BREAKING
September 16, 2024

တနင်္သာရီပုံရိပ်

အကြွေးနွံထဲကျနေတဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များ

diz_admin

May 22, 2022

တနင်္သာရီတောင်ပိုင်းရှိ အသေးစား စီးပွားရေး လုပ်ငန်းများမှာ ကိုဗစ်ကပ်ဘေး၊ မတည်ငြိမ်သော နိုင်ငံရေးအခြေအနေတို့ကြောင့် ရပ်တည်ရခက်ခဲလာပြီး လုပ်ငန်းအများအပြား ရပ်ဆိုင်းသွားကြရသည်။ ဆက်လက်လုပ်ကိုင်နေသည့် လုပ်ငန်းများမှာလည်း အကြွေးများဖြင့် လည်ပတ်နေရသည့်အတွက် အတိုးပိကာ အကြွေးနွံထဲကျရောက်နေကြရသည်။ ယင်းကြောင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်အချို့ကို တွေ့ဆုံကာ လုပ်ငန်းလည်ပတ်နေမှု အခြေအနေနှင့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းကာ ယခုအပတ်တနင်္သာရီပုံရိပ်များ အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။ “မနက်ဖြန်အတွက် ရင်းဖို့တောင် သိပ်မကျန်တော့ဘူးလေ” တစ်နိုင်တပိုင် လက်ဖက်ရည်ဆိုင်ရှင်အမျိုးသမီး (ထားဝယ်မြို့) DW ။ လက်ရှိဆိုရင် အကြွေးဘယ်လောက်ရှိပြီး ဘယ်လိုဆပ်နေရလဲ ဖြေ ။  အခုဆိုရင် အကြွေးအနေနဲ့ နေ့ပေး (ကျပ်)လေးသိန်းနဲ့ နေ့ပြန်တိုး (ကျပ်)တစ်သိန်းပေးနေရတယ်၊ ချေးထားတဲ့ လေးသိန်းအတွက် တစ်ရက်ကို တစ်သောင်းပေးနေရတာ။ နေ့ပြန်တိုးကတော့ တစ်ရက်ကို တစ်ထောင်ကျပေးနေရတယ်။ အကြွေးရှင်ကတော့ စုစုပေါင်း ၂ […]

“ရတာနဲ့ မကာမိမှာစိုးလို့ လယ်လုပ်ဖို့ မသေချာသေးဘူး”

diz_admin

May 8, 2022

တနင်္သာရီ ပုံရိပ်များ လယ်ယာထွန်ယက်ကြမယ့် မိုးရာသီရောက်ဖို့ တစ်လလောက်ပဲ လိုတော့ပေမယ့် လယ်သမားတွေ လယ်လုပ်ဖို့ တွေဝေတုံ့ဆိုင်းနေကြဆဲဖြစ်ပါတယ်။ စက်သုံးဆီ၊ ဓာတ်မြေဩဇာ စတဲ့ လယ်ယာသွင်းအားစုတွေ ဈေးအဆမတန် ခုန်တက်သွားတာကြောင့် ဖြစ်ပါတယ်။ ဒီနှစ်မှာ စပါးဈေးတွေ တက်ပေမယ့် သွင်းအားစုဈေးတွေနဲ့ နှိုင်းစာရင် အများကြီးကွာဟနေပါသေးတယ်။ ဒါ့အပြင် မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေကြောင့်လည်း လယ်သမားတွေ ရတက်မအေး ဖြစ်နေကြရပါသေးတယ်။ ဒီလိုအခြေအနေမှာ ဒီနှစ် လယ်သမားတွေ လယ်လုပ်ကြမလား။ ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေကြရသလဲ ဆိုတာကို သိရှိနိုင်ဖို့အတွက် ထားဝယ်နဲ့ လောင်းလုံးမြို့နယ်က လယ်သမားတချို့ကို မေးမြန်းဖော်ပြလိုက်ပါတယ်။ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှ လယ်သမားတစ်ဦး DW ။ ဒီနှစ်မိုးရာသီ လယ်ယာလုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်နေတဲ့အကြောင်း အရင်ဆုံးပြောပြပေးပါ။ လယ်သမား ။ ဒီနှစ်တော့ ဦးက လယ်လုပ်ဖို့ […]

