BREAKING
September 19, 2024

တနင်္သာရီပုံရိပ်

သတ်သေမှုတွေ များလာတာ

diz_admin

January 8, 2023

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် စီးပွားရေးကျပ်တည်းမှု၊ စိတ်မလုံခြုံမှုနှင့် အနာဂတ်ပျောက်ဆုံးမှုများကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများ ပိုများလာနေသည်။ တနင်္သာရီတိုင်းထဲတွင်လည်း ယင်းသို့သတ်သေသည့် ဖြစ်စဉ်များ ပိုများလာနေသည်။ သတ်သေမှုများတွင် ကြိုးဆွဲချသတ်သေမှု၊ မြက်သတ်ဆေးသောက်သေဆုံးမှု၊ တံတားပေါ်က ခုန်ချမှု စသဖြင့် ပုံစံမျိုးစုံဖြင့် သတ်သေမှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။ ယင်းကြောင့် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် သတ်သေမှုဖြစ်ပွားရသည့် အခြေအနေများကို မေးမြန်းဖော်ပြအပ်ပါသည်။ “ရေတွင်းထဲလည်း ခုန်ချခဲ့ဖူးတယ်” သတ်သေဖို့ကြိုးစားခဲ့တဲ့ CDM ကျောင်းဆရာမတစ်ဦး DW ။ ဘယ်လိုအခြေအနေကြောင့် သတ်သေဖို့ ကြိုးစားတဲ့အထိဖြစ်ရတာလဲ။ ဖြေ ။ အကြောင်းအမျိုးမျိုးပေါ့။ အိမ်ထောင်ရေး စားဝတ်နေရေး၊ အစစအရာရာပါပဲ ပြန်ပြောပြရင် စကားလုံးတောင်မရှိတော့ပါဘူး။ အဲဒီအချိန်တုန်းက အဲဒီအခက်အခဲကနေ လွတ်မြောက်ဖို့ပဲတွေးတယ်။ တစ်နာရီပြီး တစ်နာရီ။ တစ်နေ့ပြီး တစ်နေ့ပေါ့။ တော်တော်လေးလည်း ကြောက်စရာကောင်းပါတယ်။ ဘဝမှာတစ်ခါမှ […]

နှစ်သစ်ကို ကြိုချင်ကြလား

diz_admin

December 31, 2022

ဒီဇင်ဘာလ ၃၁ ရက်နေ့ရောက်ပြီဆိုလျှင် ကမ္ဘာနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း လူငယ်၊ လူကြီး၊ လူလတ်မရွေး အားလုံး နှစ်သစ်ကိုကြိုဖို့ လှုပ်လှုပ်ရှားရှား ဖြစ်နေကြပေပြီ။ သို့သော် မြန်မာနိုင်ငံသားတွေ နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင် မဖြတ်သန်းနိုင်ကြ။ စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ဖြစ်ပေါ်လာသည့် ပဋိပက္ခကြောင့် ဒေသအတော်များများတွင် အေးချမ်းမှုမရှိ။ တောထဲရောက်နေသူ၊ ထောင်ထဲရောက်နေသူ၊ ပြည်ပထွက်ခွာသွားသူ၊ တော်လှန်ရင်း ကျဆုံးသွားသူ စသဖြင့် အကွဲကွဲအပြားပြား။ ယခုနှစ်တွင်တော့ နှစ်သစ်ကို ကြိုလိုသူ နည်းလှမည်။ အရင်အချိန်တွေကို ပြန်တမ်းတရင်း လွမ်းနေသူတွေက ပိုများလှမည်ထင်သည်။ ယင်းကြောင့် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ‘နှစ်သစ်ကို ဘယ်လိုဖြတ်သန်းကြမလဲ’ ဆိုသည်ကို မေးမြန်းဖော်ပြလိုက်ပါသည်။ “အခုဆို နှစ်သစ်ကို မကြိုဆိုတာ ၂ နှစ်ရှိပြီ။ ဒီနှစ်ပါဆိုရင် သုံးနှစ်ပေါ့” မြိတ်မြို့နေ အသက် ၃၀ နှစ်ရှိ […]

