ပဋိပက္ခကြားက တောင်ပိုင်းထွက်ကုန်များ
Dawei Watch
June 23, 2024ဉယျာဉ်ခြံထွက်သီးနှံများနှင့် ရေထွက်ကုန်များကို အဓိကအားထားကာ တင်ပို့နေရသည့် တနင်္သာရီတိုင်းသားများမှာ တိုက်ပွဲနှင့် စစ်ကောင်စီ၏ တစ်ရစ်ပြီးတစ်ရစ်ကျပ်လာသည့် လုပ်ရပ်များကြောင့် ကြီးမားသည့်အကျပ်အတည်းများ ဖြင့် ရင်ဆိုင်နေရသည်။ တောင်ပိုင်းဒေသထွက်ကုန်များဖြစ်သည့် ရော်ဘာ၊ ကွမ်းသီးစသည့် ဉယျာဉ်ခြံထွက်သီးနှံများနှင့် ရေထွက်ကုန်များကို မွန်ပြည်နယ်၊ ရန်ကုန်တိုင်း အစရှိသည့်ဒေသများသို့ တင်ပို့ရောင်းချနေကြခြင်းဖြစ်သည်။ လက်ရှိတွင် စစ်ကောင်စီ၏ ဥပဒေမဲ့ လုပ်ဆောင်လာသည့်တင်းကျပ်မှုများ၊ ကော့သောင်း-ရန်ကုန် ပြည်ထောင်စုလမ်းတစ်လျှောက် ခပ်စိပ်စိပ်ဖြစ်နေသည့် တိုက်ပွဲများကြောင့် ဒေသထွက်ကုန်တင်ပို့ရာတွင် အခက်အခဲများကြုံနေရသလို ဆုံးရှုံးမှုများလည်း တွေ့ကြုံနေရသည်။ ယခင်က မျှောစာတစ်စောင်ဖြင့် လွတ်လပ်စွာ သယ်ယူရောင်းချခွင့်ရခဲ့သည့် ရော်ဘာမှာ အထောက်အထားဆယ်ခု ကျော်လုပ်နေရသည့် အခြေအနေဖြစ်လာပြီး ယင်းအတွက် ငွေကုန်ကြေးကျပိုများလာသည်။ ထို့အပြင် သယ်ယူရာလမ်းတစ်လျှောက်ရှိ ဝါးတားဂိတ်များကိုလည်း ထပ်ပေးရသည့်အတွက် အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်နေရသည်။ တစ်ဖက်တွင်လည်း ပြည်ထောင်စုလမ်းတစ်လျှောက်ဖြစ်နေသည့် တိုက်ပွဲများကြောင့် တင်ပို့လိုက်သည့် ဒေသထွက်သီးနှံများနှင့် ရေထွက်ကုန်များ […]