BREAKING
September 19, 2024

တနင်္သာရီပုံရိပ်

အမှိုက်နှင့်အတူ အကျင့်ကောင်းများ စွန့်ပစ်ခံလိုက်ရခြင်း

diz_admin

November 27, 2022

အမှိုက်နှင့်ပတ်သက်လျှင် ထားဝယ်မြို့မှာ ချီးမွှန်းခံရလေ့ရှိသည်။ အမှိုက်ကင်းစင်နေသည့် လမ်းမကြီးများက မနက်ခင်းတိုင်းကို ကြိုဆိုနေစမြဲပင်။ အာဆီယံ အသန့်ရှင်းဆုံးဆုရသည့်မြို့အဖြစ်လည်း ဂုဏ်ယူဝံ့ကြွားခဲ့ကြရသည်။ ထားဝယ်မြို့တွင် စနစ်တကျ စည်းကမ်းရှိရှိ အမှိုက်သိမ်း၊ အမှိုက်စွန့်သည့် အလေ့အထ ရာနှုန်းပြည့် မစွမ်းဆောင်‌နိုင်သေးသော်လည်း အရှိန်ရနေပြီဟု ဆိုနိုင်ပေသည်။ ချောင်း‌ထဲ၊ မြစ်ထဲ အမှိုက်မပစ်ကြရန် စောင့်ကြည့်သည့်အဖွဲ့များ၊ စည်းကမ်းမဲ့ အမှိုက်ပစ်လျှင် ဒဏ်ကြေးသတ်မှတ်ပြီး သတင်းပေးတဲ့သူကို ထက်ဝက်ခွဲပေးခြင်းတို့ လုပ်ခဲ့သည်။ ရပ်ကွက်တိုင်းတွင် အခကြေးငွေဖြင့် အမှိုက်သိမ်း လုပ်ငန်းများ ပေါ်လာရန်၊ အမှိုက် အစိုအခြောက် ခွဲခြားပစ်တတ်ရန်၊ ငယ်ငယ်ကတည်းက အမှိုက်စနစ်တကျစွန့်ပစ်တတ်ရန်၊ ဘုရားဖူးကားများပေါ်က အမှိုက်စွန့်ပစ်ခြင်းများကို ကြပ်မတ်ရန် စသည့် လက်တွေ့လုပ်ဆောင်မှုများဖြင့် အရှိန်ရနေခဲ့သည်။ ယင်းသို့ အရှိန်ရလာရန် လူအား၊ ငွေအားဖြင့် အချိန်ကုန်ခံ တည်ဆောက်လာခဲ့ကြရခြင်းဖြစ်သည်။ ထားဝယ်လူထုကြားထဲ အမှိုက်နှင့် ပတ်သတ်ပြီး […]

လုပ်ငန်းရှင်လောင်းမှ ရွှေ့ပြောင်းလုပ်သမားဘဝသို့ ပြန်ရောက်သွားသူများ

diz_admin

November 20, 2022

မွေးရပ်မြေကို စွန့်ခွာကာ နိုင်ငံရပ်ခြားတွင် ရွှေ့ပြောင်းအလုပ်သမားဘဝဖြင့် ဘဝကို ရုန်းကန်ခဲ့ကြရဖူးသည်။ အလုပ်လုပ်ရင်း ဥစ္စာလည်းရှာ အတတ်ပညာကိုလည်း ကြိုးပမ်းလေ့လာသင်ယူကာ မွေးရပ်မြေပြန် အခြေချချိန် ဘဝရပ်တည်နိုင်ရေး မျှော်လင့်ထားခဲ့ကြသည်။ ငွေကြေးအရင်းအနှီးလည်းရ၊ သက်မွေးဝမ်းကြောင်း အတတ်ပညာလည်းပါလာပြီးနောက် မွေးရပ်မြေ တနင်္သာရီတိုင်း ပြန်ရောက်ချိန်တွင် အိပ်မက်အတိုင်း လုပ်ငန်းငယ်ဖြင့် စတင်ရုန်းကန်ကြိုးပမ်းခဲ့ကြသည်။ တစ်စတစ်စ လုပ်ငန်း အခြေချ အောင်မြင်စပြုကာ လုပ်ငန်းရှင်လောင်းဘဝသို့ ရောက်ရှိတော့မည့်အချိန်တွင် ကံကြမ္မာငင်တော့သည်။ တစ်ကမ္ဘာလုံး ခံစားရသည့် ကိုဗစ်ကပ်ဘေးဒဏ်ကို တနင်္သာရီတိုင်းသားတို့လည်း ခံစားကြရသည်။ အောင်မြင်စ လုပ်ငန်းများ ရပ်နားခဲ့ကြရသည်။ ကိုဗစ်ငြိမ်စပြုပြီး အိပ်မက်များ တစ်ကျော့ပြန်ရှင်သန်တော့မည့်အချိန် အာဏာသိမ်းမှု ဖြစ်ပြန်သည်။ နိုင်ငံရေးမတည်ငြိမ်မှုတွင် လုပ်ငန်းများ ဖျက်ဆီးခံရသည်များရှိသလို အလုပ်မရှိတော့ခြင်းနှင့်လည်း ကြုံရတော့သည်။ ရှာဖွေစုဆောင်းထားသမျှကို စားသောက်ရင်း လုံးပါးပါးချိန်တွင် ယခင်ဘဝ ရွှေ့ပြောင်းအလုပ်သမားအဖြစ်သို့ ပြန်မသွားချင်တော့သော်လည်း တစ်ကျော့ပြန်သွားကြရပြန်တော့သည်။ […]

