BREAKING
September 19, 2024

တနင်္သာရီပုံရိပ်

ဝယ်ရလွယ်ပြီး စျေးပေါလာတဲ့ မူးယစ်ဆေး

diz_admin

February 19, 2023

တနင်္သာရီတိုင်းတွင် မူးယစ်ဆေးသုံးသူ အလွန်ပေါများလာနေသည်။ WY စိတ်ကြွဆေးပြားနှင့် ရေခဲဟုခေါ်သည့် Ice တို့မှာ ဝယ်ယူရ အလွန်လွယ်ကူလာသည်။ ယင်းကြောင့်ပင် ဆေးသုံးသူများမှာ နေရာအနှံ့တွေ့လာနေရသည်။ အာဏာမသိမ်းမီအချိန်က WY စိတ်ကြွဆေးတစ်ပြားလျှင် ၂၅၀၀ ကျပ်ဈေးရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ် ရှိ‌တော့သလို ဝယ်ယူရလည်း လွယ်ကူလာသည်။ ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ကျေးရွာတို့တွင် ဆေးတစ်ပြား ၅၀၀ ကျပ်သာရှိသည်။ သို့သော် သက်ဆိုင်ရာတို့မှ ဖမ်းဆီးရမိသည့်အချိန်တွင် ဆေးတစ်ပြားလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်လေ့ရှိသည်။ ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့များက မကြာခဏ ဝင်ဖမ်းလေ့ရှိသည်မှအပ မူးယစ်ဆေးရောင်းသူများကို ဖမ်းဆီးသူမရှိပေ။ ယင်းကြောင့်ပင် ဆေးများကို အလွယ်တကူဝယ်နိုင်သလို ဖမ်းဆီးမှုနည်၍ စျေးလည်းပေါလာခြင်းဖြစ်သည်။ ယင်းအခြေအနေများကို သိရှိနိုင်ရန် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။ “အခုက ငါးထောင်ဖိုးလောက်ဝယ်တာနဲ့တင် သုံးလို့အဆင်ပြေနေပြီ” DW ။ လူငယ် တွေကြားထဲမှာမူးယစ်ဆေးပျံနှံမှု အခြေအနေဘယ်လိုရှိလဲ။ […]

စစ်အုပ်ချုပ်ရေးနှင့် တနင်္သာရီ

diz_admin

February 12, 2023

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အကြာတွင် မြန်မာနိုင်ငံရှိ မြို့နယ် ၃၇ ခုကို စစ်အုပ်ချုပ်ရေး အဖြစ်ကြေညာလိုက်သည်။ စစ်အုပ်ချုပ်ရေး ကြေညာသည့် မြို့နယ်များတွင် တနင်္သာရီတိုင်းမှ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့ ပါဝင်ခဲ့သည်။ ယင်းမြို့နယ်များမှာ တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်များ အားကောင်းသည့် ဒေသများလည်းဖြစ်သည်။ စစ်အုပ်ချုပ်ရေး ကြေညာအပြီးတွင် ယင်းမြို့နယ်များ၌ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီး တိုက်ပွဲများနှင့်အတူ နေအိမ်မီးရှို့မှုများလည်း ပိုမိုဖြစ်ပွားလာနေသည်။ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနှင့်အတူ ညမထွက်ရအမိန်လည်း ထုတ်ပြန်လိုက်ရာ ဒေသခံပြည်သူများမှာ အခက်အခဲ အကျပ်အတည်း ပိုမိုကြုံတွေ့လာကြရသည်။ ယင်းအခြေအနေများကို သိရှိနိုင်စေရန်အတွက် ယခုအပတ် ‘တနင်္သာရီပုံရိပ်’ အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။ “အခြေအနေက ပိုဆိုးလာတယ်။ တိုက်ပွဲတွေ နေ့တိုင်းဖြစ်လာနေတယ်” ပုလောမြို့နယ်၊ မင်းထိန်ရွာသားတစ်ဦး DW ။  မာရှယ်လောထုတ်ပြီးတဲ့နောက် ရွာမှာအခြေအနေ ဘယ်လိုရှိလဲ။ ဖြေ […]

