အလုခံရမလား… အတိုက်ခံရမလား…
diz_admin
June 18, 2022လောင်းလုံးမြို့နယ်နှင့် ထားဝယ်မြို့နယ်တို့တွင် ဓားပြတိုက်ခံရမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။ စုံစမ်းရရှိထားသည့် အချက်အလက်များအရ မေလ ၁၇ ရက်မှ ဇွန်လ ၁၅ ရက်အထိ ရက်ပေါင်း ၃၀ အတွင်း လောင်းလုံးမြို့နယ်တစ်ခုတည်းတွင်ပင် ဓားပြတိုက်ခံခဲ့ရမှု ၆ ကြိမ်အထိ ရှိပြီဖြစ်သည်။ ယင်းမှာ စုံစမ်းရရှိထားသော အချက်အလက်များအရ သိရှိရခြင်းသာဖြစ်ပြီး ဓားပြတိုက်ခံရသူများမှာ အသက် အန္တရာယ်ခြိမ်းခြောက်ခံရမှုကြောင့် ထုတ်ဖော်ပြောကြားခြင်း မရှိပေရာ မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်ကြောင် တွေ့ရသည်။ ဓားပြတိုက်သည်ဆိုသော အသံမကြားရသည်မှာ နှစ်ပေါင်း ၅၀ ခန့်ရှိလာပြီဖြစ်သော ဒေသခံများအတွက် ယခုအခြေအနေအပေါ် စိုးရိမ်ထိတ်လန့်မှုများစွာ ခံစားနေကြရသည်။ ယခုအခြေအနေမှာ လုယက်ခံရမလား…… ဓားပြတိုက်ခံရမလား…… ဆိုသည်ကို အချိန်ပြည့် စိုးရိမ်နေကြရသည်။ ယင်းကြောင့် ယခုတစ်ပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ဒေသခံများ ကြုံတွေ့နေရသော အခြေအနေကို မေးမြန်းဖော်ပြအပ်ပါသည်။ […]