BREAKING
September 19, 2024

တနင်္သာရီပုံရိပ်

သေနတ်ပြ တောင်းစားနေတဲ့ ဂိတ်တွေ

Dawei Watch

July 16, 2023

စစ်အာဏာသိမ်းပြီးနောက် လုံခြုံရေးအကြောင်းပြကာ ပေါ်ပေါက်လာသည့် ဝါးတားဂိတ်ဟုခေါ်ကြသည့် စစ်ဆေးရေးဂိတ်များတွင် သေနတ်ပြတောင်းစားမှုများမှာ ဂိတ်တိုင်းလိုလိုတွင်ရှိနေသည်။ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် ယူနီဖောင်းဝတ်ထားသူများရှိသလို အရပ်ဝတ်ဖြင့် လက်နက်ကိုင် ထားသူများလည်း ရှိနေသည်။ စစ်ဆေးရေး ဂိတ်ဖြတ်သန်းသွားလာသည့် ပြည်သူများမှာ စစ်ဆေးခံရမှုများရှိသလို ကုန်ပစ္စည်း သို့မဟုတ် ငွေကြေးတောင်းခံမှုများ ကြုံတွေ့နေရသည်။ ပဋိပက္ခဒေသများတွင်မူ ဆန်၊ဆေးအပါအဝင် ရိက္ခာသယ်ယူခွင့် ကန်သတ်ထားမှုကြောင့် မိသားစု စားသောက်ရန်အတွက် ဝယ်ယူထားသည်များကိုပင် ဂိတ်ဖြတ်၍ သယ်ယူနိုင်ရန် ငွေကြေးသို့မဟုတ် ဝယ်ယူလာသော ပစ္စည်းများပေးခဲ့ကြရသည်။ ၎င်းတို့တောင်းသည်များကို မပေးပါက အလွယ်တကူ ဖြတ်သန်းသွားလာ၍ မရသလို အခန့်မသင့်ပါက ပစ္စည်းသိမ်းခံရခြင်း၊ ဖမ်းဆီးခံရခြင်းများပင် ကြုံတွေ့ကြရသည်။ မကြာခဏဖြတ်သန်းသွားလာသူများမှာ အဆင်ပြေပြေ ဖြတ်သန်းနိုင်ရန်အတွက် ဂိတ်တွင်ပေးရန် ကွမ်းယာ၊ ဆေးလိပ်မှစ၍ ပစ္စည်းအချို့ဆောင်ထားကြရသည်။  ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။ […]

လုရာကနေ အသက်ပါရန်ရှာလာတော့

Dawei Watch

July 9, 2023

အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် နေ့ခင်းဘက်အချိန် လူမြင်ကွင်းတွင်ပါ လုယက်သည်အထိ အတင့်ရဲလာကြသည်။ လူပြတ်သည့်နေရာများတွင် ပိုမိုဆိုးရွားပြီး ဆိုင်ကယ်အခိုးခံရခြင်း၊ ဖုန်းလုခြင်း၊ လက်ကိုင်အိတ်လုခြင်း၊ ဆွဲကြိုးလုခြင်း စသဖြင့် ခိုး၊ ဆိုး၊ လုယက်မှုများ နေ့စဉ်နဲ့အမျှ ကြုံတွေ့လာနေခဲ့သည်။ အာဏာသိမ်းနောက်ဆက်တွဲဂယက်အဖြစ် အလုပ်အကိုင်ရှားပါးမှု၊ ငွေကြေးအကျပ်အတည်းအကြား ခိုးဆိုးလုယက်မှုများ ပိုမိုဖြစ်ပွားလာသော်လည်း ထိထိရောက်ရောက် အရေးယူခြင်းမရှိသောကြောင့် ပိုမိုဆိုးရွားလာသည့်သဘော ဖြစ်သည်။ မြို့ခံများကမူ ဒေသတွင်း မူးယစ်ဆေးဝါး ပေါများလာမှုနှင့်အတူ ဆေးသုံးသူများလာခြင်းနှင့် သက်ဆိုင်ရာက အရေးယူမှု မရှိခြင်းတို့ကြောင့် လု၊ယက်မှု ပိုများလာခြင်းဟုဆိုကြသည်။ တနင်္သာရီတိုင်း‌ဒေသကြီးအတွင်း ရေလုပ်ငန်းများ ပေါကြွယ်ဝပြီး ဝင်ငွေကောင်းကြသဖြင့် စီးပွားရေးမြို့တော်ဟု တင်စားခံနေရသည့် မြိတ်မြို့တွင်လည်း အလားတူ လုယက်မှုများနှင့် ရင်ဆိုင်နေကြရသည်။ မြိတ်မြို့ မြစ်ငယ်နဲ့ ကန်ကြီးရပ်ကွက် အတွင်းရှိ ရေကန်ဘောင်တွင် ညဘက်အချိန်များ၌ ချိန်းတွေ့သည့် သမီးရည်းစားတို့ထံမှ […]

