BREAKING
September 8, 2024

တနင်္သာရီပုံရိပ်

ပညာရေး ရှေ့ဆက်ရန် ခက်ခဲလာသည့် လူငယ်များ

Dawei Watch

May 20, 2024

စစ်တပ်အာဏာသိမ်းလိုက်မှုနှင့်အတူ ဖြစ်ပေါ်လာသည့် ပြည်တွင်းစစ်မီးအတွင်း ပြည်သူလူထု တစ်ရပ်လုံးမှာလည်း အမှောင်ခေတ်ကို ဖြတ်သန်းနေကြရသည်။ အကျပ်အတည်း အခက်အခဲမျိုးစုံကြားတွင် ရှင်သန်ရေးအတွက် နည်းမျိုးစုံဖြင့် ရုန်းကန်နေကြရသည့် ပြည်သူလူထုမှာ စစ်ကောင်စီ၏ လုံခြုံရေးအကြောင်းပြ တင်းကြပ်မှုများကြောင့် ကျပ်သထက်ကျပ်၊ ခက်သထက်ခက် လာနေသည်။ စစ်ကောင်စီကမူ ပြည်သူများ၏ အခက်အခဲများကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ ၎င်းတို့လုံခြုံရေးနှင့် အာဏာဆက်ထိန်းထားနိုင်ရေးအတွက် ဥပဒေ၊ တားမြစ်ချက်များ၊ လုပ်ထုံးလုပ်နည်းများကို ဆက်တိုက်ပြဌာန်းလာမှုမှာ လူထုကို ပိုမိုခက်ခဲကျပ်တည်း လာစေခဲ့သည်။ စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို ဒုက္ခနွံထဲ ဆွဲသွင်းလိုက်သလို၊ စမတ်ကတ် ဟုခေါ်ကြသည့် ဇီဝလုံခြုံရေးကတ် အသက်သွင်းလိုက်မှုကြောင့်လည်း လူငယ်များမှာ ပိတ်မိပြီး အနာဂတ်ပျောက်ဆုံး ကုန်ကြသည်။ အာဏာသိမ်းလိုက်မှုကြောင့် လူငယ်အများစုမှာ ပညာရေးရပ်တန့်သွားကြသလို အနာဂတ်ပျောက်ဆုံးနေကြရသည်။ အထူးသဖြင့် ကျေးလက်ဒေသနေ လူငယ်များမှာ ပညာရေးတစ်ပိုင်းတစ်စဖြစ်ကြရသည်။ ယင်းအခြေအနေများကို သိရှိနိုင်စေရန်အတွက် […]

လျှပ်စစ် ငွေယိုပေါက်

Dawei Watch

May 12, 2024

လျှပ်စစ်တစ်ယူနစ်ကို ကျပ်လေးရာကျော်နဲ့ စျေးကြီးပေးသုံးနေရသော်လည်း ထားဝယ်ခရိုင်တွင် လျှပ်စစ်မီး နာရီပိုင်းသာရပြီး တစ်နေကုန်နီးပါး အပျက်များနေသည်။ လျှပ်စစ်ဒုက္ခကို ဧပြီလဆန်းမှစတင်ကာ ထားဝယ်သားတို့ ခံစားနေရခြင်းဖြစ်သည်။ စက်လေးလုံး ချို့ယွင်းနေသဖြင့် အလှည့်ကျမီးပေးမည်ဟု လျှပ်စစ်ဖြန့်ဖြူးခွင့်ရထားသည့် Petro & Trans ပုဂ္ဂလိက ကုမ္ပဏီက ကြေညာထားသော်လည်း ကြေညာထားသည့်အချိန်အတိုင်း လျှပ်စစ်မီး မရ။ အချိန်မမှန်သလို အလှည့်ကျ ပေးမည်ဆိုသည့် နာရီအပြည့်လည်း မရပေ။ လျှပ်စစ်ကို မီခိုသည့်လုပ်ငန်းများ အထိနာနေသလို ထမင်းချက်ပြုတ် စားသောက်ရန်၊ ဖုန်းအားသွင်းရန်ပင် အဆင်မပြေမှု များနေသည်။ ရေတွင်းရှိသော်လည်း လျှပ်စစ်မီးမရှိသဖြင့် ရေမချိုးရသည်ပင် ရှိလာသည်။ လျှပ်စစ်မီး အပျက်များနေချိန် ထားဝယ်ဒေသတွင် ၇၈နှစ်အတွင်း အပူဆုံးစံချိန်တင်ခဲ့တာကြောင့် အပူဒဏ်ကိုလည်း အလူးအလဲ ခံနေကြရသည်။ ထို့ကြောင့် လျှပ်စစ်မီး ပြဿနာကို ကိုယ့်ငွေကိုယ့်စိုက် ဖြေရှင်းနေကြရသည်။ […]

