BREAKING
September 19, 2024

တနင်္သာရီပုံရိပ်

ထားဝယ်မြို့က အကြမ်းမဖက်လူထုသပိတ် ၃ နှစ်ခရီးလည်ပြန် (၁)

Dawei Watch

February 7, 2024

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အကြမ်းမဖက်လူထုသပိတ်ကို အာဏာသိမ်းပြီး ၄ ရက်အကြာဖြစ်သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထားဝယ်မြို့၌ စတင်ခဲ့သည်။ လူငယ်ဆယ်ဂဏန်းဖြင့် စတင်ခဲ့သည့် ထားဝယ်သပိတ်လှုပ်ရှားမှုမှာ နွေဦးတော်လှန်ရေး လူထုသပိတ်များထဲတွင် အစောဆုံးသပိတ်တစ်ခုလည်း ဖြစ်ခဲ့သည်။ အင်အား ဆယ်ဂဏန်းဖြင့်စတင်ခဲ့ရာမှ ရက်ပိုင်းအကြာတွင် ရာထောင်ချီအထိ များပြားလာပြီး ဖေဖော်ဝါရီ တတိယအပတ်တွင် ဆန္ဒပြသူ သိန်းချီအထိများသွားပြီး လူပင်လယ်ကြီးဖြစ်သွားခဲ့သည်။ အားကောင်းလာသည့် ဆန္ဒပြစစ်ကြောင်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် စစ်ကောင်စီက စတင်အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့သည်။ ယင်းကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဦးဆောင်ဆန္ဒပြခဲ့သည့် လူငယ်အချို့၏ တော်လှန်ရေးအချိုးအကွေ့များအကြောင်း သိရှိနိုင်ရန် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်သည်။ “ကျွန်တော်တို့ ရဲဘော်တွေ ရက်ရက်စက်စက် ပစ်သတ်ခံရတဲ့နေ့က စပြီးတော့ . . . လက်နက်ကိုင် လမ်းစဉ်ကို . […]

အာဏာရှင်အောက် ၃ နှစ်တာ (၂)

Dawei Watch

February 1, 2024

စစ်တပ်က အာဏာသိမ်းထားသည်မှာ ယခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သုံးနှစ်တင်းတင်းပြည့်ပြီဖြစ်သည်။ အာဏာသိမ်းကာလအတွင်း အခြေခံလူတန်းစားမှ စီးပွားရေးလုပ်ငန်းရှင်များအထိ လူထုလူတန်းစား အလွှာပေါင်းစုံမှာ ထိခိုက်မှုအမျိုးမျိုး ကြုံတွေ့နေရသည်။ အာဏာရှင်လက်အောက် ၃ နှစ်တာအတွင်း ပျက်စီးသွားသည့် မိသားစုဘဝများ၊ ပညာသင်ယူခွင့်ဆုံးရှုံးသွားရသည့် ကလေးများ၊ ပြိုကျသွားသည့် စီးပွားရေးလုပ်ငန်းများ၊ မရေရာတော့သည့် အနာဂတ်များ စသဖြင့်ဆိုးကျိုးများစွာဖြင့် ပြည်သူများအပေါ် သက်ရောက်မှုက ကြီးမားလှသည်။ ယင်းအပြင် စားဝတ်နေရေးအကျပ်အတည်းနှင့် ပဋိပက္ခဒဏ်ကြောင့် မွေးရပ်မြေကိုစွန့်ခွာကာ စစ်ဘေးရှောင် နေရသူများ၊ တစ်နယ်တစ်ကျေး ပြောင်းရွှေ့အခြေချနေရသူ အရေအတွက်မှာ ကြောက်ခမန်းလိလိ တိုးလာနေသည်။ တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ငါးသောင်းဝန်းကျင်ရှိနေသည်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့်အတွက် […]

အာဏာရှင်အောက် ၃ နှစ်တာ (၁)

အကျပ်အတည်းကြားက စစ်ဘေးရှောင်များ

Dawei Watch

January 28, 2024

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးနှင့်အတူ တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် စစ်ဘေးရှောင်ရသူ အရေအတွက်မှာလည်း မြင့်တက်လျက်ရှိသည်။ တနင်္သာရီတိုင်းတွင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ငါးသောင်းဝန်းကျင်ခန့်ရှိနေသည်။ တနင်္သာရီတိုင်းရှိ စစ်ဘေးရှောင်များတွင် လတ်တလောဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ယာယီထွက်ပြေးတိမ်းရှောင်ကြပြီး နယ်မြေအေးချမ်းပါက နေရပ်ပြန်ကြသည့် ယာယီစစ်ဘေးရှောင်များရှိသလို နေရပ်ကို လုံးလုံးစွန့်ခွာကာ စစ်ရှောင်စခန်းများတွင် နေထိုင်ကြသည့် စစ်ဘေးရှောင်များလည်းရှိကြသည်။ ယာယီစစ်ရှောင်များမှာ အများအားဖြင့် ဥယာဉ်ခြံများအတွင်း သွားရောက်ရှောင်တိမ်းကာ ခဏတာနေထိုင်လေ့ရှိကြသည်။ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ ပိုမိုပြုလုပ်သည့် လများတွင် ယာယီစစ်ရှောင် အရေအတွက်မှာ အလွန်များပြားသွားတတ်ပြီး ယင်းအချိန်တွင် အကူအညီများပိုမိုလိုအပ်လာ သဖြင့် စစ်ရှောင်ကူညီသူများအနေဖြင့် အခက်အခဲ ပိုမိုကြုံတွေ့ကြရသည်။ လတ်တလောတွင် စစ်ဘေးရှောင်များအတွက် အကူအညီ၊အထောက်အပံ့များ ကျဆင်းနေပြီး စစ်ဘေးရှောင် အကူအညီပေးနေသည့် အဖွဲ့များမှာလည်း ပြည်သူများထံမှ […]

