စစ်အုပ်ချုပ်ရေးနှင့် တနင်္သာရီ
diz_admin
February 12, 2023စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အကြာတွင် မြန်မာနိုင်ငံရှိ မြို့နယ် ၃၇ ခုကို စစ်အုပ်ချုပ်ရေး အဖြစ်ကြေညာလိုက်သည်။ စစ်အုပ်ချုပ်ရေး ကြေညာသည့် မြို့နယ်များတွင် တနင်္သာရီတိုင်းမှ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့ ပါဝင်ခဲ့သည်။ ယင်းမြို့နယ်များမှာ တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်များ အားကောင်းသည့် ဒေသများလည်းဖြစ်သည်။ စစ်အုပ်ချုပ်ရေး ကြေညာအပြီးတွင် ယင်းမြို့နယ်များ၌ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီး တိုက်ပွဲများနှင့်အတူ နေအိမ်မီးရှို့မှုများလည်း ပိုမိုဖြစ်ပွားလာနေသည်။ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနှင့်အတူ ညမထွက်ရအမိန်လည်း ထုတ်ပြန်လိုက်ရာ ဒေသခံပြည်သူများမှာ အခက်အခဲ အကျပ်အတည်း ပိုမိုကြုံတွေ့လာကြရသည်။ ယင်းအခြေအနေများကို သိရှိနိုင်စေရန်အတွက် ယခုအပတ် ‘တနင်္သာရီပုံရိပ်’ အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။ “အခြေအနေက ပိုဆိုးလာတယ်။ တိုက်ပွဲတွေ နေ့တိုင်းဖြစ်လာနေတယ်” ပုလောမြို့နယ်၊ မင်းထိန်ရွာသားတစ်ဦး DW ။ မာရှယ်လောထုတ်ပြီးတဲ့နောက် ရွာမှာအခြေအနေ ဘယ်လိုရှိလဲ။ ဖြေ […]