရသည်။ လာမည့်နှစ်သစ်တွင်မူ မျှော်လင့်ချက်အသစ် မျှော်မှန်းချက်အသစ်ကိုယ်စီဖြင့် ဖြတ်သန်းရန် အားခဲထားသည့် အခြေအနေနှင့် ကြုံတွေ့ရနိုင်သော အခြေအနေများအပေါ် မည်သို့မျှော်လင့်ထားကြသည်ကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းတင်ဆက်လိုက်ရပါသည်။ “ဒီနှစ်အကောင်းဆုံးမျှော်လင့်တယ်။ ပထမ သုံးလေးလလောက်ထဲမှာတော့ နိုင်ငံရေးအပြောင်းအလဲတွေ ရှိလိမ့်မယ်လို့ထင်တယ်” ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦး DW ။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်နဲ့စာရင် ၂၀၂၃ ခုနှစ်မှာ […]

မျှော်လင့်ချက်များစွာဖြင့် နှစ်သစ် (၁)

Dawei Watch

December 30, 2023

စစ်အာဏာသိမ်းမှုနှင့်အတူ အမှောင်ဆုံးနေ့ရက်များကို ဖြတ်သန်းနေသည့် ပြည်သူများအတွက် ၂၀၂၃ နှစ်ကုန်၍ ၂၀၂၄ နှစ်သစ်ကို ကူးပြောင်းတော့မည်ဖြစ်သည်။ အမှောင်းဖုံးနေသည့် နေရက်များစွာကို အားတင်းကျော်ဖြတ်နေကြသည့် ပြည်သူများအတွက် နှစ်ဟောင်းတွင် ကြုံဆုံခဲ့ရသော စိတ်ပျက်ဖွယ် အခြေအနေများရှိသလို လာမည့်နှစ်သစ်အတွက် လိုချင်တောင့်တမှုများလည်း ရှိနေမည်ဖြစ်သည်။ စစ်အာဏာသိမ်းကာလဖြစ်သည့်အလျှောက် လူမှုရေး၊ စီးပွားရေး၊ ဘဝလုံခြုံရေး၊ စားဝတ်နေရေးကိစ္စရပ်များတွင် ဆိုးရွားသည့် အကျပ်အတည်းများကို ကြုံတွေ့ခဲ့ကြရသည်။ လာမည့်နှစ်သစ်တွင်မူ မျှော်လင့်ချက်အသစ် မျှော်မှန်းချက်အသစ်ကိုယ်စီဖြင့် ဖြတ်သန်းရန် အားခဲထားသည့် အခြေအနေနှင့် ကြုံတွေ့ရနိုင်သော အခြေအနေများအပေါ် မည်သို့မျှော်လင့်ထားကြသည်ကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းတင်ဆက်လိုက်ရပါသည်။ “အခုဆို မြို့ကကျောင်းသားတွေပဲ စာတတ်ပြီး ကျေးလက်က ကလေးတွေက လေလွင့်နေတယ်” ဒေသခံအမျိုးသမီးတစ်ဦး၊ လောင်းလုံးမြို့နယ် DW ။ ဒီနှစ်တစ်နှစ်လုံးမှာ အရင်ကနဲ့စာရင် ဘာတွေ ထူးထူးခြားခြားဖြစ်ခဲ့လဲ။ […]

ပြည်ပရောက်အလုပ်သမားတွေရဲ့ သောက

Dawei Watch

December 23, 2023

ပြည်ပရောက် မြန်မာအလုပ်သမားများအပေါ် ဝင်ငွေခွန်ကောက်ခံရန် စစ်ကောင်စီက နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစကာ လစာဝင်ငွေအပေါ် ဝင်ငွေခွန်ထမ်းဆောင်ရမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ မြန်မာလုပ်သားအများစုရှိ ထိုင်းနိုင်ငံတွင် စက်ရုံ၊အလုပ်ရုံ၊ စိုက်ပျိုးမွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ အထွေထွေအလုပ်သမားစသည့် အခြေခံအလုပ်သမားများ၏ လစဉ်ဝင်ငွေကို ၇၅၀၀ ဘတ်သတ်မှတ်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ လစဉ် ၁၅၀ ဘတ် ပေးသွင်းရမည်ဖြစ်သည်။ လစဉ်အခွန် ၂ ရာခိုင်နှုန်း ပေးသွင်းပါက ၇၅၀၀ ဘတ်နှင့် ညီမျှသည့် မြန်မာငွေကို ငွေဖြူအဖြစ်ရရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံပြန်ရောက်ချိန် အိမ်၊ခြံ၊မြေ၊ တိုက်ခန်း၊ မော်တော်ယာဉ် စသည်ပစ္စည်းများဝယ်ယူရာတွင် ငွေဖြူစာရင်းအပေါ် တွက်ချက်၍ ဝင်ငွေခွန်လျော့ပေါ့ပေးမည်ဟု မက်လုံးပေးထားသည်။ သက်ဆိုင်ရာ သံရုံးနှင့် ကောင်စီဝန်ရုံးများတွင် […]