ကိုဗစ်၊ ကိုစစ်ကြားက သဘင်သည်များ

diz_admin

November 13, 2022

ကိုဗစ်ကူးစက်ရောဂါကြောင့် ရပ်နားထားရသည့် ဇာတ်ပွဲများမှာ ကိုဗစ်အလွန်တွင်လည်း ကိုစစ်ဟု ခေါ်ဆိုကြသည့် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော တိုက်ပွဲများ၊ နယ်မြေမအေးချမ်းမှုများကြောင့် ဇာတ်ကနိုင်ခြင်း မရှိကြသေးပေ။ ဇာတ်သဘင် လုပ်ငန်းများ ရပ်နေသည်မှာ ၃ နှစ်နီးပါးရှိလာသည်နှင့်အမျှ ဇာတ်ပွဲများကို မှီခိုနေကြရသည့် သဘင်သည်များမှာ စားဝတ်နေရေး အလွန်အမင်း ကျပ်တည်းလာကြပြီး ငတ်မည့်ဘေးကိုပင် ကြုံတွေ့နေကြရသည်။ အထူးသဖြင့် အောက်ခြေဇာတ်အဖွဲ့သားများမှာ ကာလရှည် ထိုင်စားနိုင်လောက်သည့် ငွေကြေးပိုင်ဆိုင် ထားကြသူများမဟုတ်ပေရာ ယခုအခြေအနေမှာ စားရမဲ့၊ သောက်ရမဲ့ အခြေအနေပင်ဆိုက်နေပြီဟု ဆိုကြသည်။ ဇာတ်သမားများတွင် လုပ်နိုင်ကိုင်နိုင်အရွယ်များမှာ ရရာအလုပ်လုပ်ပြီး စားဝတ်နေရေး ဖြေရှင်းနိုင်ကြသော်လည်း သက်ကြီးရွယ်အိုများနှင့် မလုပ်နိုင်မကိုင်နိုင် အရွယ်များ၊ သားသမီးနောက်ခံ မရှိသူများမှာ အလွန်ခက်ခဲနေကြရသည်။ ယင်းကြောင့် ယခုအပတ် တင်ဆက်မည့် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ဇာတ်သမားများ၏ အခက်အခဲများကို သိရှိနိုင်ကြစေရန် […]

ပွင့်လင်းရာသီ ခရီးသွားတွေ မလာတော့

diz_admin

November 6, 2022

မြန်မာနိုင်ငံ၏ ခရီးသွားမြို့တော်တစ်ခုဖြစ်သော တနင်္သာရီတိုင်းမှာ ကပ်ဘေးနှစ်ခုကြောင့် ခရီးသွားများ မလာကြတော့ပေ။ ခရီးသွားဧည့်သည်များကို မှီခိုရပ်တည်ကြသည့် လုပ်ငန်းများမှာလည်း ရပ်ဆိုင်းကုန်ကြပြီဖြစ်သည်။ ကိုဗစ်အလွန်ကာလတွင် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းတွင် ခရီးသွားဧည့်သည်များနှင့် စည်ကားနေပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ အာဏာသိမ်းမှုနောက်ဆက်တွဲ ပဋိပက္ခအခြေအနေများကြောင့် ပြည်ပခရီးသွားများ လာရောက်ခြင်းမရှိကြသလို ပြည်တွင်းခရီးသွားများလည်း မရှိသလောက်ဖြစ်နေသည်။ ယင်းကြောင့် တနင်္သာရီတိုင်းသို့ လာရောက်သည့် ပြည်တွင်း၊ပြည်ပဧည့်သည်များမှာလည်း မရှိတော့ပေ။ တိုင်းအတွင်းရှိ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများမှာ ဆက်လက်ရပ်တည်ရန် ခက်ခဲလှသည့် အခြေအနေဖြင့် ရင်ဆိုင်နေကြရသည်။ အထူးသဖြင့် ခရီးသွားများကို တိုက်ရိုက်မှီခိုကာ လုပ်ကိုင်ကြသည့် စျေးသည်များ၊ တောင်တက်ကားသမားများမှာ ဝင်ငွေမရှိသလောက်ပင် ဖြစ်ကုန်ကြသည်။ ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။ “ကမ်းခြေရှိရင်ထမင်းမငတ်ဘူးလို့ ထင်ထားတာ” မောင်းမကန် ကမ်းခြေ ခေါင်းရွက်ဗျတ်ထိုးဈေးသည် DW ။ အဒေါ်က အရင်က […]