ထိုင်းမှာအလုပ်လုပ်ပြီး အိမ်ကိုပိုက်ဆံပြန်ပို့နိုင်ရဲ့လား

Dawei Watch

January 20, 2024

တနင်္သာရီတိုင်းသားအများစု သွားရောက်လုပ်ကိုင်လေ့ရှိသည့် ထိုင်းနိုင်ငံသည် တောင်ပိုင်းသားအများစုအတွက် ဒုတိယအိမ်လည်း ဖြစ်သည်။ တောင်ပိုင်းသားအများစုမှာ ယခင်ကတည်းက ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်လေ့ရှိပြီး ငွေကြေးစုဆောင်းကာ မွေးရပ်မြေရှိ မိသားစုကို ပြန်လည်ထောက်ပံ့ကြသည်။ ထိုကြောင့်လည်း မိသားစုဝင်တစ်ဦး ထိုင်း(ရှမ်းကမ်း) တွင်ရှိပါက ကျန်ခဲ့သည့် မိသားစုက မွေးရပ်မြေတွင် တိုက်ဆောက်၊ အိမ်ဆောက်ပြီး အလှူအတန်းကြီးကြီးကျယ်ကျယ် လုပ်လေ့ရှိသည်အထိ ရွှေထီးဆောင်းသောခေတ် ရှိခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုပြင်းထန်လာသည့် ပဋိပက္ခနှင့် စီးပွားရေးကျပ်တည်းမှုများကြောင့် လူငယ်အများအပြားမှာ အစုလိုက်အပြုံလိုက် ရောက်သွားကြသည်။ အာဏာသိမ်းပြီးချိန်မှ ၂၀၂၃ နှစ်ဆန်းပိုင်းအထိ ၂ နှစ်တာကာလအတွင်း မြန်မာရွေ့ပြောင်းလုပ်သား အနည်းဆုံး ၅ သိန်းကျော်သည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကြကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED)က ခန့်မှန်းထားသည်။ ထိုကြောင့် ထိုင်းနိုင်ငံ၏ လုပ်သားလိုအပ်ချက်ထက် သွားရောက်သည့်အရေအတွက်က ပိုမိုများပြားလာပြီး […]

ပဋိပက္ခနွံထဲက ပြည်သူတွေ

Dawei Watch

January 13, 2024

အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပစ်ခတ်တိုက်ခိုက်မှုများ၊ ပဋိပက္ခများ၊ မလုံခြုံမှုများနှင့် အထွေထွေအကျပ်အတည်းများမှာ သုံးနှစ်ခန့်ကြာမြင့်လာပြီဖြစ်သည်။ ပြည်သူများမှာ ချွေးနည်းစာဖြင့် စုဆောင်းကာ ဆောက်လုပ်ထားသည့် နေအိမ်များ မီးရှို့ဖျက်ဆီးခံရသလို၊ အသက်ဘေးကြောင့် လုပ်ငန်းများ၊ အိုးအိမ်များ စွန့်ပစ်ထားပြီး ထွက်ပြေးတိမ်းရှောင်နေကြရသူများလည်း အများအပြားရှိနေသည်။ ယင်းအပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမူရေးကဏ္ဍ အသီးသီးတွင် ဆိုးဆိုးရွားရွား နိမ့်ပါးပျက်စီးမှုကို ပြည်သူများကြုံတွေ့ခံစားနေကြရသည်။ ယင်းကြောင့် ပဋိပက္ခနွံ့ထဲတွင် အသက်ရှည်ရပ်တည်နိုင်ရေးအတွက် တောင်းပိုင်းကပြည်သူများ မည်သို့ ကြိုးစားရုန်းကန်နေကြရသည်ကို သိရှိနိုင်ရန် ယခုတစ်ပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် နယ်ပယ်အသီးသီးမှ ဒေသခံများကို မေးမြန်းတင်ဆက်ပေးလိုက်ပါသည်။ “လုပ်ငန်းရှင်ကနေ အခုဆိုခွေးဖြစ်နေကြတာ။ ကျွန်တော်တို့အားလုံးပဲ” ထားဝယ်ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး DW ။ အာဏာသိမ်းလိုက်တော့ တစ်ချို့စီးပွားရေးလုပ်ငန်းရှင်တွေကတော့ အဆင်ပြေနေကြတယ်။ တစ်ချို့က အဆင်မပြေကြဘူးတဲ့။ ဘာတွေဖြစ်နေကြတာလဲဆိုတာ […]