“ရှေ့ဆက်ပြီး …. ဒီထက်ဒုက္ခဖြစ်ဖို့များမယ်”

diz_admin

May 1, 2022

တနင်္သာရီ ပုံရိပ်များ စစ်ကောင်စီလက်ထက် အသစ်ပြဌာန်းသော စည်းမျဉ်းအရ ယခုနှစ်ငါးမဖမ်းရရာသီမှာ ဧပြီ၊ မေ၊ ဇွန် လများအဖြစ် ရှေ့တိုးပြောင်းလဲသတ်မှတ်ထားသည်။ နော်ဝေသုတေသနသင်္ဘော၏ တွေ့ရှိချက်အရ မြန်မာ့ပင်လယ်ပြင်တွင် ငါးများလျော့နည်းလာသဖြင့် ငါးသားပေါက်ရာသီအပြင် ငါးဥ ဥသည့် ရာသီကိုပါ ထိန်းသိမ်းရန်လိုလာသည့်အတွက်ဟုဆိုကာ ငါးမဖမ်းရရာသီကို စစ်ကောင်စီက ပြောင်းလဲသတ်မှတ်ခဲ့သည်။ ထို့ကြောင့် မြန်မာ့ပင်လယ်အတွင်း ငါးမဖမ်းရ ရာသီ ပုံမှန် ဇွန်၊ ဇူလိုင်၊ ဩဂုတ် ရပ်နားနေရာမှ ၂၀၂၁ ခုနှစ် မှ စပြီး မေ၊ ဇွန်၊ ဇူလိုင်တွင် ရပ်နားခဲ့ရသည်။ တစ်နှစ်လျှင် တစ်လစီရှေ့တိုး သတ်မှတ်မည်ဆိုသဖြင့် ယခုနှစ် ၂၀၂၂ တွင် ငါးမဖမ်းရ ရာသီမှာ ဧပြီတွင် စတင်ခြင်းဖြစ်သည်။ ယင်းကြောင့် ကမ်းဝေးငါးဖမ်းလှေ လုပ်သားများမှာ အလုပ်မရှိသည့် ကာလကို စတင်ဖြတ်သန်းနေရပြီ […]

“အခုက အလုပ်အကိုင်လည်း အဆင်မပြေကြပဲကိုး။ အခက်အခဲကတော့ အမျိုးမျိုးပဲ။ငွေကြေးရော၊ လုပ်ငန်းရော၊ မီတာခတွေဈေးတက်လာတာရော အကုန်လုံးပဲ အခက်အခဲရှိတယ်”

