မျှော်လင့်ချက်များစွာဖြင့် နှစ်သစ် (၂)
Dawei Watch
December 30, 2023စစ်အာဏာသိမ်းမှုနှင့်အတူ အမှောင်ဆုံးနေ့ရက်များကို ဖြတ်သန်းနေသည့် ပြည်သူများအတွက် ၂၀၂၃ နှစ်ကုန်၍ ၂၀၂၄ နှစ်သစ်ကို ကူးပြောင်းတော့မည်ဖြစ်သည်။ အမှောင်းဖုံးနေသည့် နေရက်များစွာကို အားတင်းကျော်ဖြတ်နေကြသည့် ပြည်သူများအတွက် နှစ်ဟောင်းတွင် ကြုံဆုံခဲ့ရသော စိတ်ပျက်ဖွယ် အခြေအနေများရှိသလို လာမည့်နှစ်သစ်အတွက် လိုချင်တောင့်တမှုများလည်း ရှိနေမည်ဖြစ်သည်။ စစ်အာဏာသိမ်းကာလဖြစ်သည့်အလျှောက် လူမှုရေး၊ စီးပွားရေး၊ ဘဝလုံခြုံရေး၊ စားဝတ်နေရေးကိစ္စရပ်များတွင် ဆိုးရွားသည့် အကျပ်အတည်းများကို ကြုံတွေ့ခဲ့ကြရသည်။ လာမည့်နှစ်သစ်တွင်မူ မျှော်လင့်ချက်အသစ် မျှော်မှန်းချက်အသစ်ကိုယ်စီဖြင့် ဖြတ်သန်းရန် အားခဲထားသည့် အခြေအနေနှင့် ကြုံတွေ့ရနိုင်သော အခြေအနေများအပေါ် မည်သို့မျှော်လင့်ထားကြသည်ကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းတင်ဆက်လိုက်ရပါသည်။ “ဒီနှစ်အကောင်းဆုံးမျှော်လင့်တယ်။ ပထမ သုံးလေးလလောက်ထဲမှာတော့ နိုင်ငံရေးအပြောင်းအလဲတွေ ရှိလိမ့်မယ်လို့ထင်တယ်” ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦး DW ။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်နဲ့စာရင် ၂၀၂၃ ခုနှစ်မှာ […]