ဝယ်ရလွယ်ပြီး စျေးပေါလာတဲ့ မူးယစ်ဆေး
diz_admin
February 19, 2023တနင်္သာရီတိုင်းတွင် မူးယစ်ဆေးသုံးသူ အလွန်ပေါများလာနေသည်။ WY စိတ်ကြွဆေးပြားနှင့် ရေခဲဟုခေါ်သည့် Ice တို့မှာ ဝယ်ယူရ အလွန်လွယ်ကူလာသည်။ ယင်းကြောင့်ပင် ဆေးသုံးသူများမှာ နေရာအနှံ့တွေ့လာနေရသည်။ အာဏာမသိမ်းမီအချိန်က WY စိတ်ကြွဆေးတစ်ပြားလျှင် ၂၅၀၀ ကျပ်ဈေးရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ် ရှိတော့သလို ဝယ်ယူရလည်း လွယ်ကူလာသည်။ ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ကျေးရွာတို့တွင် ဆေးတစ်ပြား ၅၀၀ ကျပ်သာရှိသည်။ သို့သော် သက်ဆိုင်ရာတို့မှ ဖမ်းဆီးရမိသည့်အချိန်တွင် ဆေးတစ်ပြားလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်လေ့ရှိသည်။ ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့များက မကြာခဏ ဝင်ဖမ်းလေ့ရှိသည်မှအပ မူးယစ်ဆေးရောင်းသူများကို ဖမ်းဆီးသူမရှိပေ။ ယင်းကြောင့်ပင် ဆေးများကို အလွယ်တကူဝယ်နိုင်သလို ဖမ်းဆီးမှုနည်၍ စျေးလည်းပေါလာခြင်းဖြစ်သည်။ ယင်းအခြေအနေများကို သိရှိနိုင်ရန် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။ “အခုက ငါးထောင်ဖိုးလောက်ဝယ်တာနဲ့တင် သုံးလို့အဆင်ပြေနေပြီ” DW ။ လူငယ် တွေကြားထဲမှာမူးယစ်ဆေးပျံနှံမှု အခြေအနေဘယ်လိုရှိလဲ။ […]