တနင်္သာရီတိုင်းက ခရီးသွားလုပ်ငန်းတွေ ပြန်စတော့မလား
diz_admin
December 27, 2022တနင်္သာရီတိုင်းတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် စစ်ကောင်စီက ကြိုးပမ်းလုပ်ဆောင်နေသည်။ မြိတ်နှင့် ကော့သောင်းတွင်း ခရီးသွားလုပ်ငန်းအချို့ ပြန်စနေပြီဖြစ်သော်လည်း ထားဝယ်ခရိုင်တွင်မူ ခရီးသွားလုပ်ငန်းများ ရာနှုန်းပြည့်ရပ်တန့်နေဆဲဖြစ်သည်။ ထားဝယ်ခရိုင်မှာ တနင်္သာရီတိုင်းအတွင်း အာဏာရှင်စနစ်ကို အပြင်းထန်ဆုံး တော်လှန်နေသဖြင့် ပဋိပက္ခဖြစ်ပွားမှု အများဆုံးဒေသတစ်ခုဖြစ်ပြီး ခရီးသွားလုပ်ငန်းများလည်း ရာနှုန်းပြည့်ရပ်နားနေခြင်းဖြစ်သည်။ ခရီးသွားလုပ်ငန်းများ အခြေအနေကို သိရှိနိုင်စေရန် ယခုအပတ် တနင်္သာရီ ပုံရိပ်အစီအစဉ်တွင် ဖော်ပြအပ်ပါသည်။ “နယ်မြေတစ်ခု မအေးချမ်းရင် ဘယ်သူမှ စွန့်စားပြီးမလာကြဘူး” ထားဝယ်မြို့က ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်တစ်ဦး DW ။ အစ်ကိုတို့ ကုမ္ပဏီအကြောင်းလေး အရင်ဆုံးပြောပြပေးပါ။ ဖြေ ။ အရင်ကဆိုရင် ကော့သောင်းကနေ ထားဝယ်အထိ ခရီးသွား ဝန်ဆောင်မှုတွေ ပေးတယ်။ ကော့သောင်းနဲ့ မြိတ်ဆိုရင် ကျွန်းတွေကိုပို့ပေးမယ်။ ထားဝယ်မှာဆိုရင် ပင်လယ်ခရီးသွား လုပ်ငန်းရှိမယ်။ ရှင်ကိုးရှင်ဘုရားဖူးပို့တာရှိမယ်။ DW ။ […]