ပညာရေးရှေ့ဆက်ခွင့် မရသူတွေ

Dawei Watch

July 2, 2023

စစ်အာဏာသိမ်းမှုနှင့်အတူ ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့် ပြည်သူများမှာ အထွေထွေအကျပ်အတည်းများ ကြုံတွေ့နေရသလို ကလေးများနှင့် လူငယ်များမှာလည်း ပညာရေး ဆုံးရှုံးမှုများ ကြုံတွေ့လာနေရသည်။ ငွေကြေးတတ်နိုင်သူများက မြို့ပေါ်ရှိ ပုဂ္ဂလိကကျောင်းများ၊ နိုင်ငံတကာကျောင်းများနှင့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ကာ ကျောင်းထားမှုများရှိသော်လည်း ငွေကြေးမတတ်နိုင်သူများမှာ ရွေးချယ်စရာမရှိဘဲ ပညာရေးလမ်းကြောင်းကို အချိန်မတန်ခင် စွန့်ခွာသွားကြရပြီဖြစ်သည်။ ငွေကြေးမတတ်နိုင်သူများအတွက် စစ်ကောင်စီက ဖွင့်လှစ်ထားသည့် ကျောင်းများ သို့မဟုတ် NUG (အမျိုးသားညီညွတ်ရေးအစိုးရ) ၏ ကြားကာလပညာရေး အစီအစဉ်အရ ဖွင့်လှစ်ထားသော ကျောင်းများသာ ရွေးချယ်ကြရမည်ဖြစ်သည်။ သို့သော် ကြားကာလပညာရေးအတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများဖြစ်သော အင်တာနက်၊ ကွန်ပျူတာ၊ ဖုန်းစသည်များ ဝယ်ယူရန်အခက်အခဲရှိသော သူများအတွက် စစ်ကောင်စီက ဖွင့်လှစ်သော ကျောင်းများသာ ရွေးချယ်ခွင့်ရှိကြသည်။ ယင်းအခြေအနေများကြောင့် ဆယ်ကျော်သက် လူငယ်အများစုမှာမူ လုပ်ငန်းခွင်သို့ ရောက်ရှိသွားကြသလို အချို့မှာလည်း ထိုင်း၊မလေးရှားနိုင်ငံများသို့ သွားရောက်ကာ […]

အကူအညီလိုနေတဲ့ တောင်ပိုင်းက စစ်ရှောင်တွေ

Dawei Watch

June 25, 2023

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ အိုးအိမ်စွန့်ခွာကာ စစ်ဘေးရှောင်ကြရသူများ ပိုမိုများပြားလာနေသည်။ အာဏာမသိမ်းမီက အေးချမ်းသာယာခဲ့သည့် တနင်္သာရီတိုင်းမှာ ယခုအခါတွင်တော့ နေအိမ်မီးရှို့ ခံရမှုများ၊ သတ်ဖြတ်ခံရမှုများ၊ ကျေးရွားမျာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ စသဖြင့် ပြင်းထန်သည့် ပဋိပက္ခများအတွင်း ကျရောက်နေပြီဖြစ်သည်။ ဒေသခံများမှာလည်း အသက်ဘေးအတွက် ထွက်ပြေးတိမ်းရှောင်ကာ နီးစပ်ရာတောတောင်များ အတွင်းသွားရောက် နေထိုင်သူများရှိသလို ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးအိမ်များတွင် သွားရောက်ရှောင်တိမ်း ကြရသူများလည်းရှိသည်။ အချို့ဒေသများတွင်မူ စစ်ဘေးရှောင် စခန်းအချို့ရှိသဖြင့် စခန်းများတွင် သွားရောက်နေထိုင် နိုင်ကြသော်လည်း ဒေသအများစုတွင် စစ်ဘေးရှောင်စခန်း သတ်သတ်မှတ်မှတ်မရှိကြသဖြင့် အဆင်ပြေသလို နေထိုင်ကြရသည်။ တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ‌လေးသောင်းခန့်ရှိမည်ဟု ခန့်မှန်းထားကြပြီး တိုက်ပွဲဖြစ်ပွားမှု အပေါ်မူတည်၍ စစ်ရှောင်များမှာ အတိုး၊အလျော့ရှိနေသည်။ ယခုလိုမိုးရာသီတွင်တော့ အမိုးအကာလိုအပ်ချက်၊ ဆေးဝါးလိုအပ်ချက်နှင့် စာနပ်ရိက္ခာလိုအပ်ချက်များ ကြီးကြီးမားမားကြုံတွေ့လာရသည်။ […]

