“ရတာနဲ့ မကာမိမှာစိုးလို့ လယ်လုပ်ဖို့ မသေချာသေးဘူး”
diz_admin
May 8, 2022တနင်္သာရီ ပုံရိပ်များ လယ်ယာထွန်ယက်ကြမယ့် မိုးရာသီရောက်ဖို့ တစ်လလောက်ပဲ လိုတော့ပေမယ့် လယ်သမားတွေ လယ်လုပ်ဖို့ တွေဝေတုံ့ဆိုင်းနေကြဆဲဖြစ်ပါတယ်။ စက်သုံးဆီ၊ ဓာတ်မြေဩဇာ စတဲ့ လယ်ယာသွင်းအားစုတွေ ဈေးအဆမတန် ခုန်တက်သွားတာကြောင့် ဖြစ်ပါတယ်။ ဒီနှစ်မှာ စပါးဈေးတွေ တက်ပေမယ့် သွင်းအားစုဈေးတွေနဲ့ နှိုင်းစာရင် အများကြီးကွာဟနေပါသေးတယ်။ ဒါ့အပြင် မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေကြောင့်လည်း လယ်သမားတွေ ရတက်မအေး ဖြစ်နေကြရပါသေးတယ်။ ဒီလိုအခြေအနေမှာ ဒီနှစ် လယ်သမားတွေ လယ်လုပ်ကြမလား။ ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေကြရသလဲ ဆိုတာကို သိရှိနိုင်ဖို့အတွက် ထားဝယ်နဲ့ လောင်းလုံးမြို့နယ်က လယ်သမားတချို့ကို မေးမြန်းဖော်ပြလိုက်ပါတယ်။ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှ လယ်သမားတစ်ဦး DW ။ ဒီနှစ်မိုးရာသီ လယ်ယာလုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်နေတဲ့အကြောင်း အရင်ဆုံးပြောပြပေးပါ။ လယ်သမား ။ ဒီနှစ်တော့ ဦးက လယ်လုပ်ဖို့ […]