တနင်္သာရီတိုင်းက ခရီးသွားလုပ်ငန်းတွေ ပြန်စတော့မလား

diz_admin

December 27, 2022

တနင်္သာရီတိုင်းတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် စစ်ကောင်စီက ကြိုးပမ်းလုပ်ဆောင်နေသည်။ မြိတ်နှင့် ကော့သောင်းတွင်း ခရီးသွားလုပ်ငန်းအချို့ ပြန်စနေပြီဖြစ်သော်လည်း ထားဝယ်ခရိုင်တွင်မူ ခရီးသွားလုပ်ငန်းများ ရာနှုန်းပြည့်ရပ်တန့်နေဆဲဖြစ်သည်။ ထားဝယ်ခရိုင်မှာ တနင်္သာရီတိုင်းအတွင်း အာဏာရှင်စနစ်ကို အပြင်းထန်ဆုံး တော်လှန်နေသဖြင့် ပဋိပက္ခဖြစ်ပွားမှု အများဆုံးဒေသတစ်ခုဖြစ်ပြီး ခရီးသွားလုပ်ငန်းများလည်း ရာနှုန်းပြည့်ရပ်နားနေခြင်းဖြစ်သည်။ ခရီးသွားလုပ်ငန်းများ အခြေအနေကို သိရှိနိုင်စေရန် ယခုအပတ် တနင်္သာရီ ပုံရိပ်အစီအစဉ်တွင် ဖော်ပြအပ်ပါသည်။ “နယ်မြေတစ်ခု မအေးချမ်းရင် ဘယ်သူမှ စွန့်စားပြီးမလာကြဘူး” ထားဝယ်မြို့က ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်တစ်ဦး DW ။ အစ်ကိုတို့ ကုမ္ပဏီအကြောင်းလေး အရင်ဆုံးပြောပြပေးပါ။ ဖြေ ။ အရင်ကဆိုရင် ကော့သောင်းကနေ ထားဝယ်အထိ ခရီးသွား ဝန်ဆောင်မှုတွေ ပေးတယ်။ ကော့သောင်းနဲ့ မြိတ်ဆိုရင် ကျွန်းတွေကိုပို့ပေးမယ်။ ထားဝယ်မှာဆိုရင် ပင်လယ်ခရီးသွား လုပ်ငန်းရှိမယ်။ ရှင်ကိုးရှင်ဘုရားဖူးပို့တာရှိမယ်။ DW ။ […]

တံခါးပိတ်ထားတဲ့ အိမ်လေးတွေ

diz_admin

December 18, 2022

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်မှာ ၂ နှစ်နီးပါးရှိလာပြီဖြစ်သည်။ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲဂယက်အဖြစ် ပဋိပက္ခနှင့် အထွေထွေအကျပ်အတည်းဒဏ်ကို ပြည်သူများခံစားနေကြရပြီး နယ်ဒေသများတွင် ပိတ်ထားသည့် အိမ်လေးများ တိုးတိုးလာခဲ့ပြီဖြစ်သည်။ နယ်ဒေသမှသူများအတွက် အိမ်ဆိုသည်က အဓိပ္ပါယ်လေးနက်လွန်းလှသည်။ သူတို့တစ်ဘဝလုံး အားထုတ်ခဲ့သမျှမှာ ခြံလေးဝန်းလေးနှင့် အိမ်လေးတစ်လုံး အတွက်ပင်ဖြစ်သည်။ အခုတော့ သူတို့တန်ဖိုးထားလှသည့် အိမ်လေးများကိုပိတ်ပြီး စွန့်ခွာသွားနေကြရသည်။ အိမ်လေးတွေ တံခါးပိတ်ပြီး စွန့်ခွာသွားရသူများတွင် အကြောင်းပြချက် အမျိုးမျိုးရှိကြသော်လည်း မူလရင်းမြစ်မှာ အာဏာသိမ်းမှုပင်ဖြစ်သည်။ တနင်္သာရီတိုင်းရှိ ကျေးလက်ဒေသများတွင်လည်း ပိတ်ထားသော အိမ်လေးများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေသည်။ ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ပိတ်ထားသော အိမ်‌လေးများ၏ ပိုင်ရှင်အချို့ကို တွေ့ဆုံကာ ဖော်ပြလိုက်ပါသည်။ “တစ်ရွာတည်းနေပြီး သူများမိသားစုဘဝကို ဖျက်ဆီးချင်ကြတဲ့သူတွေလေ” ထားဝယ်က NLD ပါတီဝန်းရံသူတစ်ဦး စစ်ကောင်စီအဖွဲ့နှင့် လက်အောက်ခံပျူစောထီးအဖွဲ့များရန်ကြောင့် ထွက်ပြေးနေရသူ။ DW ။ […]