diz_admin

April 24, 2022

တနင်္သာရီ ပုံရိပ်များ မြန်မာနိုင်ငံ၏ တောင်ပိုင်းဒေသဖြစ်သည့် တနင်္သာရီတိုင်းမှာ ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသတစ်ခုဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်သော ဒေသတစ်ခုလည်းဖြစ်သည်။  သို့သော်ယခုနှစ်များတွင် ကိုဗစ်ကပ်ဘေးနှင့် ဆိုးရွာသည့်နိုင်ငံရေး အခြေအနေများကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသဖြင့် ယိုယွင်းကျဆင်းမှုများ ကြုံတွေ့နေရသည်။ ယင်းကြောင့် တောင်ပိုင်းသားများ ကြုံတွေ့နေရသည့် အခက်အခဲ အကျပ်အတည်းများကို သိရှိနိုင်စေရန် Dawei Watch ကဒေသခံများကို မေးမြန်း၍ အပတ်စဉ် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ တနင်္သာရီတိုင်းမှာ ပုဂ္ဂလိက လျှပ်စစ်မီတာကိုသာ အဓိကအားပြုနေရပြီး လျှပ်စစ်မီတာခဈေးနှုန်း မြင့်မားစွာ ပေး၍ဝယ်ယူသုံးစွဲနေကြရသည်။ ထားဝယ်တွင် မီတာခ တစ်ယူနစ် ၂၉၈ ကျပ်ဖြစ်နေချိန်တွင် မီးမရောက်သေးသည့် ကျေးလက်ဒေသများတွင် မီတာခမှာ တယူနစ်လျှင် ငွေကျပ် ၁၀၀၀ မှ ကျပ် ၂၀၀၀ အထိပေးနေရသည်။ တိုင်းဒေသကြီးအစိုးရက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမည့် ကုမ္ပဏီများကို တင်ဒါစနစ်ဖြင့် ခေါ်ယူကာ တစ်ယူနစ် သတ်မှတ်ဈေးဖြင့် လုပ်ကိုင်ခွင့်ပေးထားခြင်းဖြစ်သည်။ တနင်္သာရီတိုင်းအတွင်း မဟာဓာတ်အားလိုင်းမရောက်သေးသည့်အတွက် ပုဂ္ဂလိကမီးလင်းရေး ကုမ္ပဏီ များက ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပြီး လျှပ်စစ် ဓာတ်အားခမှာ သက်ဆိုင်ရာ ကုမ္ပဏီအပေါ် မူတည်ကာ ဈေးနှုန်းမတူညီကြပေ။ ကိုဗစ်ကပ်ဘေးနှင့် နိုင်ငံရေးအခြေအနေများကြောင့် စီးပွားရေး အဆင်မပြေမှုများ ကြုံတွေ့နေရသည့် ဒေသခံများမှာ ယခုနှစ်အတွင်း မီတာခဈေးနှုန်းများ ပိုမိုမြင့်မားလာမှုကြောင့် ခက်ခဲကျပ်တည်းမှုများ ပိုမိုရင်ဆိုင်လာကြရသည်။ ယခုတစ်ပတ်တွင် တနင်္သာရီတိုင်းအတွင်းရှိ မီတာခဈေးနှုန်း အများဆုံးဒေသများထဲမှ တစ်ခုဖြစ်သော သရက်ချောင်းမြို့နယ်၊ ကျွဲမင်းကုန်းကျေးရွာမှ ဒေသခံရွာသားနှစ်ဦးကို