BREAKING
October 18, 2024

တနင်္သာရီပုံရိပ်

ဈေးတွေတက်လို့ ထမင်းတစ်နပ်လျှော့စားနေရပြီ

diz_admin

July 23, 2022

စီးပွားရေးကျဆင်းမှုကြောင့် အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေလျော့ကျနေချိန်တွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်း လာမှုနှင့်အတူ ဖြစ်ပေါ်လာသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူများခံစားနေကြရသည်။ အချို့မိသားစုများဆိုလျှင် ထမင်းတစ်နပ်လျှော့စားရသည်အထိ ကျပ်တည်းမှုဒဏ်ခံနေကြရပြီဖြစ်သည်။ တနင်္သာရီပုံရိပ် အာဏာသိမ်းမှု ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုများနှင့်အတူ ပြည်သူများမှာ ဝင်ငွေကျဆင်းလာသလို အခြားတစ်ဖက်တွင် ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်ကိုခံစားနေကြရသည်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း နယ်မြေမအေးချမ်းမှုကြောင့် ဥယျာဉ်ခြံလုပ်ငန်း၊ လယ်ယာလုပ်ငန်းကဲ့သို့ လုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်း မရှိတော့သလို၊ အလုပ်အကိုင် ရှားပါးမှုပြဿနာကြောင့် ဝင်ငွေကျဆင်းမှုများ ဖြစ်နေသည်။ တနင်္သာရီတိုင်းရှိ လူငယ်၊ လူလတ် အများစုမှာ ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် သွားရောက်လုပ်ကိုင်ပြီး မိသားစုထံ ငွေပြန်ပို့ကြသော်လည်း ကြီးမြင့်လာသည့် ကုန်ဈေးနှုန်းကြောင့် စားသောက်စရိတ် ကာမိရုံအခြေအနေတွင်သာ ရှိသည်။ အချို့ လက်လုပ်လက်စား မိသားစုများမှာမူ ဝင်ငွေထွက်ငွေ မမျှတသဖြင့် ထမင်းနပ်မှန်အောင် […]

အသက်ဘေးကြောင့် နေရပ်စွန့်ကြရသူများ

diz_admin

July 17, 2022

မူလက အေးချမ်းတည်ငြိမ်ပြီး ခရီးသွားလုပ်ငန်း၊ စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း များကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေသည့် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှာ ယခုအခါတွင် တိုက်ပွဲများနှင့် နယ်မြေမအေးချမ်းမှုများကို ကြုံတွေ့နေကြရသည်။ စစ်အာဏာရှင် စနစ်ဆန့်ကျင် တော်လှန်ရာတွင် ပါဝင်ကြသည့် လူငယ်၊ လူရွယ်များ၊ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ကြသည့် ဝန်ထမ်းများမှာ ဖမ်းဆီးခံရမည့်ဘေးကြောင့် တိမ်းရှောင်နေကြရသလို တိုက်ပွဲဖြစ်ပွားရာဒေသမှ ပြည်သူများမှာ အသက်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ကြရပြန်သည်။ ယင်းအပြင် စစ်ကောင်စီတပ်နှင့်အတူ လှုပ်ရှားနေသည့် ပျူစောထီး၊ သွေးသောက်၊ စွန်ရဲ၊ မျိုးချစ် ညွန့်ပေါင်းနှင့် မျိုးချစ်မဟာမိတ်ကဲ့သို့ လက်ဝေခံအဖွဲ့များ၏ အသက်ဘေးရန်ရှာမှုကို ကြောက်၍ နေရပ်စွန့်ခွာထွက်ပြေး နေကြရသူများလည်း ရှိနေပြန်သည်။ တနင်္သာရီတိုင်းတွင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာကြသူ ၁၅၀၀၀ ကျော်ရှိနေပြီး အများစုမှာ တိုက်ပွဲဖြစ်ပွားနေချိန်တွင် ဘေးလွတ်ရာ တောတောင်များ၊ ဥယျာဉ်ခြံများအတွင်း […]

အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့တွေ ရပ်တည်ဖို့ခက်လာတော့

diz_admin

July 10, 2022

စစ်အာဏာသိမ်းမှုကြောင့် အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM)တွင် ကျန်းမာရေး ဝန်ထမ်းများ အများအပြားပါရှိသဖြင့် တနင်္သာရီတိုင်းရှိကျေးရွာများမှ ကျန်းမာရေးဆေးပေးခန်းအများစုမှာ ပိတ်ထားရသည့် အခြေအနေတွင် ရှိနေသည်။ ယင်းကြောင့် ဒေသခံများမှာ ကျန်းမာရေးတစ်ခုခုဖြစ်ပါက မြို့ပေါ်ဆေးရုံများကို အားပြုကြရသဖြင့် အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေး အဖွဲ့များကိုအားကိုးကြရသည်။ သို့သော် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့များမှာ ညဘက်တွင် လူနာသယ်ဆောင်ပေးခြင်း မရှိတော့ကြောင်း ဒေသခံများကဆိုသည်။ ယင်းကြောင့် ညရေးညတာ ကျန်းမာရေးအရေးပေါ်ဖြစ်ပါက လူနာတင်ယာဉ် ရရှိဖို့အခက်အခဲများရှိနေကြသည်။ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့များဘက်ကလည်း ညရေးညတာတွင် အန္တရာယ်များသဖြင့် တတ်နိုင်သမျှ ညဘက်တွင် လူနာတင်ယာဉ်ထွက်လေ့မရှိသလို အခြားတစ်ဖက်တွင်လည်း အလှူခံငွေ ရရှိမှု နည်းပါးလာသဖြင့် လောင်စာဆီ(ဓာတ်ဆီ) ဝယ်ယူရန်ပင် ငွေမရှိသည့်အခြေအနေများ ကြုံတွေ့နေရသည်။ ယင်းအခြေအနေများကို ယခုအပတ် တနင်္သာရီပုံရိပ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။ “ကူညီဖို့ လူအဆင်သင့်ရှိတယ်၊ ကားအဆင်သင့်ရှိတယ်။ […]

မိုးစပါးစိုက်သူ နည်းလာတော့

diz_admin

June 25, 2022

မြန်မာနိုင်ငံအနှံ့တွင် ဖြစ်ပေါ်နေသည့် နယ်မြေမငြိမ်းချမ်းမှုများနှင့်အတူ သွင်းအားစုဈေးများ မြင့်မားမှုကြောင့် ယခုနှစ်စပါးစိုက်ရာသီတွင် လယ်လုပ်ရန် အခြေအနေမပေးသည့် ဒေသအများအပြား ရှိနေသည်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း ယခုနှစ်မိုးစပါး စိုက်ပျိုးချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် လယ်မလုပ်သူ၊ ဧကအနည်းငယ်သာ လုပ်သူများ ပိုမိုများပြားလာနေသည်။ တိုက်ပွဲဖြစ်ပွားရာဒေသမှ လယ်သမားအများစုကမူ လယ်လုပ်နိုင်ခြင်း မရှိပေ။ ယခုနှစ်တွင် တနင်္သာရီတိုင်းမှ လယ်သမားများမှာ သွင်းအားစု (ဓာတ်မြေဩဇာ၊ လောင်စာဆီ စသဖြင့်) များ ဈေးတက်ခြင်း၊ မိုးရေရရှိမှု နည်းနေသေးခြင်း၊ နယ်မြေမအေးချမ်းခြင်း စသဖြင့် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေကြရသည်။ ယင်းကြောင့် ယခုတစ်ပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် စပါးစိုက်ပျိုးမှုနှင့် ကြုံတွေ့နေရသော အခက်အခဲများကို တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။ “လယ်မလုပ်ခင်ကကို ရှုံးနေတယ်” ထားဝယ်မြို့၊ ဥဿရံရပ်ကွက်မှ လယ်သမား ဦးကျော်ကျော်လင်း ဦးကျော်ကျော်လင်းမှာ လောင်းလုံးမြို့နယ်နိမိတ်တွင်းရှိ […]

အလုခံရမလား… အတိုက်ခံရမလား…

diz_admin

June 18, 2022

လောင်းလုံးမြို့နယ်နှင့် ထားဝယ်မြို့နယ်တို့တွင် ဓားပြတိုက်ခံရမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။ စုံစမ်းရရှိထားသည့် အချက်အလက်များအရ မေလ ၁၇ ရက်မှ ဇွန်လ ၁၅ ရက်အထိ ရက်ပေါင်း ၃၀ အတွင်း လောင်းလုံးမြို့နယ်တစ်ခုတည်းတွင်ပင် ဓားပြတိုက်ခံခဲ့ရမှု ၆ ကြိမ်အထိ ရှိပြီဖြစ်သည်။ ယင်းမှာ စုံစမ်းရရှိထားသော အချက်အလက်များအရ သိရှိရခြင်းသာဖြစ်ပြီး ဓားပြတိုက်ခံရသူများမှာ အသက် အန္တရာယ်ခြိမ်းခြောက်ခံရမှုကြောင့် ထုတ်ဖော်ပြောကြားခြင်း မရှိပေရာ မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်ကြောင် တွေ့ရသည်။ ဓားပြတိုက်သည်ဆိုသော အသံမကြားရသည်မှာ နှစ်ပေါင်း ၅၀ ခန့်ရှိလာပြီဖြစ်သော ဒေသခံများအတွက် ယခုအခြေအနေအပေါ် စိုးရိမ်ထိတ်လန့်မှုများစွာ ခံစားနေကြရသည်။ ယခုအခြေအနေမှာ လုယက်ခံရမလား…… ဓားပြတိုက်ခံရမလား…… ဆိုသည်ကို အချိန်ပြည့် စိုးရိမ်နေကြရသည်။ ယင်းကြောင့် ယခုတစ်ပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ဒေသခံများ ကြုံတွေ့နေရသော အခြေအနေကို မေးမြန်းဖော်ပြအပ်ပါသည်။ […]

ဆေးသမားတွေကို ကြောက်နေရတယ်

diz_admin

June 11, 2022

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် မတည်ငြိမ်မှုများကြောင့် မူးယစ်ဆေးထုတ်လုပ်မှုနှင့် မှောင်ခိုတင်ပို့မှုတိုးလာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုရုံး (UNODC) အဆင့်မြင့်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ယခုနှစ်ဆန်းပိုင်းက ပြောဆိုထားသည်။ တည်ငြိမ်မှု၊ ဥပဒေစိုးမိုးမှု အားနည်းနေသည့် မြန်မာနိုင်ငံရေး အခြေအနေကြောင့် ပြည်တွင်း၌လည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲမှုများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာကြသည်။ တနင်္သာရီတိုင်းတွင်လည်း မူးယစ်ဆေးဝါး သုံးစွဲသူများမှာ ပေါ်ပေါ်ထင်ထင်သုံးစွဲကြယုံမျှမကဘဲ လမ်းသွားလမ်းလာများကိုပါ ရန်ရှာခြင်း၊ လုယက်ခြင်း၊ ဥယျာဉ်ခြံများအတွင်း ဝင်ရောက်ခိုးယူခြင်းတို့ လုပ်ဆောင်လာကြသည်။ မူယစ်ဆေးသုံးသူများမှာ လယ်တဲများ၊ ဆီအုန်းတောများ၊ ခြုံများအနီးတို့တွင် မူးယစ်ဆေးသုံးစွဲကြပြီး လယ်တဲများကို ဖျက်ဆီးခြင်းများလည်း လုပ်ဆောင်လာကြသည်။ ခေတ်ကာလ မကောင်း၍ ပြည်သူများမှာ ကိုယ့်အန္တရာယ် ကိုယ်ကြည့်ရှောင်ကြရသည့် အခြေအနေတွင် မူးယစ်ဆေးသုံးစွဲသူတို့၏ အန္တရာယ်ကိုကြောက်၍ လုပ်ငန်းခွင်မသွားရဲအောင်ပင် ဖြစ်လာနေသည်။ ယင်းအခြေအနေများအပေါ် ကိုယ်တိုင်ကြုံတွေ့နေရသည့် […]