BREAKING
September 19, 2024

တနင်္သာရီပုံရိပ်

စံချိန်တင်တက်လာတဲ့ ကော့သောင်းက မီတာခ

diz_admin

October 16, 2022

ကော့သောင်းမြို့တွင် ဖိုးသီးချိုကုမ္ပဏီက ဒီဇယ်ဆီသုံးအင်ဂျင်ဖြင့် လျှပ်စစ်မီးဖြန့်ဝေသည်။ ဖိုးသီးချိုသည် လျှပ်စစ်ဌာနတွင်တင်ဒါအောင်ပြီး ရပ်ကွက်အများစုကို ဖြန့်ဖြူးနေပြီး သီးသန့်ပုဂ္ဂလိကအစီအစဉ်ဖြင့်လည်း ရပ်ကွက်နှစ်ခုကို ဖြန့်ဖြူးလျက်ရှိသည်။ လျှပ်စစ်ဌာနတွင် တင်ဒါအောင်ပြီး ဖြန့်ဖြူးခြင်းကို ဒေသခံတို့က EPC မီးဟုခေါ်ဆိုကြပြီး ပုဂ္ဂလိက အစီအစဉ်ဖြင့် ဖြန့်ဖြူးခြင်းကို ဖိုးသီးချိုမီးဟု ဒေသခံတို့က သုံးနူန်းကြသည်။ ဈေးနန်းမှာလည်းတူညီမှုမရှိပေ။ EPC မီးက ဈေးသက်သာပြီး ဖိုးသီးချိုမီးက ဈေးကြီးလေ့ရှိသည်။ ကော့သောင်းမြို့တွင် လျှပ်စစ်ဖြန့်ဖြူးပေးနေသည့် မီးလိုင်းနှစ်ခုရှိပြီး လက်ရှိအချိန်တွင် ယင်းလိုင်းနှစ်ခုစလုံးအား ဖိုးသီးချိုကုမ္ပဏီမှ တာဝန်ယူကာဖြန့်ဖြူးပေးနေကြောင်း ယင်းကုမ္ပဏီထံမှသိရသည်။ ၂၀၂၂  ဖေဖော်ဝါရီက တစ်ယူနစ်ကျပ် ၇၀၀ ရှိပြီး မတ်လတွင် ၉၅၀ ကျပ်သို့တိုးမြှင့်ခဲ့ရာမှ တဖြည်းဖြည်း စျေးဆက်တိုက် တက်လာခြင်းဖြစ်သည်။ ဖိုးသီးချို ကုမ္ပဏီမှ ပြီးခဲ့သည့်လက(စက်တင်ဘာ) တစ်ယူနစ်လျှင် ၁၈၀၀ ကျပ်ဖြင့်ကောက်ခံခဲ့ပြီး EPC(အစိုးရ)လျှပ်စစ်မှာ တစ်ယူနစ် ၁၂၅၀ နှုန်းဖြင့် ကောက်ယူနေသည်။ ကော့သောင်းမြို့၏ […]

ဘယ်ရောက်‌ရောက် ကြောက်နေရတဲ့ မြန်မာတွေ

diz_admin

October 9, 2022

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် မလုံခြုံမှု၊ အလုပ်အကိုင်ရှားပါးကာ ကုန်ဈေးနှုန်းကြီးမြင့်လာသဖြင့် စားဝတ် နေရေး ကျပ်တည်းမှုတို့နှင့် ကြုံကြရသည်။ ထို့ကြောင့် တနင်္သာရီတိုင်းအပါအဝင် နိုင်ငံတဝန်းမှ လူငယ်လူရွယ် အများစုမှာ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် နေ့စဉ်နှင့်အမျှ သွားရောက်နေကြသည်။ သွားရောက်သည့် လမ်းခရီးမှာ ခက်ခဲကြမ်းတမ်းလှသည်။ အဖမ်းခံရသည့် သတင်းများ နေ့စဉ်နှင့်အမျှ မြင်တွေ့ နေရသည်။ ကားထဲတွင် ပိတ်လှောင်မွန်းကျပ်ကာ အသက်ဆုံးပါးမှုရှိသလို ယာဉ်မတော်တဆမှုကြောင့် အသက် ဆုံးပါးရသည့် စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ်များလည်း ရှိသည်။ သွားလိုရာနေရာသို့ ရောက်ချိန်တွင်လည်း အလုပ်ရသဖြင့် အဆင်ပြေသူ နေသူများရှိသလို အလုပ်အကိုင်ရရှိရန် အခက်အခဲကြုံတွေ့နေရသူများလည်းရှိသည်။ တရားဝင်အထောက်အထား မရှိသဖြင့် ဖမ်းဆီးခံရမည် ကို စိုးရိမ်သဖြင့် မသွားရဲ မလာရဲလည်းဖြစ်ကြရသေးသည်။ ပြည်တွင်း၌နေချိန်တွင်လည်း လုံခြုံမှုကင်းမဲ့သော ဝန်းကျင်ကြောင့် ကြောက်ရွံ့မှုဖြင့် နေထိုင်ကြရသော […]