ထိုင်းထွက်ကြလို့ ရော်ဘာမခြစ်တော့

diz_admin

October 30, 2022

တိုင်းပြည်တည်ငြိမ်မှု မရှိသည့်အပြင် နယ်မြေမအေးချမ်းမှုများကြောင့် တနင်္သာရီတိုင်းအတွင်း နေထိုင်သူများမှာ ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံတို့သို့ သွားရောက်ကာ အလုပ်လုပ်ကိုင်နေကြသည်။ အလုပ်လုပ်နိုင်သည့် အသက်အရွယ်ဖြစ်သော လူငယ်၊လူရွယ်များမှာ တိုင်းအတွင်းမရှိကြတော့ပေ။ ယင်းသို့ပင် တိုင်းပြင်ပမှ လာရောက်လုပ်ကိုင်သူများမှာလည်း နယ်မြေမအေးချမ်းသဖြင့် လာရောက် လုပ်ကိုင်ကြခြင်း မရှိတော့ပေ။ ယင်းကြောင့် တနင်္သာရီတိုင်းအတွင်း အလုပ်သမားရှားပါးမှုများ ဖြစ်ပေါ်နေသည်။ အထူးသဖြင့် မိုးရာသီအကုန် ပွင့်လင်းရာသီတွင် ဥယျာဉ်ခြံလုပ်ငန်း၊ ရာဘာခြစ်လုပ်ငန်း၊ လယ်ယာလုပ်ငန်းများ ပြန်လည်စတင်နေပြီဖြစ်သောကြောင့် အလုပ်သမား ငှားရမ်းရခက်ခဲမှုများကို  ပိုမိုကြုံတွေ့လာရသည်။ အဆိုပါအခြေအနေများကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။ “ထိုင်းကိုထွက်တဲ့သူတွေပေါလို့ အလုပ်သမားငှားဖို့ ခက်လာတာလေ” ထားဝယ်မြို့နယ် ရော်ဘာခြံပိုင်ရှင်တစ်ဦး DW ။ ရော်ဘာရာသီစပြီဆိုတော့ အစေးခြစ်တာတွေ လုပ်နေပြီလား။ ဖြေ ။ အစေးကတော့ခြစ်တော့စခြစ်နေပြီ။ ဒါပေမဲ့ လုပ်လို့မနှံ့ဘဲဖြစ်နေတယ်။ လူ(အလုပ်သမား) ကနည်းပြီးတော့ […]

ကိုဗစ်လှိုင်းဒဏ် ခံနေရပြီလား

diz_admin

October 23, 2022

ဆောင်းရာသီဝင်ရောက် လာချိန်တွင် ရာသီအကူးအပြောင်းတွင် ဖြစ်လေ့ဖြစ်ထရှိသော ဖျားနာမှုနှင့်အတူ ကိုဗစ်နိုင်တင်းရောဂါ တစ်ကျော့ပြန်ဖြစ်ပွားလာနေသည်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း ကိုဗစ်ကူးစက်ခံရသူများ ဆက်တိုက်တွေ့ရှိလာပြီး သေဆုံးမှုများလည်း ဖြစ်ပေါ်နေသည်။ တနင်္သာရီတိုင်း ထားဝယ်မြို့တွင် အောက်တိုဘာ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၄ ရက်အတွင်း ကိုဗစ်ဖြင့် သေဆုံးသူရှစ်ဦးအထိ ရှိလာပြီဖြစ်ကြောင်း  နာရေးကူညီမှုအသင်း (ထားဝယ်)ထံက သိရသည်။ ယင်းသေဆုံး သူများတွင် အသက် ၆ လအရွယ်ကလေးအပါအဝင် ကလေး ၂ ဦးနှင့် အသက် ၆၈ နှစ်မှ ၉၂ နှစ်ကြားသက်ကြီးရွယ်အိုများ ပါဝင်သည်။ အိမ်တိုင်းနီးပါးတွင်လည်း ဖျားနာမှုများ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေပြီး ကျန်းမာရေး စောင့်ရှောက်မှုလည်း လုံလောက်မှုမရှိသည့် အခြေအနေဖြစ်နေသည်။ ယင်းကြောင့် တောင်ပိုင်းသားများ ကြုံတွေ့နေရသည့် ဖျားနာနေမှုနှင့် ကိုဗစ်အခြေအနေကို သိရှိနိုင်စေရန် […]