မြင်မြင်သမျှ ကြောက်နေရတဲ့ ပြည်သူတွေ
diz_admin
August 28, 2022အာဏာသိမ်းမှု နောက်ဆက်တွဲ ရိုက်ခတ်မှုအဖြစ် တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အခြေအနေတစ်ခုကို ဖြတ်သန်းနေကြရပါတယ်။ အားကိုးရာမဲ့နေတဲ့ ပြည်သူတွေအနေနဲ့ ကိုယ့်အန္တရာယ်ကိုယ်ကြည့်ရှောင်ကြရတဲ့ အနေအထားမှာ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုတွေလည်း ပျောက်ဆုံးလာနေပါပြီ။ ဒီကာလမှာ ရပ်ကွက်တွေထဲကို မျက်နှာစိမ်းတွေ ဝင်လာတာကလည်း ဒေသခံတွေအတွက် စိုးရိမ်မှုပိုများစေပါတယ်။ လူစိမ်းတွေ အဝင်အထွက် များလာတာနဲ့အမျှ ခိုးဆိုးလုယက်မှု၊ ဖောက်ထွင်းမှု၊ ဓားပြတိုက်မှုတွေအပြင် အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာတွေလည်း ရှိလာနေပါတယ်။ ဒါကြောင့်ယခုအပတ် တနင်္သာရီ ပုံရိပ်အစီအစဉ်မှာ လူစိမ်းတွေ အဝင်များလာပြီး မြင်မြင်သမျှ ကြောက်နေရတဲ့ ပြည်သူတွေအကြောင်း တွေ့ဆုံမေးမြန်းဖော်ပြအပ်ပါတယ်။ “အဲဒီလူစိမ်းတွေက မကြောက်မရွံ့သွားရဲနေတာ ထူးဆန်းမနေဘူးလား” လောင်းလုံးမြို့နယ် ဒေသခံတစ်ဦး DW ။ ရပ်ရွာတွေထဲ မျက်နှာစိမ်းတွေ တွေ့လာရတဲ့အကြောင်း ပြောပြပေးပါ။ ဖြေ ။ ပြောရမယ်ဆိုရင် လူစိမ်းတွေလာတာများလာတာ သတိထားမိတယ်။ သူတို့က […]