ဆက်သွယ်မေးမြန်း၍ ဖော်ပြအပ်ပါသည်။ DW ။ ကျွဲမင်းကုန်းရွာမှာ အခုလက်ရှိ မီတာခ တစ်ယူနစ်ကို ဘယ်လောက်ဖြစ်နေလဲ။ ဒေသခံ ။ အရင်လက တစ်ယူနစ် ကျပ် ၂၀၀၀ ၊ ဆယ်ယူနစ်ကို ၂၀၀၀၀ ပေးရတယ်။ တစ်အိမ်ကို ဆယ်ယူနစ်နှုန်း သတ်မှတ်ထားတယ်လေ။ ဆယ်ယူနစ် မပြည့်လည်း ဆယ်ယူနစ်ဖိုးပဲ ပေးရတယ်။ ဆယ်ယူနစ်ကျော်ရင်လည်း ကျော်တဲ့အလိုက်ပေးရတယ်။ DW ။ ဘယ်အချိန်လောက်က စပြီးတက်လာတာလဲ။ ဒေသခံ ။ အခု ၂ လဖြစ်ပြီ။ ၂၀၀၀ ဖြစ်လာတာ၊ အာဏာမသိမ်းခင်က တစ်ယူနစ်ကို တစ်ထောင်၊ ဆယ်ယူနစ်ကို တစ်သောင်းပေးရတယ်။ အာဏာသိမ်းပြီးမှ တစ်သောင်းကနေ တက်တက်လာတယ်။ တစ်သောင်းနှစ်ထောင် တစ်သောင်းသုံးထောင်ကနေ တက်တက်လာတာ။ ဆီဈေးတက်လာတဲ့ချိန်မှာ ပြေးတက်လာတာ။ တစ်သောင်းခွဲတစ်ခါဖြစ်သေးတယ်။ အခုကတော့ တစ်ယူနစ်ကို ၂၀၀၀ ဖြစ်တာ ၂ လရှိပြီ။ DW ။ မီးက ဘယ်အချိန်ကနေ ဘယ်အချိန်ထိရလဲ။ ဒေသခံ ။ ည ၆ နာရီကနေ ၁၀ နာရီထိပဲ။ DW ။ ဒီလို မီတာခတွေဈေးတက်လာတော့ ကိုယ့်မိသားစုနဲ့ အိမ်အတွက် ဘယ်လိုထိခိုက်မှုတွေ ရှိလာလဲ။ ဒေသခံ ။ ထိခိုက်မှု မရှိဘူးလားဆိုတော့ ရှိတာပေါ့။ အနည်းနဲ့ အများကတော့ ညည်းတော့ ညည်းနေကြတာပဲ။ အိမ်ကလည်း ညည်းနေတာပဲ။ ဒီမီးတစ်ခုပဲ ရှိတာဆိုတော့ ဒီမီးတစ်ခုပဲ သုံးနေရတာပေါ့။ မသုံးဘဲလည်း မရဘဲကိုး။ ဖြတ်ပစ်လိုက်ရင်လည်း ဖုန်းအားသွင်းဖို့ အခက်အခဲဖြစ်နေတာဆိုတော့၊ အရင်တုန်းကတော့ ကျွန်တော်တို့ အိမ်မှာ ဆိုလာပြားရှိတယ်။ ဖယောင်းတိုင်တို့ ဆိုလာတို့ ရေနံတို့လည်း သုံးတယ်။ ဖယောင်းတိုင်ကတော့ အဓိကပေါ့။ DW ။ ဒီလို မီတာခဈေးကြီးလာတော့ မီးမသုံးနိုင်တော့လို့ မီးဖြတ်လိုက်တဲ့ အိမ်တွေရောရှိလား။ ဒေသခံ ။ ဖြတ်တဲ့ အိမ်တွေရှိတယ်။ ဘယ်နှစ်အိမ်လောက်ရှိလဲဆိုတော့ သေချာတော့ ပြောမတတ်ဘူး။ ဖြတ်တဲ့ အိမ်တွေများများကြီးပဲ။ အိမ်ခြေ ၂၀ လောက်တော့ မီးဖြတ်လိုက်မယ်ဆို ထင်တယ်။ မီးသုံးနေတဲ့ အိမ်က အရင်က အိမ်ခြေ ၂၀၀ လောက်ရှိမယ်။ အခုတော့ တစ်ရာကျော်လောက်ပဲ ကျန်ပြီပေါ့။ (ကျွဲမင်းကုန်းကျေးရွာမှ အသက် ၂၉ နှစ်အရွယ် အခြားဒေသခံအမျိုးသားတစ်ဦး) DW ။ အကိုတို့ရွာမှာ မီတာခ တစ်ယူနစ်ကို ၂၀၀၀ ကျပ်ပေးရတယ်လို့ ပြောတယ်။ ထားဝယ်နဲ့စာရင် တယူနစ် ၂၀၀၀ ကျပ်အထိပေးရတယ်ဆိုတော့ အဲဒီလို မီတာခဈေးတက်လာတာနဲ့ ပက်သက်ပြီး ကိုယ်အတွက် ဘာအခက်အခဲတွေ ဖြစ်သွားလဲ။ ဒေသခံ ။ အခက်အခဲတော့ ရှိတာပေါ့။ ရွာမှာ မီတာခဈေးတက်တယ်ဆိုတော့ လူတိုင်းလူတိုင်း ပြဿနာကြုံရတာပေါ့နော်။ အခုက အလုပ်အကိုင်လည်း အဆင်မပြေကြပဲကိုး။ အခက်အခဲကတော့ အမျိုးမျိုးပဲ။ ငွေကြေးရော၊ လုပ်ငန်းရော၊ မီတာခတွေဈေးတက်လာတာရော အကုန်လုံးပဲ အခက်အခဲရှိတယ်။ DW ။ အာဏာသိမ်းပြီးမှ ဆီဈေးတွေတက်လာတာဆိုတော့ အာဏာသိမ်းပြီးမှ (မီတာခ) တက်လာတာလား၊ အာဏာမသိမ်းခင်က တက်လာတာလား။ ဒေသခံ ။ အာဏာသိမ်းပြီးမှ တက်လာတာပဲ။ ဆီဈေးတက်လာတော့ မီတာခလည်း ဈေးလိုက်တက်လာတာပေါ့။ သူတို့လည်း ဆီဈေးတက်လို့ မီတာခထပ်တိုးမယ်ဆိုပြောတယ်။ ဈေးတက်လာကတော့ နိုင်ငံရေးကြောင့်ပေါ့လေ။ DW ။ အခုပေးရတဲ့ တစ်ယူနစ် ၂၀၀၀ ထက် ပိုပြီးတက်လာဦးမယ်ဆိုရင် မီးဆက်သုံးနိုင်ပါဦးမလား။ ဒေသခံ ။ ဒီထက်တိုးလာမယ်ဆိုလည်း လူတွေအကုန်လုံး မီးသုံးလျှော့မှရမှာပေါ့။ ဒီလိုပဲ ဖယောင်းတိုင်ရ ဖယောင်းတိုင်ခေတ် နောက်ပြန်သွားရမှာပေါ့နော်။ ကျွန်တော်တို့ရွာမှာက မီးက ၄ နာရီပဲ လာတာကိုး၊ ၆ နာရီကနေ ၁၀ နာရီထိပဲ။ တချို့ ရွာတွေမှာက ၂၄ နာရီမီးရှိတာကိုး။ ကျွန်တော်တို့ ရွာတွေကတော့ ဆင်းရဲတယ်ဆိုတော့ အဲဒီလို ၄ နာရီလာတဲ့ မီးတောင် နပ်မမှန်ဘူး။ တစ်ခါတစ်ခါ ပျက်ပျက်သွားရင်။ DW ။ အကိုတို့ရွာမှာ ဒီရွာကပေးတဲ့ လျှပ်စစ်မီးကိုပဲ အားကိုးနေရတာလား၊ တခြားရော ဘာတွေသုံးကြသေးလဲ။ ဒေသခံ ။ ဒီမီးကိုလည်း အားကိုးနေရတယ်။ ဆိုလာလည်း အများအားဖြင့် အသုံးများကြတာပဲ။ DW ။ ဒီအခြေအနေနဲ့ ပက်သက်ပြီးတခြားရော ဘာများမှတ်ချက်ပြုချင်သေးလဲ။ ဒေသခံ ။ နိုင်ငံရေးကောင်းအောင်ပဲ ဆုတောင်းပေးနေရတယ်။ နိုင်ငံရေးကောင်းလာမှပဲ အကုန်လုံး အစစအရာရာ အဆင်ပြေလာမှာပေါ့။ ဆီဈေးတွေရော၊ သူတို့လည်း လိုက်ပြီးအပြစ်တင်မရဘူး။ နိုင်ငံရေးကောင်းအောင်ပဲ မြန်မြန်ဆန်ဆန်ပဲ ဆုတောင်းရမှာပေါ့။ နိုင်ငံရေးနဲ့ စီးပွားရေးက အကုန်လုံးပတ်သက်နေတာကိုး။