ဥတုဘေးနဲ့ တောင်ပိုင်းသားများ

diz_admin

December 11, 2022

မုတ်သုန်ဆုတ်သွားသည်မှာ ရက်ပေါင်း ၄၀ ခန့်ရှိသော်လည်း တနင်္သာရီတိုင်းတွင် မိုးရာသီအလား မိုးရွာသွန်းမှုများရှိနေသည်။ တနင်္သာရီတိုင်းမှာ ယခင်က မိုးများသည့်ဒေသတစ်ခု ဖြစ်သော်လည်း ဥတုဖောက်ပြန်မှုများကြောင့် လွန်ခဲ့သည့် ဆယ်နှစ်‌ကျော်တုန်းက အခြေအနေမျိုး မဟုတ်ဘဲ မိုးရွာသွန်းမှု ပုံစံများပြောင်းလဲလာနေသည်။ တနင်္သာရီတိုင်းတွင် ၂၀၁၁ ခုနှစ်က မိုးရေချိန် ၂၀၀ လက်မအထိရှိခဲ့သော်လည်း ၂၀၂၀ တွင် ၁၅၀ လက်မသာရှိတော့သည်။ ယင်းသို့ပင် မိုးရွာရက်မှာလည်း တစ်နှစ်ကို အရင်က ရက်ပေါင်း ၁၆၀ ခန့်ရွာလေ့ရှိ‌သော်လည်း ယခုတွင်တော့တစ်နှစ် ၁၃၅ ရက်ခန့်သာ ရွာတော့သည်။ ယခုနှစ်တွင်တော့ မိုးလွန်ကာလတွင် မိုးကောင်းနေပြန်သည်။ ပျက်စီးလာသည့် သဘာဝပတ်ဝန်းကျင် အခြေအနေပေါ်မူတည်ပြီး ရာသီဥတုများလည်း ဖောက်ပြန်လာသည်ဖြစ်ရာ ပြောင်းလဲလာသည့် ဥတုရာသီ အခြေအနေအပေါ် သိရှိနားလည်မှသာ ဆုံးရှုံးမှုနည်းနည်းဖြင့် လုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။ မိုးလွန်ကာလ မိုးကောင်းမှုကြောင့် […]

“ဟန့်တားဖို့မသင့်တဲ့ ပညာသင်ကြားခွင့်”

diz_admin

December 4, 2022

ကလေးသူငယ်နှင့် လူငယ်များအားလုံးတွင် ပညာသင်ယူရန်အခွင့်အရေးရှိပြီး မိဘများတွင်လည်း မိမိရင်သွေးအတွက် ပညာသင်ယူခြင်းနည်းလမ်းများကို ရွေးချယ်ခွင့်ရှိပါသည်ဟု Save the Children၊ UNESCO နှင့် UNICEF တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ပါရှိသည်။ ယင်းအပြင် ကျောင်းသူ၊ကျောင်းသားများ၊ ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများ အနေဖြင့်လည်း ဂုဏ်သိက္ခာရှိစွာသင်ကြားခွင့်၊ သင်ယူခွင့်ရရှိရန် လိုအပ်ပြီး ပညာသင်ကြားရာ နေရာများ ဘေးကင်းလုံခြုံမှုရှိရန်မှာလည်း အလွန်အရေးကြီးကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ ပညာရေးနှင့်ပတ်သက်သော ဆုံးဖြတ်ချက်များချမှတ်ရာတွင် ကလေးများအတွက် အကျိုးအရှိဆုံးဖြစ်ရေးကို အဓိကထား စဉ်းစားရပါမည်ဟုလည်း ဖော်ပြထားသည်။ သို့သော် လက်ရှိမြန်မာနိုင်ငံတွင်တော့ ကလေးငယ်များ၏ ပညာသင်ကြားခွင့်မှာ နည်းမျိုးစုံဖြင့် ဟန့်တားနှောင့်ယှက်ခံနေရသည်။ မကြာသေးမီက မကွေးတိုင်းရှိ NUG  ကျောင်းဆရာတစ်ဦး ခေါင်းဖြတ်သတ်ခံရမှု၊ ပဋိပက္ခဒေသရှိ စာသင်ကျောင်းများ မီးရှို့ခံရမှု၊ NUG နှင့် ဆက်စပ်အဖွဲ့များတွင် စာသင်နေသည့် ဆရာ၊ဆရာမများကို လိုက်လံဖမ်းဆီးမှုများရှိနေသည်။ ယင်းသို့ပင် တစ်ဖက်တွင်လည်း စစ်ကောင်စီက ဖွင့်သည့်ကျောင်းများတွင် စာသင်နေသည့် ဆရာ၊ဆရာမများကို ခြိမ်းခြောက်မှု၊ […]