ပညာရေး ရှေ့ဆက်ရန် ခက်ခဲလာသည့် လူငယ်များ
Dawei Watch
May 20, 2024စစ်တပ်အာဏာသိမ်းလိုက်မှုနှင့်အတူ ဖြစ်ပေါ်လာသည့် ပြည်တွင်းစစ်မီးအတွင်း ပြည်သူလူထု တစ်ရပ်လုံးမှာလည်း အမှောင်ခေတ်ကို ဖြတ်သန်းနေကြရသည်။ အကျပ်အတည်း အခက်အခဲမျိုးစုံကြားတွင် ရှင်သန်ရေးအတွက် နည်းမျိုးစုံဖြင့် ရုန်းကန်နေကြရသည့် ပြည်သူလူထုမှာ စစ်ကောင်စီ၏ လုံခြုံရေးအကြောင်းပြ တင်းကြပ်မှုများကြောင့် ကျပ်သထက်ကျပ်၊ ခက်သထက်ခက် လာနေသည်။ စစ်ကောင်စီကမူ ပြည်သူများ၏ အခက်အခဲများကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ ၎င်းတို့လုံခြုံရေးနှင့် အာဏာဆက်ထိန်းထားနိုင်ရေးအတွက် ဥပဒေ၊ တားမြစ်ချက်များ၊ လုပ်ထုံးလုပ်နည်းများကို ဆက်တိုက်ပြဌာန်းလာမှုမှာ လူထုကို ပိုမိုခက်ခဲကျပ်တည်း လာစေခဲ့သည်။ စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို ဒုက္ခနွံထဲ ဆွဲသွင်းလိုက်သလို၊ စမတ်ကတ် ဟုခေါ်ကြသည့် ဇီဝလုံခြုံရေးကတ် အသက်သွင်းလိုက်မှုကြောင့်လည်း လူငယ်များမှာ ပိတ်မိပြီး အနာဂတ်ပျောက်ဆုံး ကုန်ကြသည်။ အာဏာသိမ်းလိုက်မှုကြောင့် လူငယ်အများစုမှာ ပညာရေးရပ်တန့်သွားကြသလို အနာဂတ်ပျောက်ဆုံးနေကြရသည်။ အထူးသဖြင့် ကျေးလက်ဒေသနေ လူငယ်များမှာ ပညာရေးတစ်ပိုင်းတစ်စဖြစ်ကြရသည်။ ယင်းအခြေအနေများကို သိရှိနိုင်စေရန်အတွက် […]