ပွဲငတ်သူများ
Dawei Watch
October 14, 2024ဝါလကင်းလွတ် မိုးလေကျွတ်ပြီဆိုရင် တနင်္သာရီတိုင်းထဲက မြို့ရွာဒေသတွေမှာ ပွဲလမ်းသဘင်တွေအပြိုင်အဆိုင် လတိုင်းကျင်းပကြပါတယ်။ သီတင်းကျွတ်ဆိုရင် သီတင်းကျွတ်မီးထွန်းပွဲ၊ သပိတ်မျှောပွဲ၊ ကထိန်အောင်ပွဲ၊ တန်ဆောင်မုန်းလ ဘုရားလှည့်ပွဲ၊ တန်ဆောင်တိုင်ပွဲ၊ နတ်တော်လ ရွာရှင်ဘိုးဘိုးပူဇော်ပသတဲ့ပွဲ (နတ်ပွဲ) စသည် စသည်။ အဲဒီပွဲတော်တွေထဲမှာ ဇာတ်သဘင်ပွဲတွေက မပါမဖြစ်။ ထားဝယ်ဒေသခံတွေကတော့ ဇာတ်သဘင်ပွဲကျင်းပတာကို “ပွဲခံတယ်” လို့ ခေါ်ဆိုသုံးနှုန်းကြပါတယ်။ အခုချိန်လို ပွင့်လင်းရာသီအစဆိုရင် ဇာတ်သဘင်ပွဲတွေ ခြိမ့်ခြိမ့်သဲ့ကျင်းပဖို့ တာစူနေတဲ့အချိန်။ တစ်ရွာနဲ့တစ်ရွာ သူထက်ငါသာ နာမည်ကြီး၊ ဈေးကြီးတဲ့ ဇာတ်အဖွဲ့တွေကို ကြိုငှားထားကြလေရဲ့။ နောက်ကျမှဆိုရင် သူများရွေးပြီးသားတွေပဲ ရတော့တာကိုး။ ရွာခံလူငယ်တွေကြားမှာလည်း ငါတို့ရွာမှာတော့ ဘယ်မင်းသမီး၊ ဘယ်မင်းသားပါတဲ့ ဇာတ်ပွဲကို ဘယ်လိုဈေးကြီးပေးပြီး ငှားထားတာဟ ဆိုပြီး အချင်းချင်း ကြွားလုံး ထုတ်လိုက်ကြပါသေးတယ်။ ဇာတ်ပွဲကျင်းပတဲ့ညဆိုရင် ဖျာအဟောင်းတွေ၊ မြွေရေအိတ်အခွံတွေ၊ တာလပတ်အဟောင်းတွေကို […]