ဆိုင်ကယ်မြင်တိုင်းဖမ်းနေတာ ဘာကြောင့်လဲ

diz_admin

October 2, 2022

တနင်္သာရီတိုင်း ထားဝယ်မြို့တွင် စစ်ကောင်စီက အကြောင်းပြချက်အမျိုးမျိုးဖြင့် ဆိုင်ကယ်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာသည်။ မြိတ်မြို့၊ကော့သောင်းမြို့များတွင် ဆိုင်ကယ်ဖမ်းဆီးမှု နည်းပါးသော်လည်း ထားဝယ်မြို့တွင်မူ ပြည်သူများ ဆိုင်ကယ်စီးပြီး အပြင်မထွက်ရဲလောက်အောင်ပင် ဖမ်းဆီးမှုကြမ်းနေသည်။ ယင်းသို့ဖမ်းဆီးမှုများတွင် စကတ်ဝတ်ပြီးဆိုင်ကယ်စီး၍ ဖမ်းဆီးခြင်း၊ ဖိနပ်မပါဘဲ ဆိုင်ကယ်စီး၍ ဖမ်းဆီးခြင်းကဲ့သို့ ပုံမှန်မဟုတ်သော ဖမ်းဆီးမှုများလည်း ရှိခဲ့သည်။ ဖမ်းဆီးခံရသူများကို ဒဏ်ဆောင်စေရာတွင်လည်း လုပ်ငန်းစဉ်အတိုင်း တရားသူကြီးက အမိန့်ချကာ ဒဏ်ရိုက်သည်မျိုးရှိသလို ဖမ်းဆီးခံရသည့် နေရာတွင်ပင် ပိုက်ဆံတောင်း၍ ပြန်လွှတ်လိုက်သည်များလည်း ရှိကြောင်း ဒေသခံများကဆိုသည်။ ယင်းသို့ အဖမ်းအဆီးကြမ်းနေခြင်းကြောင့် ထားဝယ်မြို့ခံများမှာ သွားရေးလာရေး အခက်အခဲများဖြစ်လာပြီး အောက်ခြေလူတန်းစားများမှာ ပိုမိုကျပ်တည်းလာကြသည်။ ဒေသခံအချို့ကလည်း ထားဝယ်မြို့၏ အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှုများ အရှိန်လျော့သွားရန်နှင့် လူထုကို အကြောက်တရားကြီးစိုး လာစေရန် စစ်ကောင်စီက လုပ်ဆောင်နေခြင်းဟု ယူဆကြသည်။ မည်သို့ဆိုစေ ဆိုင်ကယ်ဖမ်းဆီးမှုများကြောင့် […]

‘ငါးဖမ်းလုပ်ငန်းတွေ ရပ်သွားတော့မလား’

diz_admin

September 25, 2022

မြန်မာပြည်တောင်ပိုင်း တနင်္သာရီကမ်းမြှောင်ဒေသတွင်တည်ရှိသည့် တနင်္သာရီတိုင်းတွင် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသူ အများအပြားရှိနေသည်။ ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ကျော်နှင့် ကမ်းနီးငှားဖမ်းလှေ ၄၀၀၀ ‌ခန့်အထိရှိကြောင်း တွေ့ရသည်။ ခေတ်အဆက်ဆက် ငါးဖမ်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းသူများမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် အထွေထွေအကျပ်အတည်းနှင့် လောင်စာဆီစျေး ကြီးမြင့်မှုပြဿနာကြောင့် အခက်အခဲများကြုံတွေ့လာရပြီဖြစ်သည်။ အချို့လှေများမှာ ငါးဖမ်းမထွက်တော့သလို ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများမှာလည်း တွက်ချေမကိုက်သဖြင့် သင့်တော်ရာ အလုပ်ကိုပြောင်းလုပ်သူများလည်း ရှိနေသည်။ ယင်းကြောင့် တနင်္သာရီတိုင်း၏ ပင်မစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သော ငါးဖမ်းလုပ်ငန်း အခြေအနေနှင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြသူများ၏ အခက်အခဲများကို သိရှိနိုင်စေရန် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ဖော်ပြအပ်ပါသည်။ “အရင်လိုမကိုက်လည်း ဒါပဲလုပ်တတ်တော့ ဆက်လုပ်ရမှာပဲ” မြိတ်အခြေစိုက် ပိုင်လှေ(ငါးရွှေပိုက်) လုပ်သက် ၂၀ ရှိ ရေလုပ်သားတစ်ဦး (ပိုင်လှေ(ငါးရွှေပိုက်) […]