ခေတ်စားလာတဲ့ အကွက်ရိုက်မြေ ဘယ်သူတွေနစ်နာနိုင်လဲ

Dawei Watch

June 18, 2023

စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု အားနည်းလာသည်ကို အခွင့်ကောင်းယူကာ ဝိသမလောဘသားများက ပုံစံမျိုးစုံဖြင့် စီးပွားရှာလာကြသည်။ အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းတွင် ခေတ်စားလာသည့် လုပ်ငန်းတစ်ခုမှာ လယ်မြေများကို အကွက်ရိုက်ရောင်းချခြင်းဖြစ်သည်။ အကွက်ရိုက်မြေဟု ခေါ်ဆိုကြသည့် ယင်းမြေများမှ ခိုင်မာမှုမရှိသည့်အတွက် အရှုပ်အရှင်းများသော မြေများဖြစ်ကြသည်။ ယင်းကြောင့်ပင် စျေးသက်သက်သာသာဖြင့် ရောင်းချကြခြင်းဖြစ်ပြီး ဝယ်သူများမှာလည်း စျေးသက်သာသည့် အတွက် အလုအယက်ဝယ်ယူကြခြင်းဖြစ်သည်။ ဥပဒေကြောင်းအရ နားလည်သူများကမူ လယ်မြေများကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားသည် ဆိုသော်လည်း ပြန်မချပေးသည်ကသာ များကြောင်း၊ ယင်းကို လိမ်လည်ကာ အခြားနည်းအသုံးပြုခွင့် လျှောက်ထားပြီးပြီဆိုကာ လိမ်‌ရောင်းနေကြခြင်းဖြစ်ကြောင်း ဆိုကြသည်။ ယင်းအပြင်း တရားစွဲခံရပါကလည်း ပုံစံ ၇ တွင် နာမည်ပေါက်သူကို တရားစွဲခြင်းဖြစ်ပြီး ဝယ်ပြီးမြေဖို့ရောင်းသူ များမှာ ဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်နေကြောင်း နောက်ဆုံးတွင် မူလ လယ်ယာပိုင်ရှင်က တရားစွဲ […]

ကျူရှင်တစ်ခေတ် ဆန်းသစ်ပြန်ပြီ

Dawei Watch

June 13, 2023

စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာတွင် ပညာရေးလောက၌ပြန်ပြီး ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်က ကျူရှင်စနစ်ဖြစ်သည်။ ပြည်သူများမှာ လက်ရှိနိုင်ငံရေး အခြေအနေကြောင့် အကျပ်အတည်း မျိုးစုံကြုံတွေ့နေရပြီး အခက်အခဲများစွာကြားက ကလေးများကို ကျောင်းပို့နိုင်ရေးကြိုးပမ်းချိန်တွင် ကျူရှင်ဆိုသည့် ဝန်ထုပ်ဝန်ပိုးကိုပါ ထပ်ပြီးကြုံတွေ့လာရသည်။ ယခုစာသင်နှစ်တွင် ကျောင်းအပ်သည့် ကလေးများကို ကျူရှင်ထားရန် ဆရာ၊ဆရာမများက ဖိအားပေး ပြောဆိုနေသည်မျိုးပင် ရှိလာနေသည်။ ပညာရေးဌာနကမူ ဆရာ၊ဆရာမများ ကျူရှင်မသင်ရဟု လက်မှတ်ထိုးခိုင်းသည်မျိုး ရှိသော်လည်း ဆရာ၊ဆရာမများဘက်တွင်လည်း လက်ရှိကုန်စျေးနှုန်းဖြင့် ရသည့်လခမလောက်ငှသဖြင့် တတ်သည့် ပညာဖြင့် ကျူရှင်သင်ရသည်ဟု တုံ့ပြန်ပြောဆိုကြသည်။ အမှန်တကယ်လည်း ရသည့်လစာဖြင့် ရပ်တည်ရန် မလွယ်ကူသည့် အခြေအနေဖြစ်နေသည်။ ဆရာဝန်များ ပြင်ပဆေးခန်းထိုင်ကာ ဝင်‌ငွေရှာသည်ကို အပြစ်တင်သူမရှိသော်လည်း ကျောင်းဆရာများ ကျူရှင်သင်ပါက အပြစ်တင်မှုမှာ မတရားဟုလည်း ဆရာမများက တုံ့ပြန်ကြသည်။ ကျူရှင်စနစ်မှာ ငွေကြေးပြေလည်သည့် […]