စစ်အာဏာရှင်လက်ထက် ထိုင်းရောက်မြန်မာရွှေ့ပြောင်း လုပ်သားတွေရဲ့ ‘မေဒေး’

Dawei Watch

May 1, 2024

၁၉ ရာစုဝန်းကျင်က အလုပ်သမားများမှာ နေထွက်မှနေဝင် တစ်နေ့လျှင် ၁၆ နာရီမှ နာရီ ၂၀ အထိ မည်သည့်အခွင့်အရေးမှ မရရှိဘဲ အလုပ်ရုံ၊ စက်ရုံများတွင် အလုပ်ဆင်းကြရသည်။ ပင်ပန်းကြီးစွာ လုပ်ကိုင်ရသော်လည်း လူ့ဂုဏ်သိက္ခာနှင့် လျော်ညီစွာ လုပ်ကိုင်ခွင့်၊ ခံစားခွင့်မရှိကြဘဲ နေရေး၊ ထိုင်ရေးနှင့် ကျန်းမာရေးမှာ များစွာ အဆင့်အတန်း နိမ့်ကျခဲ့သည်။ ယင်းအခြေအနေများကို တွန်းလှန်ကာ ဗြိတိသျှ လူမှုပြုပြင်ပြောင်းလဲရေး တွေးခေါ်ပညာရှင် ရောဘတ်အိုဝင်ရဲ့ ”၈ နာရီအလုပ်လုပ်၊ ၈ နာရီအပန်းဖြေပြီး ၈ နာရီအနားယူ” ဆိုသည့် အယူအဆကို ဖော်ဆောင်နိုင်ရေး တိုက်ပွဲဝင်ခဲ့ကြရသည်။ တစ်ရက် ၈ နာရီသာ အလုပ်လုပ်ကာ လူတစ်ယောက်၏ ဂုဏ်သိက္ခာနှင့်အညီ နေထိုင်၊လုပ်ကိုင်ခွင့်များ၊ အကျိုးခံစားခွင့်များရရှိရန် တော်လှန်ပြောင်းလဲခဲ့ကြသည်။ ယင်းသို့ပြောင်းလဲနိုင်ရန် အစပြုခဲ့သည့် မေလ […]

တာဝန်ယူမှုမရှိတဲ့ ထားဝယ်လျှပ်စစ်မီး

Dawei Watch

April 24, 2024

လျှပ်စစ်မီတာခ တစ်ယူနစ်ကျပ် ၄၀၀ ကျော်နှုန်းဖြင့် သုံးနေရသည့် ထားဝယ်ခရိုင်တွင် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုများ နေ့စဉ်ကြုံတွေ့လာနေရသည်။ ရာသီဥတုပူပြင်းနေချိန် လျှပ်စစ်မီး မကြာခဏပြတ်တောက်နေပြီး ပြတ်တောက်ချိန်မှာလည်း အချိန်ကြာမြင့်နေသဖြင့် ဝေဖန်မှုများလည်းမြင့်တက်နေသည်။ လျှပ်စစ်ကုမ္ပဏီဘက်ကမူ အင်ဂျင်စက် ၄ လုံး စက်ချို့ယွင်းနေသဖြင့် အလှည့်ကျစနစ်နဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနေရကြောင်း ထုတ်ပြန်ထားသည်။ ယခင်မီးပြတ်ချိန်များက ဒီဇယ်အင်ဂျင်ဖြင့် လျှပ်စစ်ဓာတ်အား အစားထိုး ဖြန့်ဝေပေးလေ့ရှိသော်လည်း လက်ရှိတွင် အဆိုပါအင်ဂျင်များမှာ စစ်ကောင်စီတပ်စွဲထားသည့် နေရာများ၊ ရဲစခန်းနှင့် ဌာနဆိုင်ရာများအတွက်သာ အသုံးပြုနေကြောင်းလည်း သတင်းများ ထွက်နေသည်။ ယင်းကြောင့်လည်း ထားဝယ်ခရိုင်တွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်ရခြင်းဖြစ်ကြောင်း ဝေဖန်မှုများလည်းရှိနေသည်။ ထားဝယ်ခရိုင်လျှပ်စစ်ကို Petro & Trans ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက သဘာဝဓာတ်ငွေ့အသုံးပြုပြီး ထုတ်လုပ်ဖြန့်ချိနေခြင်းဖြစ်သည်။ လျှပ်စစ်ထုတ်လုပ်ဖြန့်ချိရန်အတွက် လိုအပ်သည့် သဘာဝဓာတ်ငွေ့ကို အစိုးရဈေးနှုန်းဖြင့်ဝယ်ယူပြီး […]