အာဏာသိမ်းအပြီး ၂ နှစ်အကြာ

diz_admin

February 5, 2023

စစ်တပ်က အာဏာသိမ်းခဲ့သည့်မှာ ၂ နှစ်ကျော်ရှိလာပြီဖြစ်သည်။ ယင်းကာလအတွင်း ပြည်တွင်းပဋိပက္ခများ ပိုမိုဖြစ်ပွားလာနေပြီး ဒေသအများစုတွင် တိုက်ပွဲများဖြစ်ပွားလာနေသည်။ တနင်္သာရီတိုင်းတွင်လည်း စီးပွားရေး လုပ်ငန်းအများစုရပ်တန့်နေသလို၊ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူ၊ လုံခြုံရေးအရ နေရပ်စွန့်ခွာ ထွက်ပြေးနေထိုင်ရသူ အများအပြားရှိနေသည်။ ပဋိပက္ခဒေသအတွင်းရှိ ပြည်သူများမှာ အသက်ဘေး အချိန်မရွေးကျရောက်လာနိုင်သဖြင့် ကျီးလန့်စာစားနေထိုင် ကြရသည့်အပြင် စီးပွားရေး အခက်အခဲများ ပိုမိုကြုံတွေ့လာနေရသည်။ ယင်းအခြေအနေများကို သိရှိနိုင်စေရန်အတွက် နယ်ပယ်အသီးအသီးတွင် ရှိနေသူများကို တွေ့ဆုံမေးမြန်းကာ ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။ “အားလုံး ထိတ်ထိတ်လန့်လန့်နဲ့ပဲ နေနေရတယ်” သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးကျေးရွာမှ အမျိုးသမီးတစ်ဦး DW ။ အာဏာမသိမ်းခင်ကနဲ့ အာဏာသိမ်းပြီးကာလ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေစသဖြင့် ဘာတွေ ကွာခြားသွားလဲ။ ဖြေ ။ ကွာခြားတာကတော့ အစစအရာရာ […]

တံတားတွေပိတ်စစ်လို့ ဒုက္ခပိုကြီးလာတဲ့ ပြည်သူတွေ

diz_admin

January 29, 2023

စစ်ကောင်စီတပ်က လုံခြုံရေးကြောင့်ဆိုကာ တံတားများရုတ်တရက်ပိတ်ကာ နာရီပေါင်းများစွာ ကြာအောင် စစ်ဆေးမှုများကြောင့် ပြည်သူများ အခက်အခဲများစွာ ကြုံတွေ့လာရသည်။ ယခုနောက်ပိုင်း တနင်္သာရီတိုင်းအတွင်းရှိ မြို့များတွင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြကာ တံတားများ မကြာခဏပိတ်ဆို့ စစ်ဆေးမှုများရှိလာနေသည်။ ကျန်းမာရေးအတွက် အရေးပေါ်မြို့တက်ရမည့် လူနာများမှာ တံတားပိတ်သည်ကို ကြုံရပါက အသက်အန္တရာယ် ကျရောက်မည့် အခြေအနေသို့ပင် ရောက်ရှိသွားနိုင်သည်။ ယင်းသို့ပင် တိုက်ပွဲဖြစ်ဒေသများတွင် အစစ်အဆေးတင်းကျပ်ထားခြင်း၊ ရိက္ခာသယ်ဆောင်ခွင့် ကန့်သတ်ခြင်းများလည်း ပိုမိုပြုလုပ်လာရာ ဒေသခံများမှာ အခက်အခဲအကျပ်အတည်း ပိုမိုကျရောက် လျက်ရှိနေသည်။ ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။ “လူတစ်ယောက် ဆယ်ပြည်ဝင် တစ်အိတ်ပဲပေးသယ်တယ်” ပုလောမြို့ဒေသခံ DW ။ ပုလောမြို့ကို ဝင်မယ်ဆိုရင် ဘယ်နေရာတွေမှာ စစ်ဆေးနေလဲ ဘာတွေကို အဓိကစစ်ဆေးလဲ။ ဖြေ ။ […]

