ထိုင်းထွက်ကြလို့ ရော်ဘာမခြစ်တော့
diz_admin
October 30, 2022တိုင်းပြည်တည်ငြိမ်မှု မရှိသည့်အပြင် နယ်မြေမအေးချမ်းမှုများကြောင့် တနင်္သာရီတိုင်းအတွင်း နေထိုင်သူများမှာ ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံတို့သို့ သွားရောက်ကာ အလုပ်လုပ်ကိုင်နေကြသည်။ အလုပ်လုပ်နိုင်သည့် အသက်အရွယ်ဖြစ်သော လူငယ်၊လူရွယ်များမှာ တိုင်းအတွင်းမရှိကြတော့ပေ။ ယင်းသို့ပင် တိုင်းပြင်ပမှ လာရောက်လုပ်ကိုင်သူများမှာလည်း နယ်မြေမအေးချမ်းသဖြင့် လာရောက် လုပ်ကိုင်ကြခြင်း မရှိတော့ပေ။ ယင်းကြောင့် တနင်္သာရီတိုင်းအတွင်း အလုပ်သမားရှားပါးမှုများ ဖြစ်ပေါ်နေသည်။ အထူးသဖြင့် မိုးရာသီအကုန် ပွင့်လင်းရာသီတွင် ဥယျာဉ်ခြံလုပ်ငန်း၊ ရာဘာခြစ်လုပ်ငန်း၊ လယ်ယာလုပ်ငန်းများ ပြန်လည်စတင်နေပြီဖြစ်သောကြောင့် အလုပ်သမား ငှားရမ်းရခက်ခဲမှုများကို ပိုမိုကြုံတွေ့လာရသည်။ အဆိုပါအခြေအနေများကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။ “ထိုင်းကိုထွက်တဲ့သူတွေပေါလို့ အလုပ်သမားငှားဖို့ ခက်လာတာလေ” ထားဝယ်မြို့နယ် ရော်ဘာခြံပိုင်ရှင်တစ်ဦး DW ။ ရော်ဘာရာသီစပြီဆိုတော့ အစေးခြစ်တာတွေ လုပ်နေပြီလား။ ဖြေ ။ အစေးကတော့ခြစ်တော့စခြစ်နေပြီ။ ဒါပေမဲ့ လုပ်လို့မနှံ့ဘဲဖြစ်နေတယ်။ လူ(အလုပ်သမား) ကနည်းပြီးတော့ […]