အဖမ်းခံရမလား… အသတ်ခံရမလား…

diz_admin

September 18, 2022

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့က လမ်းဆုံလမ်းခွများတွင် တားဆီး စစ်ဆေးမှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာကြသည်။ တားဆီးစစ်ဆေးမှုများနှင့်အတူ အခန့်မသင့်ပါက ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်းများလည်း ဖြစ်ပေါ်တတ်သည်ဖြစ်ရာ ဒေသခံများမှာ အပြင်တစ်နေရာ သွားရန်အတွက် အဖမ်းခံရမလား…. အသတ်ခံရမလား ထိတ်လန့်လျက်ရှိကြသည်။ ယင်းကြောင့် တောင်ပိုင်းသားတို့၏ မလုံခြုံမှုအခြေအနေများကို Dawei Watch ၏ တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။ “အဖမ်းအဆီးများနေတာက ပြည်သူလူထုကို တော်တော်လေး အခက်အခဲဖြစ်စေတယ်” မြိတ်မြို့၊ ရွှေပြည်တန်ရပ်နေ အသက် ၄၀ နှစ်ရှိ အမျိုးသားတစ်ဦး။ DW ။ အခုတလော ဆိုင်ကယ်ဖမ်းတာတွေက အဖွဲ့စုံနဲ့ဖမ်းတာ၊ ရပ်ကွက်တွေအထိ လှည့်ဖမ်းတာတွေကို ဘယ်လိုမြင်ပါသလဲ။ ဖြေ ။ အဖမ်းအဆီးများလာတဲ့ သဘောပေါ့၊ အဖမ်းများတော့ အပြင်ထွက်ရင် အဖမ်းခံရမလား စိုးရိမ်စိတ်လေးတော့ရှိတယ်။ စိုးရိမ်မှုက ခမောက်(ဆိုင်ကယ်စီးဦးထုပ်) […]

ခြိမ်းခြောက်ငွေတောင်းတာ ဘယ်သူတွေလဲ

diz_admin

September 3, 2022

စစ်အာဏာသိမ်းပြီး နောက်ပိုင်းပြည်သူလူထုမှာ မလုံခြုံမှုများစွာ ကြုံတွေ့နေကြရသည်။ တရားဥပဒေ စိုးမိုးမှုလျော့ကျလာခြင်းနှင့်အတူ မသမာသူများက ဓားပြတိုက်၊ လုယက်၊ ခြိမ်းခြောက်ငွေတောင်းမှုများလည်း အဖြစ်များလာသည်။ ပြည်သူလူထုမှာလည်း မလုံခြုံမှုများ၊ ပဋိပက္ခများကြားတွင် ရှင်သန်နေရမှုကြောင့် မတရားအနိုင်ကျင့် ခံရသော်လည်း ဥပဒေကြောင်းအရ ပြန်လည်တုန့်ပြန်နိုင်ရန်မှာ ခက်ခဲလှသည်။ ယင်းကြောင့် မသမာသူများမှာ ပိုမိုအတင့်ရဲလာပြီး ဓားပြတိုက်၊ လုယက်၊ ခြိမ်းခြောက်မှုများကို အချိန်၊နေရာမရွေး လုပ်ဆောင်လာကြသည်။  မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း ဓားပြတိုက်၊ လုယက်ခံရမှုများ ခပ်စိပ်စိပ်ဖြစ်လာသည့်အပြင် ခြိမ်းခြောက်ငွေတောင်းမှုများပါ ဖြစ်ပွားလာသည်။ PDF ဟုဆိုကာ ခြိမ်းခြောက်ငွေတောင်းမှုများလည်း ရှိလာပြီး မည်သူများက လုပ်ဆောင်နေသည်ဆိုခြင်းကိုမူ သိရန်ခက်ခဲလှသည်။ ခြိမ်းခြောက်ငွေတောင်း ခံရသူများမှာ ကြောက်ရွံ့သဖြင့် မီဒီယာကို ဖြေကြားရန်ပင် မဝံ့မရဲဖြစ်နေကြပြီး အချို့ဆိုပါက ကြောက်ရွံ့ပြီး ဒေသပြောင်းရွှေ့ သွားကြသည်များလည်း ရှိနေသည်။ ခြိမ်းခြောက်ငွေတောင်း ခံရသူများထဲမှ နှစ်ဦးကို Dawei […]