အားကိုးရာမဲ့ ပြည်သူတွေ

diz_admin

January 22, 2023

စစ်တပ်အာဏာသိမ်းမှုမှာ ၂ နှစ်နီးပါးရောက်ရှိလာချိန်တွင် ဒေသအများအပြားတွင် မတည်ငြိမ်မှု၊ ခိုး၊ဆိုး၊လုယက်၊ဓားပြတိုက်မှု၊ အသတ်ခံရမှု ဖြစ်စဉ်များ ဖြစ်ပွားနေသည်။ ပြည်သူလူထုမှာ အခြေခံလူ့အခွင့်အရေးပင် မရတော့ဘဲ မြင်မြင်ရာ ကြောက်နေရသည့် အခြေအနေကို ဆိုက်ရောက်လာသည်။ ယင်းအပြင် မတရားအနိုင်ကျင့်ခံရပါက မည်သည့်အဖွဲ့ကို တိုင်ရမည်ဆိုသည်ကိုပင် မသိကြတော့။ တရားဥပဒေဆိုသည်မှာ စာအုပ်ထဲတွင်သာ ရှိတော့သည်။ ပြည်သူလူထုမှာ ဘယ်အချိန် အလုခံရမလဲ၊ အသတ်ခံရမလဲ၊ တရားမဲ့စစ်ဆေးခံရမလဲ စသဖြင့် အကြောက်တရားဖြင့် နေနေရသလို ဖြစ်လာရင်လည်း ကံကိုပုံချကာ အံကြိတ်ခံနေကြရသည်။ ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် ယခုအပတ်တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။ “ကားသမားဘဝက အရင်ကထက်ပိုပြီး အသက်အန္တရာယ်နဲ့ နီးစပ်လာတယ်” ခရီးသည်တင်ကားသမားတစ်ဦး DW ။ ပထမဆုံး ရန်ကုန်ကို တစ်လ ဘယ်နှစ်ခေါက်ဆွဲနေရလဲ။ အဆင်ပြေရဲ့လားဆိုတာလေး ပြောပြပေးပါ။ ဖြေ ။ ဘယ်နှစ်ခေါက်ဆိုတာမျိုး […]

‘ပြည်သူ့အိမ်တွေ ဘာလို့မီးရှို့နေတာလဲ’

diz_admin

January 15, 2023

စစ်တပ်က အာဏာသိမ်းပြီးချိန်မှ ၂၀၂၂ ခုနှစ်အောက်တိုဘာလကုန်အထိ တစ်နိုင်ငံလုံးတွင် နေအိမ်၊ အဆောက်အအုံ ပေါင်း ၃၈၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ISP ။ Myanmar ၏ စစ်တမ်းတွင် ဖော်ပြထားသည်။ ပြည်သူလူထု၏ နေအိမ်များကိုမီးရှို့မှုမှာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် အများဆုံးဖြစ်နေရာမှ မြန်မာနိုင်ငံတောင်ဘက်အစွန်း တနင်္သာရီတိုင်းဘက်သို့ မီးရှို့မှုများ ကူးစက်လာနေသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိ တနင်္သာရီတိုင်းအတွင်း အရပ်သားနေအိမ် ၁၈၈ လုံး မီးရှို့ဖျက်ဆီးခံထားရသည်။ ယခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ပုလောမြို့နယ် တိုရွာ၊ တန်းရှင်းရွာနှင့် သင်္ကန်းတောရွာ တိုက်ပွဲအတွင်း လူနေအိမ် အနည်းဆုံး ၆၉ လုံး  မီးရှို့ခံခဲ့ရသည်။ အရပ်သားနေအိမ် မီးရှို့မှုမှာ ပြည်သူလူထုကို အကြောက်တရား ဖြစ်ပေါ်လာစေရေးအတွက် ဗျူဟာတစ်ရပ်ချမှတ်ပြီး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ ကျေးလက်နေပြည်သူများမှာ နေအိမ်တစ်လုံးဖြစ်လာစေရေးအတွက် အနှစ်နှစ်အလလ […]