အာဏာရှင်အောက်က အစိုးမရတဲ့ ခရီးသွား

Dawei Watch

April 15, 2024

စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကြာလာချိန်တွင် တော်လှန်ရေးတပ်များ အားကောင်းလာပြီး ခံစစ်မှ တိုက်စစ်အသွင်ပြောင်းလာမှုနှင့်အတူ တိုက်ပွဲများလည်း ပြင်းထန်လာနေသည်။ တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ မဖြစ်မနေသွားလာနေရသည့် ခရီးသည်များအဖို့ အန္တရာယ်က လက်တစ်ကမ်းအကွာတွင် ဆီးကြိုနေသည်။ ခရီးသွားရင်း တိုက်ပွဲအတွင်း ပိတ်မိသွားမည်ကိုစိုးရိမ်ကြသလို စစ်ဆေးရေးဂိတ်များရှိ စစ်ကောင်စီတပ်သားများ၏ ညစ်လုံးအမျိုးမျိုးနှင့်လည်း ရင်ဆိုင်နေကြရသည်။ ထို့အပြင် လမ်းခရီးရှိ စစ်ကောင်စီတပ်ဂိတ်များကလည်း အကြောင်းအမျိုးမျိုးပြ ငွေတောင်းသည့် ဝါးတားဂိတ်များ အပြိုင်အဆိုင်ပေါ်ထွက်လာပြီး ယာဉ်မောင်းများကိုသာမက ခရီးသည်တစ်ဦးချင်းအလိုက် အဓမ္မငွေတောင်းလာကြသည်။ စစ်အာဏာရှင်လက်အောက်တွင် အစိုးမရနိုင်သော အခြေအနေများကြောင့် အသက်ကို ဖက်နှင့်ထုပ်ပြီး သွားလာနေကြရသည်။ ထို့သို့ အမျိုးမျိုးသော ဖိစီးမှုများအောက်တွင် သွားလာနေကြရသည့် ခရီးသည်အချို့၏ စိုးရိမ်မှု၊ ကြိုတွေးပြီး ကြောက်နေရသည့် အခြေအနေများကို သိရှိနိုင်ရန် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းတင်ဆက် လိုက်ပါသည်။ “အသက်ပါ အချိန်မရွေးသေနိုင်တဲ့ အခြေအနေဖြစ်နေတယ်။ကံကိုယုံပြီးတော့ သွားရတဲ့ အခြေအနေဖြစ်နေတာ” […]

ဒီသင်္ကြန် ထားဝယ်သားတွေ အိမ်မပြန်နိုင်တော့ပါ

Dawei Watch

April 7, 2024

နှစ်သစ်ကူးတဲ့ သင်္ကြန်ကာလမျိုးမှာ မွေးရပ်မြေနဲ့အဝေးမှာ ရောက်နေတဲ့ ထားဝယ်သားတွေဟာ အိမ်လွမ်းစိတ်နဲ့ အိမ်ပြန်လာလေ့ရှိ ကြပါတယ်။ နွေးထွေးတဲ့ မိသားစု၊ ချစ်ခင်ရတဲ့ သူငယ်ချင်းမိတ်ဆွေနဲ့တွေ့ဆုံဖို့၊ ရိုးရာသင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင်အတူတကြွဖြတ်သန်း ကြဖို့၊ နှစ်ဟောင်းမှာ ပင်ပန်းတာတွေ ဖြေဖျောက်ပြီး နှစ်သစ်အတွက် ခွန်အားတွေပြန်မွေးဖို့ အိမ်ပြန်လာလေ့ရှိကြတာပါ။ ဒါပေမဲ့ အာဏာသိမ်းကာလမှာ အိမ်ပြန်ဖို့ဆိုတာ မလွယ်ကူတော့ပါဘူး။ လက်နက်ကိုင်ပဋိပက္ခတွေကြားထဲမှ မိသားစုတွေ သေကွဲ ရှင်ကွဲ ကွဲကြရတာတွေ ရှိသလို၊ တချို့တွေ နေအိမ်တွေမီးထဲပါသွားလို့ ပြန်စရာ အိမ်မရှိသူတွေလည်းရှိပါတယ်။ စစ်ဘေးတွေ ရှောင်ရင်း အိမ်မပြန်နိုင်သူတွေလည်းရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ စစ်ကောင်စီက လူငယ်တွေကို စစ်မှုမဖြစ်မနေထမ်းခိုင်းနေတာကြောင့်လည်း ပြည်ပကို အလုံးအရင်းနဲ့ ထွက်ခွာနေကြရတယ်။ ဇာတိမြေမှာ နေထိုင်နေတဲ့သူတွေပင် ထွက်ပေးနေရတဲ့ ကာလမျိုးမှာ အဝေးရောက် ထားဝယ်သား တွေလည်း အိမ်မပြန်နိုင်တော့တဲ့ အခြေအနေကြုံနေရပါတယ်။ ဒါကြောင့် […]